ဘရူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကန္တဲ့ လွ်ိဳ႕၀ွက္ခ်က္ကို ေဖာ္ထုတ္လိုက္တဲ့ ဂိုးသမား

ကြင္းလယ္ တိုက္စစ္သမား ဘရူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကန္ခ်က္ကို ေနာက္ဆံုး ကာကြယ္ခဲ့တဲ့ ဂိုးသမားက ပရီးမီးယားလိဂ္ ဂိုးသမားေတြကို အၾကံေပးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ကို ေရာက္လာျပီးေနာက္ အေကာင္းဆံုး ပင္နယ္တီ မွတ္တမ္းကို ပုိင္ဆုိင္ထားျပီး ျပီးခဲ့တဲ့ ပင္နယ္တီ ၁၇ၾကိမ္စလံုးကို ၀င္ေအာင္ ကန္သြင္းထားႏိုင္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကို ေနာက္ဆံုးကာကြယ္ႏုိင္သူကေတာ့ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလက စပုိ႔တင္းနဲ႔ ပဲြမွာ ကာကြယ္ခဲ့သူ ေလာရက္စ္ ဂိုးသမား မီဂြယ္ ဆြာေရးစ္ပဲ ျဖစ္ပါတယ္။ ဆြာေရးက ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကို ကာကြယ္ခဲ့ပံုအား ျပန္ေျပာျပခဲ့ျပီး ေပၚတူဂီသားဟာ ကန္သြင္းခ်ိန္မွာ ဂိုးသမားကို အျမဲၾကည့္တတ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဆြာေရးစ္က”အဲ့ဒီကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့ခ်ိန္က တကယ္ကို ၾကီးက်ယ္တဲ့ အခိုက္အတန္႔ပါ။ လွ်ိဳ႕၀ွက္ခ်က္ကေတာ့ ကြ်န္ေတာ္ ဘယ္ဘက္ကို နည္းနည္းေလး ေရႊ႕လိုက္တာပါ။ ဘရူႏိုက ပင္နယ္တီကန္ရင္ ဂိုးသမားကို ၾကည့္တတ္ပါတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္လည္း ျပန္ၾကည့္ခဲ့ျပီး ဘယ္ဘက္ကို လွဲမလိုနဲ႔ ဖိန္႔ျပီး ညာဘက္ကို လွဲခဲ့တာပါ။

ဘရူႏုိ ဆံုးျဖတ္ခ်တာ ၾကာသထက္ၾကာေအာင္ လုပ္ခဲ့ပါတယ္။ သူ ကန္တာကို လြယ္ကူေအာင္ မလုပ္ေပးခဲ့ပါဘူး။ ကြ်န္ေတာ္တို႔ စပုိ႔တင္းကို အခ်ိန္ပုိထိိ ေခၚသြားႏုိင္ခဲ့ျပီး ပဲြျပီးခ်ိန္မွာ ၂-၁န႔ဲ သူတို႔ ႏုိင္ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

လက္ရွိ ပီရို ပင္ဟီရိုမွာ ကစားေနတဲ့ ဆြာေရးစ္က ၂၅ႏွစ္သားဟာ အုိးထရက္ဖို႔ဒ္မွာ ဆက္ျပီး ခုိင္မာတဲ့ ဘ၀တည္ေဆာက္တာကို ျမင္ခ်င္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

“ဘရူႏုိ ပရီးမီးယားလိဂ္မွာ ပင္နယ္တီေတြ ဆက္ျပီး သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ တစ္ခ်ိန္ခ်ိန္မွာ လဲြဦးမွာ ျဖစ္ေပမဲ့ ကြ်န္ေတာ့္အတြက္ ပုိေကာင္းေစဖို႔ သူ အခ်ိန္အၾကာၾကီး ပင္နယ္တီ မလြဲဖုိ႔ ဆုေတာင္းေနပါတယ္။ စပုိ႔တင္းနဲ႔ ပဲြတုန္းက သူ႕ရဲ႕ အကႌ်ကို ကြ်န္ေတာ္ မရခဲ့ေပမဲ့ အခု ယူႏုိက္တက္ အကႌ်တစ္ထည္ေလာက္ေတာ့ ကြ်န္ေတာ္ ရခ်င္ပါေသးတယ္။ ကြ်န္ေတာ္ သူ႕ကို ျပိဳင္ဘက္အေနနဲ႔ ရင္ဆုိင္ခဲ့ေပမဲ့ သူ႕ရဲ႕ အမာခံပရိသတ္ပါ”လို႔ ဆိုပါတယ္။

