အိမ္ကြင္း ဝတ္စံုသစ္ကို ပြဲထုတ္ ၀တ္ဆင္ကစားေတာ့မယ့္ မန္ခ်က္စတာ ယူႏိုက္တက္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ အိမ္ကြင္းဝတ္စံုသစ္ကို စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး မနက္ ျဖန္မွာ ကစားမယ့္ LASK နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာေတာ့ ပထမဆံုးအႀကိမ္ အျဖစ္ ဝတ္ဆင္ကစားမယ္လို႔ သိရပါတယ္။

အက်ႌသစ္ရဲ႕ ဒီဇိုင္းပံုစံမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ အမွတ္အသားျဖစ္တဲ့ အနီေရာင္ကို အေျခခံထားၿပီး အက္ဒီး ဒက္စ္ရဲ႕ အမွတ္တံဆိပ္ျဖစ္တဲ့ လိုင္း ၃လိုင္းကိုေတာ့ ပခံုးေနရာမွာ ထည့္သြင္း ခ်ဳပ္ထားတာျဖစ္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ဒီအက်ႌအနီကို ေဘာင္းဘီအျဖဴ ၊ေျခအိတ္အနက္ေရာင္တို႔နဲ႔ တြဲဖက္ၿပီး ဝတ္ဆင္ကစားမွာပဲ ျဖစ္ပါတယ္။

အက္ဒီးဒက္စ္ရဲ႕ တာဝန္ရွိသူတစ္ဦးကေတာ့ ယူႏိုက္တက္အသင္းရဲ႕အက်ႌပံုစံအသစ္ကို နည္းျပဆိုးလ္ရွားရဲ႕ အလို ရွိတဲ့အတိုင္း လုပ္ေဆာင္ေပးခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အက်ႌရဲ႕ အထည္သားအေနနဲ႔ အပူဒဏ္ကို ခံႏိုင္ေအာင္ အပါးသားနဲ႔ ထုတ္လုပ္ထားတယ္လို႔လည္း တာဝန္ရွိသူ တစ္ဦးကေျပာခဲ့ပါတယ္။

အက္ဒီးဒက္စ္ရဲ႕ ဒီဇိုင္းဒါ႐ိုက္တာ အိုင္နီဂိုတူနာကေတာ့ “ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဒီရာသီမွာအသင္းရဲ႕ တန္ဖိုးကို ရွာေဖြ ႏိုင္ခဲ့သလို ပရိသတ္ေတြနဲ႔လည္း အေကာင္းဆံုးခ်ိတ္ဆက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီလိုမ်ိဳးအဓိပၸါယ္ေတြနဲ႔အတူ အသင္းရဲ႕ အက်ႌအသစ္ကို ဖန္တီးခဲ့တာပါ။ အက်ႌရဲ႕ပံုစံအရ အပူဒဏ္ကို ခံႏိုင္မွာျဖစ္လို႔ ကစားသမားေတြအေနနဲ႔ ယံုၾကည္မႈရွိရွိ က စားႏိုင္မွာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ ပြဲစဥ္အျဖစ္ LASKနဲ႔ ကစားဖို႔ရွိေနတာျဖစ္ၿပီး ပထမအ ေက်ာ့က ငါးဂိုးျပတ္နဲ႔အႏိုင္ရထားတာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ တက္ဖို႔မ်ားေနတာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္မွာ ယူႏိုက္တက္ ဟာ ကိုပင္ေဟဂင္- ဆာဆက္ဆီဟာ အတြဲမွ အႏိုင္ရတဲ့ အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။ ဒီႏွစ္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္က ဗိုလ္စြဲဖို႔အတြက္ ေရပန္းအစားဆံုးျဖစ္ေနတယ္ လို႔ သိရပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး မနက် ဖြန်မှာ ကစားမယ့် LASK နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ပထမဆုံးအကြိမ် အဖြစ် ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။

အင်္ကျီသစ်ရဲ့ ဒီဇိုင်းပုံစံမှာတော့ ယူနိုက်တက်အသင်းရဲ့ အမှတ်အသားဖြစ်တဲ့ အနီရောင်ကို အခြေခံထားပြီး အက်ဒီး ဒက်စ်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ လိုင်း ၃လိုင်းကိုတော့ ပခုံးနေရာမှာ ထည့်သွင်း ချုပ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီအင်္ကျီအနီကို ဘောင်းဘီအဖြူ ၊ခြေအိတ်အနက်ရောင်တို့နဲ့ တွဲဖက်ပြီး ဝတ်ဆင်ကစားမှာပဲ ဖြစ်ပါတယ်။

အက်ဒီးဒက်စ်ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ယူနိုက်တက်အသင်းရဲ့အင်္ကျီပုံစံအသစ်ကို နည်းပြဆိုးလ်ရှားရဲ့ အလို ရှိတဲ့အတိုင်း လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အင်္ကျီရဲ့ အထည်သားအနေနဲ့ အပူဒဏ်ကို ခံနိုင်အောင် အပါးသားနဲ့ ထုတ်လုပ်ထားတယ်လို့လည်း တာဝန်ရှိသူ တစ်ဦးကပြောခဲ့ပါတယ်။

အက်ဒီးဒက်စ်ရဲ့ ဒီဇိုင်းဒါရိုက်တာ အိုင်နီဂိုတူနာကတော့ “ နည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီရာသီမှာအသင်းရဲ့ တန်ဖိုးကို ရှာဖွေ နိုင်ခဲ့သလို ပရိသတ်တွေနဲ့လည်း အကောင်းဆုံးချိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအဓိပ္ပါယ်တွေနဲ့အတူ အသင်းရဲ့ အင်္ကျီအသစ်ကို ဖန်တီးခဲ့တာပါ။ အင်္ကျီရဲ့ပုံစံအရ အပူဒဏ်ကို ခံနိုင်မှာဖြစ်လို့ ကစားသမားတွေအနေနဲ့ ယုံကြည်မှုရှိရှိ က စားနိုင်မှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် LASKနဲ့ ကစားဖို့ရှိနေတာဖြစ်ပြီး ပထမအ ကျော့က ငါးဂိုးပြတ်နဲ့အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်အဆင့် တက်ဖို့များနေတာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ ယူနိုက်တက် ဟာ ကိုပင်ဟေဂင်- ဆာဆက်ဆီဟာ အတွဲမှ အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတယ် လို့ သိရပါတယ်။