တာဟစ္ေခ်ာင္ သြားကစားခ်င္တဲ့ ေနရာရွိလို႔ ယူနိုက္တက္နဲ႕ တည့္ ေဆြးေႏြးေတာ့မယ္လို႔ ေအးဂ်င့္ ဆို
မန္ခ်က္စတာ ယူႏိုက္တက္ လူငယ္ေတာင္ပံ ကစားသမားေလး တာဟစ္ေခ်ာင္ရဲ႕ေအးဂ်င့္ျဖစ္သူက ေခ်ာင္ဟာ ဂ်ာမန္ ဘြန္ဒက္စ္လီဂါမွာ သြားေရာက္ကစားခ်င္ေနတယ္လို႔ ဆိုလိုက္ၿပီး ဝါဒါဘရီမင္ အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
တာဟစ္ေခ်ာင္ဟာ ယူႏိုက္တက္ အသင္းအတြက္ ျပီးခဲ့တဲ့၂ရာသီ အတြင္း ၁၆ပြဲ ပါဝင္ ကစားခဲ့ၿပီး ၂ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ေခ်ာင္အေနနဲ႔ မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ LASK အသင္းနဲ႔ ပြဲစဥ္မွာ အရန္ လူစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။
ယူႏိုက္တက္အသင္းနဲ႔ တာဟစ္ေခ်ာင္တို႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ယခုႏွစ္ကုန္မွာ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့မတ္လက ၂ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ နည္းျပ ဆိုးရွား ကိုယ္တိုင္က တာဟစ္္ေခ်ာင္မွာ ေတာက္ပတဲ့ အနာဂတ္ေတြရွိေနတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ေခ်ာင္ကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အင္တာမီလန္ အသင္းတို႔ကလဲ စိတ္ဝင္စားတဲ့ အရိပ္အေယာင္ျပ ခဲ့ပါတယ္။
ဒါေပမယ့္လဲ ဘြန္ဒက္စ္လီဂါ အသင္း တစ္သင္းျဖစ္တဲ့ ဝါဒါဘရီမင္အသင္းဟာ တာဟစ္ေခ်ာင္ကို ေခၚယူဖို႔ အထူး စိတ္ဝင္စားလာခဲ့ၿပီးေတာ့ ေခ်ာင္ရဲ႕ေအးဂ်င့္ျဖစ္သူဟာ ဝါဒါဘရီမင္အသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။
ေခ်ာင္ရဲ႕ေအးဂ်င့္ျဖစ္သူက ’တာဟစ္က ဘြန္ဒက္စ္လီဂါမွာ သြားၿပီးကစားခ်င္ေနပါတယ္။ ကြၽန္ေတာ္တို႔ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္ တာဝန္ရွိသူေတြနဲ႔ လာမယ့္အဂၤါေန႔မွာ ေဆြးေႏြးသြားဖို႔ ရွိပါတယ္’ လို႔ ထုတ္ေဖာ္ ေျပာ ဆိုခဲ့ပါတယ္။
တာဟစ္ေခ်ာင္ အေနနဲ႔ ၂၀၁၈ ခုႏွစ္ စီနီယာ အသင္းႀကီးအတြက္ ေ႐ြးခ်ယ္ မခံရခင္ကတည္းက ယူႏိုက္တက္ လူငယ္အသင္းမွာ ေျခစြမ္းျပသခဲ့သူပါ။ ဒါေပမယ့္လဲ သူ႔အေနနဲ႔ ပထမ အသင္းႀကီးမွာေတာ့ ေနရာရရွိဖို႔ ႐ုန္းကန္ေနခဲ့ရ ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက် လူငယ်တောင်ပံ ကစားသမားလေး တာဟစ်ချောင်ရဲ့အေးဂျင့်ဖြစ်သူက ချောင်ဟာ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ သွားရောက်ကစားချင်နေတယ်လို့ ဆိုလိုက်ပြီး ဝါဒါဘရီမင် အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တာဟစ်ချောင်ဟာ ယူနိုက်တက် အသင်းအတွက် ပြီးခဲ့တဲ့၂ရာသီ အတွင်း ၁၆ပွဲ ပါဝင် ကစားခဲ့ပြီး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချောင်အနေနဲ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ LASK အသင်းနဲ့ ပွဲစဉ်မှာ အရန် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်းနဲ့ တာဟစ်ချောင်တို့ရဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ်ကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ပြီးခဲ့တဲ့မတ်လက ၂နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နည်းပြ ဆိုးရှား ကိုယ်တိုင်က တာဟစ်ချောင်မှာ တောက်ပတဲ့ အနာဂတ်တွေရှိနေတယ်လို့ ချီးကျူးခဲ့ပါတယ်။ ချောင်ကို ဂျူဗင်တပ်စ်အသင်းနဲ့ အင်တာမီလန် အသင်းတို့ကလဲ စိတ်ဝင်စားတဲ့ အရိပ်အယောင်ပြ ခဲ့ပါတယ်။
ဒါပေမယ့်လဲ ဘွန်ဒက်စ်လီဂါ အသင်း တစ်သင်းဖြစ်တဲ့ ဝါဒါဘရီမင်အသင်းဟာ တာဟစ်ချောင်ကို ခေါ်ယူဖို့ အထူး စိတ်ဝင်စားလာခဲ့ပြီးတော့ ချောင်ရဲ့အေးဂျင့်ဖြစ်သူဟာ ဝါဒါဘရီမင်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ချောင်ရဲ့အေးဂျင့်ဖြစ်သူက ’တာဟစ်က ဘွန်ဒက်စ်လီဂါမှာ သွားပြီးကစားချင်နေပါတယ်။ ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ လာမယ့်အင်္ဂါနေ့မှာ ဆွေးနွေးသွားဖို့ ရှိပါတယ်’ လို့ ထုတ်ဖော် ပြော ဆိုခဲ့ပါတယ်။
တာဟစ်ချောင် အနေနဲ့ ၂၀၁၈ ခုနှစ် စီနီယာ အသင်းကြီးအတွက် ရွေးချယ် မခံရခင်ကတည်းက ယူနိုက်တက် လူငယ်အသင်းမှာ ခြေစွမ်းပြသခဲ့သူပါ။ ဒါပေမယ့်လဲ သူ့အနေနဲ့ ပထမ အသင်းကြီးမှာတော့ နေရာရရှိဖို့ ရုန်းကန်နေခဲ့ရ ပါတယ်။