ဖာနန္ဒက္စ္ဟာ ကစားသမားဘ၀တစ္ေလ်ာက္ ပင္နယ္တီ ၂၈လံုးကန္ရာမွာ ၂၆လံုး၀င္ခဲ့ျပီး ဂိုးသမားေတြရဲ႕ Mind Games ေတြကို ၾကိဳဆုိေၾကာင္း ေျပာထားခဲ့ပါတယ္။ ယူႏုိက္တက္အသင္းဟာ ဗုဒၶဟူးေန႔မွာ LASK အသင္းနဲ႔ ယူရိုပါလိဂ္ ၁၆သင္း အဆင့္ ဒုတိယအေက်ာ့ပဲြစဥ္ ကစားရမွာ ျဖစ္ပါတယ္။

Uni – ကွင်းလယ် တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်ချက်ကို နောက်ဆုံး ကာကွယ်ခဲ့တဲ့ ဂိုးသမားက ပရီးမီးယားလိဂ် ဂိုးသမားတွေကို အကြံပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက် အကောင်းဆုံး ပင်နယ်တီ မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ ပင်နယ်တီ ၁၇ကြိမ်စလုံးကို ဝင်အောင် ကန်သွင်းထားနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကို နောက်ဆုံးကာကွယ်နိုင်သူကတော့ ၂၀၁၈ခုနှစ် အောက်တိုဘာလက စပို့တင်းနဲ့ ပွဲမှာ ကာကွယ်ခဲ့သူ လောရက်စ် ဂိုးသမား မီဂွယ် ဆွာရေးစ်ပဲ ဖြစ်ပါတယ်။ ဆွာရေးက ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့ပုံအား ပြန်ပြောပြခဲ့ပြီး ပေါ်တူဂီသားဟာ ကန်သွင်းချိန်မှာ ဂိုးသမားကို အမြဲကြည့်တတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆွာရေးစ်က”အဲ့ဒီကာကွယ်မှု ပြုလုပ်နိုင်ခဲ့ချိန်က တကယ်ကို ကြီးကျယ်တဲ့ အခိုက်အတန့်ပါ။ လျှို့ဝှက်ချက်ကတော့ ကျွန်တော် ဘယ်ဘက်ကို နည်းနည်းလေး ရွှေ့လိုက်တာပါ။ ဘရူနိုက ပင်နယ်တီကန်ရင် ဂိုးသမားကို ကြည့်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ပြန်ကြည့်ခဲ့ပြီး ဘယ်ဘက်ကို လှဲမလိုနဲ့ ဖိန့်ပြီး ညာဘက်ကို လှဲခဲ့တာပါ။

ဘရူနို ဆုံးဖြတ်ချတာ ကြာသထက်ကြာအောင် လုပ်ခဲ့ပါတယ်။ သူ ကန်တာကို လွယ်ကူအောင် မလုပ်ပေးခဲ့ပါဘူး။ ကျွန်တော်တို့ စပို့တင်းကို အချိန်ပိုထိ ခေါ်သွားနိုင်ခဲ့ပြီး ပွဲပြီးချိန်မှာ ၂-၁နဲ့ သူတို့ နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

လက်ရှိ ပီရို ပင်ဟီရိုမှာ ကစားနေတဲ့ ဆွာရေးစ်က ၂၅နှစ်သားဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ပြီး ခိုင်မာတဲ့ ဘဝတည်ဆောက်တာကို မြင်ချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“ဘရူနို ပရီးမီးယားလိဂ်မှာ ပင်နယ်တီတွေ ဆက်ပြီး သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ တစ်ချိန်ချိန်မှာ လွဲဦးမှာ ဖြစ်ပေမဲ့ ကျွန်တော့်အတွက် ပိုကောင်းစေဖို့ သူ အချိန်အကြာကြီး ပင်နယ်တီ မလွဲဖို့ ဆုတောင်းနေပါတယ်။ စပို့တင်းနဲ့ ပွဲတုန်းက သူ့ရဲ့ အင်္ကျီကို ကျွန်တော် မရခဲ့ပေမဲ့ အခု ယူနိုက်တက် အင်္ကျီတစ်ထည်လောက်တော့ ကျွန်တော် ရချင်ပါသေးတယ်။ ကျွန်တော် သူ့ကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ခဲ့ပေမဲ့ သူ့ရဲ့ အမာခံပရိသတ်ပါ”လို့ ဆိုပါတယ်။

ဖာနန်ဒက်စ်ဟာ ကစားသမားဘဝတစ်လျောက် ပင်နယ်တီ ၂၈လုံးကန်ရာမှာ ၂၆လုံးဝင်ခဲ့ပြီး ဂိုးသမားတွေရဲ့ Mind Games တွေကို ကြိုဆိုကြောင်း ပြောထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ LASK အသင်းနဲ့ ယူရိုပါလိဂ် ၁၆သင်း အဆင့် ဒုတိယအကျော့ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။