ယူနိက္တက္ကို လက္ျပနႈတ္ဆက္သြားခဲ့ျပီ ျဖစ္တဲ့ အကယ္ဒမီ ၾကယ္ပြင့္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီကထြက္ေပၚလာခဲ့တဲ့ ကြင္းလယ္ၾကယ္ပြင့္အိန္ဂ်ယ္ဂိုမက္စ္ဟာ လိုင္လီအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ေပၚတူဂီကလပ္ ဘိုအာဗစၥတာအသင္းကို အငွားနဲ႔သြားေရာက္ကစားေတာ့မယ္လို႔ သိရပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမားဟာ ျပင္သစ္ကလပ္အတြက္ ခ်က္ခ်င္းကစားရဥိးမွာမဟုတ္ဘဲ ေပၚတူဂီကလပ္ကို အငွားခ်ခံခဲ့ရတာျဖစ္ပါတယ္။
ဇူလိုင္လ ၁ ရက္ေန႔မွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီး စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈကို ဂိုမက္စ္က ျငင္းဆန္ခဲ့တယ္လို႔ စကိုင္းစေပါ့ သတင္း က ေဖာ္ျပခဲ့ပါတယ္။ အသင္းႀကီးမွာ ပါဝင္ကစားခြင့္ရွားပါးခဲ့တဲ့ေနာက္ ဒီကြင္းလယ္လူက အသင္းကထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အင္စတာဂရမ္ကတဆင့္ အသင္းကို ႏႈတ္ဆက္စကားလည္း ဆိုခဲ့ပါတယ္။
“အခုခ်ိန္က ကြၽန္ေတာ့္အတြက္ ေနာက္တဆင့္ကိုသြားရေတာ့မွာပါ၊ ကလပ္အသင္းနဲ႔ အသင္းမွာရွိေနတဲ့အားလုံး အေကာင္းဆုံးျဖစ္ၾကပါေစလို႔ ကြၽန္ေတာ္ဆႏၵျပဳပါတယ္၊ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ ဂိုမက္စ္က ေရးသားေျပာဆိုခဲ့ပါတယ္။
အသက္ငါးႏွစ္အ႐ြယ္ကတည္းက ယူႏိုက္တက္ကိုေရာက္ရွိခဲ့တဲ့ ဂိုမက္စ္ဟာ ၂၀၁၇ ေမလအတြင္းမွာ အသင္းႀကီးအတြက္ စတင္ကစားခြင့္ရရွိခဲ့ပါတယ္။ ဒါဟာ ၁၉၅၃ ခုႏွစ္ေနာက္ပိုင္းမွာ ယူႏိုက္တက္အတြက္ အသက္အငယ္ဆုံးပြဲထြက္ခြင့္ရသူအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး သူ႔ရဲ႕ အသက္ ၁၆ ႏွစ္နဲ႔ ၂၆၃ ရက္မွာ ကစားခဲ့ရတာလည္းျဖစ္ပါတယ္။
အဂၤလန္ယူ၁၇ အသင္းနဲ႔အတူ ၂၀၁၇ လူငယ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ေပမယ့္လည္း ဂိုမက္စ္အတြက္ ယူႏိုက္တက္အသင္းႀကီးမွာ ပြဲထြက္ခြင့္က အကန႔္အသတ္နဲ႔သာ ရွိေနခဲ့ပါတယ္။ ဆိုးလ္ရွားအသင္းကို ေရာက္ရွိလာၿပီးေနာက္ ဂိုမက္စ္က စုစုေပါင္းမွ ၈ ပြဲတည္းသာ ကစားခြင့္ရခဲ့ၿပီး ပြဲထြက္ခြင့္လုံးဝမရခဲ့ဘဲ လူစားဝင္ကစားသမားအျဖစ္နဲ႔သာရွိေနခဲ့တာပါ။
ယူႏိုက္တက္ကေတာ့ ဂိုမက္စ္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားလိုေပမယ့္ ကစားသမားဘက္က ျငင္းဆန္ခဲ့တဲ့ေနာက္မွာ အခုလို လက္ေလွ်ာ့ခဲ့ရတာ ျဖစ္ပါတယ္။
Uni – မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကထွက်ပေါ်လာခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်အိန်ဂျယ်ဂိုမက်စ်ဟာ လိုင်လီအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပေါ်တူဂီကလပ် ဘိုအာဗစ္စတာအသင်းကို အငှားနဲ့သွားရောက်ကစားတော့မယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြင်သစ်ကလပ်အတွက် ချက်ချင်းကစားရဥိးမှာမဟုတ်ဘဲ ပေါ်တူဂီကလပ်ကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို ဂိုမက်စ်က ငြင်းဆန်ခဲ့တယ်လို့ စကိုင်းစပေါ့ သတင်း က ဖော်ပြခဲ့ပါတယ်။ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရှားပါးခဲ့တဲ့နောက် ဒီကွင်းလယ်လူက အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသင်းကို နှုတ်ဆက်စကားလည်း ဆိုခဲ့ပါတယ်။
“အခုချိန်က ကျွန်တော့်အတွက် နောက်တဆင့်ကိုသွားရတော့မှာပါ၊ ကလပ်အသင်းနဲ့ အသင်းမှာရှိနေတဲ့အားလုံး အကောင်းဆုံးဖြစ်ကြပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်၊ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဂိုမက်စ်က ရေးသားပြောဆိုခဲ့ပါတယ်။
အသက်ငါးနှစ်အရွယ်ကတည်းက ယူနိုက်တက်ကိုရောက်ရှိခဲ့တဲ့ ဂိုမက်စ်ဟာ ၂၀၁၇ မေလအတွင်းမှာ အသင်းကြီးအတွက် စတင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါဟာ ၁၉၅၃ ခုနှစ်နောက်ပိုင်းမှာ ယူနိုက်တက်အတွက် အသက်အငယ်ဆုံးပွဲထွက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ အသက် ၁၆ နှစ်နဲ့ ၂၆၃ ရက်မှာ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။
အင်္ဂလန်ယူ၁၇ အသင်းနဲ့အတူ ၂၀၁၇ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့်လည်း ဂိုမက်စ်အတွက် ယူနိုက်တက်အသင်းကြီးမှာ ပွဲထွက်ခွင့်က အကန့်အသတ်နဲ့သာ ရှိနေခဲ့ပါတယ်။ ဆိုးလ်ရှားအသင်းကို ရောက်ရှိလာပြီးနောက် ဂိုမက်စ်က စုစုပေါင်းမှ ၈ ပွဲတည်းသာ ကစားခွင့်ရခဲ့ပြီး ပွဲထွက်ခွင့်လုံးဝမရခဲ့ဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာရှိနေခဲ့တာပါ။
ယူနိုက်တက်ကတော့ ဂိုမက်စ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တဲ့နောက်မှာ အခုလို လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။