ယူနုိက္တက္ ေစာေစာစီးစီး အငွားေစလႊတ္ဖြယ္ ရွိတဲ့ လူငယ္ ကစားသမား ေလးဦး
မန္ခ်က္စတာ ယူႏိုက္တက္ဟာ ရာသီသစ္ မစတင္ခင္ အသင္းမွ ယူ၂၃ ကစားသမားေလးေယာက္ကို အငွားေစလႊတ္ဖို႔ ေစာေစာစီးစီးပဲ ျပင္ဆင္ေနပါတယ္။
အဲဒီထဲက တစ္ေယာက္က ကြင္းလယ္ ကစားသမား ဂ်ိမ္းစ္ဂါနာျဖစ္ျပီး ၄င္း ဟာ ေအာက္တိုဘာလတုန္းက ပါတီဇန္နဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ အသင္းႀကီးအတြက္ ပြဲထြက္ကစားေပးခဲ့တာနဲ႔အတူ အသက္၁၉ႏွစ္အ႐ြယ္ ကစားသမားဟာ ဆြမ္ဆီးနဲ႔ ရွက္ဖီးဝမ္းနက္စ္ေဒးတို႔လို ခ်န္ပီယံရွစ္ ကလပ္ေတြဆီကေန စိတ္ဝင္စားမႈကိုရရွိခဲ့ပါတယ္။
ဆိုးလ္ရွားက သူ႔ကို ပါတီဇန္၊ AZ၊ အက္စ္တာနာ၊ ကိုလ္ခ်က္စတာတို႔နဲ႔ ပြဲေတြမွာ ကစားခ်ိန္ေတြ ပိုေပးခဲ့တာနဲ႔အတူ ေနာဝစ္ခ္်နဲ႔ ပရီးမီးယားလိဂ္ ပြဲမွာလဲ လူစားဝင္ကစားခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ပိုင္းမွာ ၿပိဳင္ဆိုင္မႈ ျမင့္မားတာနဲ႔အတူ သူဟာ ဘ႐ူႏိုဖာနန္ဒက္စ္၊ေပါ့ဘာ၊ မက္ေတာ္မီေနးတို႔ ရွိေနတဲ့အတြက္ေၾကာင့္ အသင္းႀကီးမွာ ၎ရဲ႕ေနရာကို ထိန္းသိမ္းႏိုင္ခဲ့ျခင္းမရွိပါဘူး။
ဂါနာဟာ မႏွစ္က ရာသီမွာ ယူ၂၃အသင္းအတြက္ ၁၂ပြဲမွာ ၉ဂိုးသြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္တူးထက္ ပိုႀကီးမားတဲ့စိန္ေခၚမႈအတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတာကိုျပသခဲ့ပါတယ္။
ယူႏိုက္တက္က အငွားခ်ခ်င္ေနတဲ့ေနာက္ထပ္ ကစားသမားတစ္ေယာက္ကေတာ့ ကြင္းလယ္လူ ဒိုင္လန္ လီဗစ္ပဲ ျဖစ္ပါတယ္။ သူဟာ ႏိုဝင္ဘာလတုန္းက အက္စ္တာနာနဲ႔ ၎ရဲ႕ပထမဆုံး စီနီယာပြဲဦးထြက္မွာ အထင္ႀကီးစရာျဖစ္ခဲ့ၿပီး မႏွစ္ကရာသီမွာ ယူ၂၃အသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ခဲ့ပါတယ္။
အသက္၁၉ႏွစ္အ႐ြယ္ ကစားသမားဟာ ဂါနာလိုပဲ ေတာက္ပတဲ့အနာဂတ္အတြက္ ထင္ေၾကးေပးခံခဲ့ရတဲ့သူျဖစ္ၿပီး သူက ခ်န္ပီယံရွစ္မွာ အငွားကစားရာကေန အက်ိဳးရွိရွိအသုံးခ်ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ပုံပါပဲ။
မာတီ ကိုဗာကေတ့ အသင္းႀကီးနဲ႔အတူ ခရီးထြက္ခဲ့တဲ့ဂိုးသမားတစ္ေယာက္ျဖစ္ေပမယ့္ ဆိုးလ္ရွားရဲ႕အသင္းအတြက္ တစ္ပြဲမွ မကစားရေသး ပါဘူး။ သူဟာ မႏွစ္က လူငယ္လိဂ္မွာ ၁၁ပြဲ ပြဲထြက္ကစားၿပီး clean sheet ၅ႀကိမ္ရခဲ့ၿပီး ယူႏိုက္တက္ရဲ႕ EFL ဖလားပြဲေတြ အတြင္း အထင္ႀကီးစရာကာကြယ္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့တာပါ။
ဂိုးသမားေနရာအတြက္ သူ႔ေရွ႕မွာ ေနရာရထားတဲ့သူမ်ားစြာရွိေနတာနဲ႔အတူ အသင္းႀကီးအတြက္ အခြင့္အေရးမရခဲ့ေပမယ့္ သူက ျမင့္မားတဲ့ အရည္အေသြးရွိတဲ့လိဂ္မွာ အငွားကစားရာကေန အက်ိဳးရရွိႏိုင္ပါတယ္။
