အာဆင္နယ္ နည္းလမ္းနဲ႕ ဆန္ခ်ိဳကို ေခၚယူဖို႔ ယူနုိက္တက္ ညွိနိႈင္းမွဳ ေအာင္ျမင္ဖြယ္ ရွိလာ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဂ်ာမန္ထိပ္တန္းကလပ္ ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္ကစားသမားေလး ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ရာ ပိုမိုနီးစပ္လာခဲ့ၿပီလို႔ပဲ ဆိုရေတာ့မွာ ျဖစ္ပါတယ္။ ေတာင္ပံ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ေနတဲ့ နည္းျပဆိုးရွားအေနနဲ႔ အရည္အေသြးျမင့္ ၿဗိတိန္သားတစ္ဦးကို ရွာေဖြေနၿပီး အသက္ ၂၀ႏွစ္သားေလးရဲ႕ အရည္အေသြးေတြက သူလိုခ်င္တဲ့အခ်က္ေတြနဲ႔ ကြက္တိ ျဖစ္ေနခဲ့တာပါ။

အဂၤလန္သားေလးဟာ ဒီဘက္ႏွစ္ပိုင္းေတြမွာ ဂ်ာမန္ေျမမွာ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသထားႏိုင္ခဲ့တဲ့ ၾကယ္ပြင့္ေလးျဖစ္ၿပီး ဥေရာပထိပ္တန္းကလပ္အသင္းအမ်ားစုရဲ႕ စိတ္ဝင္စားမႈကို ရရွိေနသူလည္း ျဖစ္ပါတယ္။ ထိုထဲကမွ မန္ယူႏိုက္တက္အသင္းက အေလးအနက္ႀကိဳးစားေနခဲ့တာျဖစ္ၿပီး လက္ရွိေႏြေဈးကြက္တေလွ်ာက္လုံးမွာ ေဒါ့မြန္အသင္းဆီ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ယူနိုက္တက္က ဆန္ခ်ိဳကို နံပါတ္ ၁ ပစ္မွတ္အျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္ၿပီး အမႈေဆာင္ခ်ဳပ္အက္ဒ္ဝုဒ္ဝက္ဒ္ကို အေျပာင္းအေ႐ႊ႕ အလ်င္အျမန္ အေကာင္အထည္ေဖာ္ဖို႔ တြန္းအားေပးထားခဲ့ပါတယ္။

ေဒါ့မြန္အသင္းဟာ သူတို႔ရဲ႕ တိုက္စစ္ၾကယ္ပြင့္ေလးအတြက္ ယူ႐ိုသန္း ၁၂၀ ေဈးေခၚထားတာေၾကာင့္ မန္ယူႏိုက္တက္အတြက္ အခက္ျဖစ္လာခဲ့ေပမဲ့ ဂ်ာမန္သတင္းဌာန Bild ကေတာ့ ယူႏိုက္တက္ဟာ လက္ရွိအခ်ိန္မွာ အဆိုပါေၾကးကို ေပးေခ်ဖို႔ ဆုံးျဖတ္ခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒါေပမဲ့လည္း ယူ႐ိုသန္း ၁၂၀ကို အရစ္က်စနစ္နဲ႔ ေပးေခ်သြားမွာျဖစ္ၿပီး သန္း ၇၀တစ္ႀကိမ္၊ သန္း ၃၀တစ္ႀကိမ္နဲ႔ သန္း ၂၀တစ္ႀကိမ္ဆီ ခြဲေပးသြားမယ္လို႔ သိရပါတယ္။ ထိုသို႔ ေျပာင္းေရႊ႕ေၾကးျမင့္ ကစားသမားကို အရစ္က် ေပး ေခၚယူမႈမ်ိဳး ပရီးမီးယားလိဂ္မွာ အာဆင္နယ္အသင္း ျပဳလုပ္ေလ့ ရွိျပီး ျပီးခဲ့တဲ့ေႏြကပဲ နစ္ကိုးလပ္စ္ ပီပီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္း ကို ကလပ္စံခ်ိန္တင္ေၾကး ေပးကာ ေခၚယူခဲ့ပါတယ္။ ထိုပမာဏကို ဂန္းနားေတြက ၅ နွစ္ အရစ္က် ေပးေခ်မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယူနုိက္တက္ကလည္း ေျပာင္းေရႊ႕ေၾကးျမင့္မားေနတဲ့ ဆန္ခ်ိဳကို ေစ်းေလွ်ာ့ဖို႔ ညွိနိႈင္းမရတဲ့ေနာက္ အရစ္က် ေပးေခ်မႈ ျပဳလုပ္ရန္ ေဒါ့မြန္ကို ညွိနိႈင္းေနခဲ့တာပါ။ ေဒါ့မြန္အသင္းအေနနဲ႔လည္း အဆိုပါ အရစ္က်ေပးေခ်မႈနဲ႔ ပတ္သက္လို႔ ျပႆနာမရွိဘဲ ၾကည္ၾကည္သာသာပဲ လက္ခံေတာ့မယ္လို႔ သိရၿပီး အဆင္ေျပဖို႔ နီးစပ္လာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ တရားဝင္ကမ္းလွမ္းမႈမ်ိဳး မရွိေသးေပမဲ့ ဒီရက္ပိုင္းအတြင္းမွာတင္ မန္ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈ ေရာက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရၿပီး ေဒါ့မြန္ကေတာ့ ကမ္းလွမ္းမႈ တရား၀င္ ျပဳလုပ္ဖို႔ ၾသဂုတ္လ ၁၀ရက္ေန႔အထိ အခ်ိန္ေပးထားတယ္လို႔ သိရပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန်ထိပ်တန်းကလပ် ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကစားသမားလေး ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ရာ ပိုမိုနီးစပ်လာခဲ့ပြီလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ တောင်ပံ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတဲ့ နည်းပြဆိုးရှားအနေနဲ့ အရည်အသွေးမြင့် ဗြိတိန်သားတစ်ဦးကို ရှာဖွေနေပြီး အသက် ၂၀နှစ်သားလေးရဲ့ အရည်အသွေးတွေက သူလိုချင်တဲ့အချက်တွေနဲ့ ကွက်တိ ဖြစ်နေခဲ့တာပါ။

