စေမာလင္းနဲ႕ ယူနုိက္တက္ အနာဂတ္ အေၾကာင္း ထုတ္ေဖာ္ ေျပာလာတဲ့ နည္းျပ ဆိုးရွား
႐ိုးမားအသင္းမွာ အငွါးသြားေရာက္ကစားလ်က္ရွိေနတဲ့ ေနာက္ခံလူစေမာလင္းဟာ အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔မရွိဘဲ မန္ယူနိုက္တက္ အသင္းမွာပဲ ဆက္ရွိေနမယ္လို႔ နည္းျပဆိုးလ္ရွားက အရိပ္အႁမြက္ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
ယူနုိက္တက္ ကစားသမားဘဝ ဆယ္စုႏွစ္တစ္ခုၾကာကာလအတြင္းမွာ ေဝဖန္မႈေတြမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရသူ စေမာလင္းဟာ ႐ိုးမားအသင္းထံ တစ္ရာသီ အငွါးစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ကစားခဲ့ရာမွာေတာ့ အထူးေျခစြမ္းျပ ကစားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
စေမာလင္းဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ႐ိုးမားအသင္းရဲ႕ အဓိကကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနခဲ့ၿပီး ၿပိဳင္ပြဲစုံ ၃၇ ပြဲပါဝင္ကစားခဲ့ရာမွာ ၃ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ႐ိုးမားအသင္းကလည္း စေမာလင္းကို အၿပီးသတ္ေခၚယူဖို႔ ဆႏၵရွိခဲ့ေပမယ့္ ယူနုိက္တက္နဲ႔ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းရာမွာ အဆင္မေျပတာေၾကာင့္ အျပီးသတ္ အေျပာင္းအေရႊ႕ မျဖစ္ခဲ့ပါဘူး။
ဒါေၾကာင့္ အသင္းထံ ျပန္လာေတာ့မယ့္ စေမာလင္းအေနနဲ႔ လာမယ့္ႏွစ္ေဘာလုံးရာသီမွာလည္း ယူနုိက္တက္ အသင္းမွာပဲ ဆက္ရွိေနမယ္လို႔ နည္းျပဆိုးလ္ရွားက အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။
“စေမာလင္းဟာ မန္ယူကစားသမားဘဝတစ္ေလွ်ာက္မွာ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ကစားခဲ့သူျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ အားလုံး သိထားၾကပါတယ္။ ဒီႏွစ္ ေဘာလုံးရာသီမွာေတာ့ သူ႔အေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ ႐ိုးမားကို အငွါးသြားကစားဖို႔ျဖစ္လာပါတယ္။ ကြၽန္ေတာ့္အေနနဲ႔လည္း မက္ဂြဲယား၊ လင္ဒီေလာ့ဖ္၊ ဘိုင္လီနဲ႔ တြမ္ဇီဘီတို႔ကို အခြင့္အေရးေပးရဖို႔ရွိေနခဲ့တာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပဖို႔ အခုလိုဆုံးျဖတ္ခဲ့ျခင္းပါပဲ။
သူဟာ တကယ့္ေနာက္ခံလူေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာ ႐ိုးမားအသင္းမွာလည္း ထပ္မံသက္ေသျပႏိုင္ခဲ့ပါတယ္။ ဒီရာသီ သူ႔ရဲ႕ေျခစြမ္းကို ကြၽန္ေတာ္အျပည့္အဝ ေက်နပ္မႈရွိပါတယ္။ သူနဲ႔ကြၽန္ေတာ္ စကားေတြေျပာၿပီးသြားပါၿပီ၊ အသင္းမွာ သူ ဆက္ရွိေနဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။ ”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။
အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ စေမာလင္းဟာ မန္ယူအတြက္ ၿပိဳင္ပြဲစုံ ၃၂၃ ပြဲထိ ပါဝင္ကစားေပးထားတဲ့ ဝါရင့္ေနာက္ခံလူတစ္ဦးလည္း ျဖစ္ပါတယ္။
Uni – ရိုးမားအသင်းမှာ အငှါးသွားရောက်ကစားလျက်ရှိနေတဲ့ နောက်ခံလူစမောလင်းဟာ အပြီးသတ်ပြောင်းရွှေ့ဖို့မရှိဘဲ မန်ယူနိုက်တက် အသင်းမှာပဲ ဆက်ရှိနေမယ်လို့ နည်းပြဆိုးလ်ရှားက အရိပ်အမြွက် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဘဝ ဆယ်စုနှစ်တစ်ခုကြာကာလအတွင်းမှာ ဝေဖန်မှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရသူ စမောလင်းဟာ ရိုးမားအသင်းထံ တစ်ရာသီ အငှါးစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ရာမှာတော့ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စမောလင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ရိုးမားအသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီး ပြိုင်ပွဲစုံ ၃၇ ပွဲပါဝင်ကစားခဲ့ရာမှာ ၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ရိုးမားအသင်းကလည်း စမောလင်းကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် ယူနိုက်တက်နဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ အဆင်မပြေတာကြောင့် အပြီးသတ် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
ဒါကြောင့် အသင်းထံ ပြန်လာတော့မယ့် စမောလင်းအနေနဲ့ လာမယ့်နှစ်ဘောလုံးရာသီမှာလည်း ယူနိုက်တက် အသင်းမှာပဲ ဆက်ရှိနေမယ်လို့ နည်းပြဆိုးလ်ရှားက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
“စမောလင်းဟာ မန်ယူကစားသမားဘဝတစ်လျှောက်မှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့သူဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာတော့ သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရိုးမားကို အငှါးသွားကစားဖို့ဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့လည်း မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ ဘိုင်လီနဲ့ တွမ်ဇီဘီတို့ကို အခွင့်အရေးပေးရဖို့ရှိနေခဲ့တာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ အခုလိုဆုံးဖြတ်ခဲ့ခြင်းပါပဲ။
သူဟာ တကယ့်နောက်ခံလူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ရိုးမားအသင်းမှာလည်း ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။ ဒီရာသီ သူ့ရဲ့ခြေစွမ်းကို ကျွန်တော်အပြည့်အဝ ကျေနပ်မှုရှိပါတယ်။ သူနဲ့ကျွန်တော် စကားတွေပြောပြီးသွားပါပြီ၊ အသင်းမှာ သူ ဆက်ရှိနေဖို့ ရာခိုင်နှုန်းများပါတယ်။ ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ စမောလင်းဟာ မန်ယူအတွက် ပြိုင်ပွဲစုံ ၃၂၃ ပွဲထိ ပါဝင်ကစားပေးထားတဲ့ ဝါရင့်နောက်ခံလူတစ်ဦးလည်း ဖြစ်ပါတယ်။