ဆိုးလ္ရွားက ဒီဂီယာကိုပဲ ဦးစားေပးေနဆဲျဖစ္ၿပီး အရန္ဂိုးသမား ႐ိုမဲ႐ိုးကေတာင္ ပြဲကစားခ်ိန္ရဖို႔႐ုန္းကန္ေနရတာနဲ႔အတူ လီးဂရန္႔က တတိယ ဦးစားေပးဂိုးသမားျဖစ္ၿပီး ဒင္းဟန္ဒါဆန္ကလဲ ရွက္ဖီးကေန အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လာဖို႔ရွိေနတာပါ။ အီသန္လက္ဒ္ကေတာ့ ႏိုဝင္ဘာတုန္းက အက္စ္တာနာနဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး အမ်ားရဲ႕ မ်က္စိက်ခံခဲ့ရပါတယ္။
ခံစစ္ေရာ တိုက္စစ္ကိုပါ ပံ့ပိုးေပးႏိုင္တဲ့ ညာေတာင္ပံ ခံစစ္ကစားသမားရဲ႕စြမ္းေဆာင္ရည္ေတြက အငွားေခၚယူခ်င္တဲ့အသင္းမ်ားစြာရဲ႕စုံစမ္းမႈေတြ ရရွိေစခဲ့တာျဖစ္ပါတယ္။ သူက အသင္းႀကီးနဲ႔လဲ ေလ့က်င့္ေရး ဆင္းခဲ့ေပမယ့္ ေနာက္ရာသီ ဆိုးလ္ရွားရဲ႕အသင္းမွာေနရာရဖို႔ေတာ့ ႐ုန္းကန္ရႏိုင္တာပါ။
၁၈ႏွစ္သာ ရွိေသးတဲ့ ေနာက္ခံလူဟာ မႏွစ္က ဒူးဒဏ္ရာရရွိခဲ့ၿပီး အငွားမသြားခင္ဒဏ္ရာျပႆနာကို အေပ်ာက္ကုသဖို႔ အိုးလ္ထရက္ဖို႔ဒ္မွာ အခ်ိန္ပိုၾကာၾကာရွိေနႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔ကိုအငွားထြက္ကစားဖို႔ခြင့္ျပဳခဲ့ရင္ သူက EFLကလပ္တစ္ခုမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိသူ ျဖစ္လာပါလိမ္မ့ယ္။
တီဒန္ မန္ဂီကေတာ့ လိဂ္ျပန္စၿပီးထဲက အသင္းႀကီးနဲ႔ေလ့က်င့္ေနခဲ့တာနဲ႔အတူ အသက္ ၁၈ႏွစ္အ႐ြယ္ ကစားသမားဟာ ဆက္လက္ တိုးတက္ဖို႔ အတြက္ ကလပ္မွာ ဆက္ရွိေနဦးမယ့္သူ တစ္ေယာက္ ျဖစ္ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီသစ် မစတင်ခင် အသင်းမှ ယူ၂၃ ကစားသမားလေးယောက်ကို အငှားစေလွှတ်ဖို့ စောစောစီးစီးပဲ ပြင်ဆင်နေပါတယ်။
အဲဒီထဲက တစ်ယောက်က ကွင်းလယ် ကစားသမား ဂျိမ်းစ်ဂါနာဖြစ်ပြီး ၎င်း ဟာ အောက်တိုဘာလတုန်းက ပါတီဇန်နဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းကြီးအတွက် ပွဲထွက်ကစားပေးခဲ့တာနဲ့အတူ အသက်၁၉နှစ်အရွယ် ကစားသမားဟာ ဆွမ်ဆီးနဲ့ ရှက်ဖီးဝမ်းနက်စ်ဒေးတို့လို ချန်ပီယံရှစ် ကလပ်တွေဆီကနေ စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။
ဆိုးလ်ရှားက သူ့ကို ပါတီဇန်၊ AZ၊ အက်စ်တာနာ၊ ကိုလ်ချက်စတာတို့နဲ့ ပွဲတွေမှာ ကစားချိန်တွေ ပိုပေးခဲ့တာနဲ့အတူ နောဝစ်ခ်ျနဲ့ ပရီးမီးယားလိဂ် ပွဲမှာလဲ လူစားဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းမှာ ပြိုင်ဆိုင်မှု မြင့်မားတာနဲ့အတူ သူဟာ ဘရူနိုဖာနန်ဒက်စ်၊ပေါ့ဘာ၊ မက်တော်မီနေးတို့ ရှိနေတဲ့အတွက်ကြောင့် အသင်းကြီးမှာ ၎င်းရဲ့နေရာကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။
ဂါနာဟာ မနှစ်က ရာသီမှာ ယူ၂၃အသင်းအတွက် ၁၂ပွဲမှာ ၉ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်တူးထက် ပိုကြီးမားတဲ့စိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကိုပြသခဲ့ပါတယ်။