အင်္ဂလန်သားလေးဟာ ဒီဘက်နှစ်ပိုင်းတွေမှာ ဂျာမန်မြေမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားနိုင်ခဲ့တဲ့ ကြယ်ပွင့်လေးဖြစ်ပြီး ဥရောပထိပ်တန်းကလပ်အသင်းအများစုရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ ထိုထဲကမှ မန်ယူနိုက်တက်အသင်းက အလေးအနက်ကြိုးစားနေခဲ့တာဖြစ်ပြီး လက်ရှိနွေဈေးကွက်တလျှောက်လုံးမှာ ဒေါ့မွန်အသင်းဆီ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး အမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်ကို အပြောင်းအရွှေ့ အလျင်အမြန် အကောင်အထည်ဖော်ဖို့ တွန်းအားပေးထားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ကြယ်ပွင့်လေးအတွက် ယူရိုသန်း ၁၂၀ ဈေးခေါ်ထားတာကြောင့် မန်ယူနိုက်တက်အတွက် အခက်ဖြစ်လာခဲ့ပေမဲ့ ဂျာမန်သတင်းဌာန Bild ကတော့ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အဆိုပါကြေးကို ပေးချေဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ယူရိုသန်း ၁၂၀ကို အရစ်ကျစနစ်နဲ့ ပေးချေသွားမှာဖြစ်ပြီး သန်း ၇၀တစ်ကြိမ်၊ သန်း ၃၀တစ်ကြိမ်နဲ့ သန်း ၂၀တစ်ကြိမ်ဆီ ခွဲပေးသွားမယ်လို့ သိရပါတယ်။ ထိုသို့ ပြောင်းရွှေ့ကြေးမြင့် ကစားသမားကို အရစ်ကျ ပေး ခေါ်ယူမှုမျိုး ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ပြုလုပ်လေ့ ရှိပြီး ပြီးခဲ့တဲ့နွေကပဲ နစ်ကိုးလပ်စ် ပီပီကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း ကို ကလပ်စံချိန်တင်ကြေး ပေးကာ ခေါ်ယူခဲ့ပါတယ်။ ထိုပမာဏကို ဂန်းနားတွေက ၅ နှစ် အရစ်ကျ ပေးချေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ကလည်း ပြောင်းရွှေ့ကြေးမြင့်မားနေတဲ့ ဆန်ချိုကို ဈေးလျှော့ဖို့ ညှိနှိုင်းမရတဲ့နောက် အရစ်ကျ ပေးချေမှု ပြုလုပ်ရန် ဒေါ့မွန်ကို ညှိနှိုင်းနေခဲ့တာပါ။ ဒေါ့မွန်အသင်းအနေနဲ့လည်း အဆိုပါ အရစ်ကျပေးချေမှုနဲ့ ပတ်သက်လို့ ပြဿနာမရှိဘဲ ကြည်ကြည်သာသာပဲ လက်ခံတော့မယ်လို့ သိရပြီး အဆင်ပြေဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တရားဝင်ကမ်းလှမ်းမှုမျိုး မရှိသေးပေမဲ့ ဒီရက်ပိုင်းအတွင်းမှာတင် မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပြီး ဒေါ့မွန်ကတော့ ကမ်းလှမ်းမှု တရားဝင် ပြုလုပ်ဖို့ သြဂုတ်လ ၁၀ရက်နေ့အထိ အချိန်ပေးထားတယ်လို့ သိရပါတယ်။