ယူနိုက်တက်က အငှားချချင်နေတဲ့နောက်ထပ် ကစားသမားတစ်ယောက်ကတော့ ကွင်းလယ်လူ ဒိုင်လန် လီဗစ်ပဲ ဖြစ်ပါတယ်။ သူဟာ နိုဝင်ဘာလတုန်းက အက်စ်တာနာနဲ့ ၎င်းရဲ့ပထမဆုံး စီနီယာပွဲဦးထွက်မှာ အထင်ကြီးစရာဖြစ်ခဲ့ပြီး မနှစ်ကရာသီမှာ ယူ၂၃အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ခဲ့ပါတယ်။
အသက်၁၉နှစ်အရွယ် ကစားသမားဟာ ဂါနာလိုပဲ တောက်ပတဲ့အနာဂတ်အတွက် ထင်ကြေးပေးခံခဲ့ရတဲ့သူဖြစ်ပြီး သူက ချန်ပီယံရှစ်မှာ အငှားကစားရာကနေ အကျိုးရှိရှိအသုံးချနိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပါပဲ။
မာတီ ကိုဗာကတေ့ အသင်းကြီးနဲ့အတူ ခရီးထွက်ခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့် ဆိုးလ်ရှားရဲ့အသင်းအတွက် တစ်ပွဲမှ မကစားရသေးပါဘူး။ သူဟာ မနှစ်က လူငယ်လိဂ်မှာ ၁၁ပွဲ ပွဲထွက်ကစားပြီး clean sheet ၅ကြိမ်ရခဲ့ပြီး ယူနိုက်တက်ရဲ့ EFL ဖလားပွဲတွေ အတွင်း အထင်ကြီးစရာကာကွယ်မှုအချို့ ပြုလုပ်ခဲ့တာပါ။
ဂိုးသမားနေရာအတွက် သူ့ရှေ့မှာ နေရာရထားတဲ့သူများစွာရှိနေတာနဲ့အတူ အသင်းကြီးအတွက် အခွင့်အရေးမရခဲ့ပေမယ့် သူက မြင့်မားတဲ့ အရည်အသွေးရှိတဲ့လိဂ်မှာ အငှားကစားရာကနေ အကျိုးရရှိနိုင်ပါတယ်။
ဆိုးလ်ရှားက ဒီဂီယာကိုပဲ ဦးစားပေးနေဆဲဖြစ်ပြီး အရန်ဂိုးသမား ရိုမဲရိုးကတောင် ပွဲကစားချိန်ရဖို့ရုန်းကန်နေရတာနဲ့အတူ လီးဂရန့်က တတိယ ဦးစားပေးဂိုးသမားဖြစ်ပြီး ဒင်းဟန်ဒါဆန်ကလဲ ရှက်ဖီးကနေ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာဖို့ရှိနေတာပါ။ အီသန်လက်ဒ်ကတော့ နိုဝင်ဘာတုန်းက အက်စ်တာနာနဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး အများရဲ့ မျက်စိကျခံခဲ့ရပါတယ်။
ခံစစ်ရော တိုက်စစ်ကိုပါ ပံ့ပိုးပေးနိုင်တဲ့ ညာတောင်ပံ ခံစစ်ကစားသမားရဲ့စွမ်းဆောင်ရည်တွေက အငှားခေါ်ယူချင်တဲ့အသင်းများစွာရဲ့စုံစမ်းမှုတွေ ရရှိစေခဲ့တာဖြစ်ပါတယ်။ သူက အသင်းကြီးနဲ့လဲ လေ့ကျင့်ရေး ဆင်းခဲ့ပေမယ့် နောက်ရာသီ ဆိုးလ်ရှားရဲ့အသင်းမှာနေရာရဖို့တော့ ရုန်းကန်ရနိုင်တာပါ။
၁၈နှစ်သာ ရှိသေးတဲ့ နောက်ခံလူဟာ မနှစ်က ဒူးဒဏ်ရာရရှိခဲ့ပြီး အငှားမသွားခင်ဒဏ်ရာပြဿနာကို အပျောက်ကုသဖို့ အိုးလ်ထရက်ဖို့ဒ်မှာ အချိန်ပိုကြာကြာရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုအငှားထွက်ကစားဖို့ခွင့်ပြုခဲ့ရင် သူက EFLကလပ်တစ်ခုမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိသူ ဖြစ်လာပါလိမ်မ့ယ်။
တီဒန် မန်ဂီကတော့ လိဂ်ပြန်စပြီးထဲက အသင်းကြီးနဲ့လေ့ကျင့်နေခဲ့တာနဲ့အတူ အသက် ၁၈နှစ်အရွယ် ကစားသမားဟာ ဆက်လက် တိုးတက်ဖို့ အတွက် ကလပ်မှာ ဆက်ရှိနေဦးမယ့်သူ တစ်ယောက် ဖြစ်ပါတယ်။