ဆာအဲလက္စ္ ဖာဂူဆန္ ဆူပူတာ လံုး၀ မခံရဖူးတဲ့ ယူနုိက္တက္ ကစားသမား ၄ ဦး
ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ တစ္ဦးျဖစ္တဲ့ ရြိဳင္ယန္ဂစ္က အသင္းကို ၂၇ ႏွစ္တာကိုင္တြယ္သြားခဲ့တဲ့ နည္းျပႀကီး ဖာဂူဆန္ရဲ႕ လက္ေအာက္မွာ ကစားသမားေတြအေနနဲ႔ ဆူပူႀကိမ္းေမာင္းမႈေတြ ခံခဲ့ရေပမယ့္ ဘယ္ေတာ့မွ အဆူခံရျခင္း မရွိတဲ့ ကစားသမား ၄ေယာက္ရဲ႕နာမည္ေတြကို ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
ရြိဳင္ယန္ဂစ္ဟာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႔အတူ လက္တြဲၿပီး ပရီးမီးယား လိဂ္ဖလားကို ၁၃ ႀကိမ္ရယူႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ နည္းျပၾကီး ဖာရူဆန္ ဆူပူတာ လံုး၀ မခံရဖူးတဲ့ ကစားသမားေတြ အေၾကာင္းကို ဂစ္က အခုလို ဖြင့္ဟခဲ့ပါတယ္။
“ ဖာဂူဆန္အေနနဲ႔ အသင္းႏိုင္ပြဲ မရတာျဖစ္ျဖစ္၊ အမွား တစ္ခုခုလုပ္မိၿပီဆိုရင္ ဆူပူႀကိမ္းေမာင္းေလ့ရွိပါတယ္။ ဒါေပမယ့္ သူရဲ႕လက္ထက္မွာ ဘယ္ေတာ့မွ အဆူမခံရတဲ့ ကစားသမားေတြ ရွိခဲ့ၿပီး အမ်ား ႀကီးေတာ့ မဟုတ္ခဲ့ပါဘူး။ အားလံုးေပါင္းမွ ၄ ေယာက္ပဲရွိခဲ့ပါတယ္။ ဒီကစားသမားေတြကေတာ့ ကန္တိုနာ၊ ဘရြိဳင္ယန္ ေရာ္ဆင္၊ ရြိဳင္ကိန္းနဲ႔ စီေရာ္နယ္ဒိုတို႔ပဲ ျဖစ္တယ္။
တစ္ခ်ိဳ႕ပြဲေတြမွာဆိုရင္ အဲရစ္(ကန္တိုနာ)အေနနဲ႔ ဘာမွ လုပ္မျပႏိုင္ခဲ့တာေတြ ရွိပါတယ္။ ဂိုးလည္း မသြင္း ႏိုင္သလို တီဗက္ဇ္၊႐ူနီတို႔လိုမ်ိဳးလည္း မေျပးႏိုင္ခဲ့ပါဘူး။ အဝတ္လဲခန္းအတြင္း သူ႕ေဘးနားမွာ ထိုင္ေနၿပီး အဆူ ခံရေတာ့ မယ္လို႔ ထင္ခဲ့ေပမယ့္ ဖာဂူဆန္က လာၿပီးမဆူခဲ့ပါဘူး။ ဒါေပမယ့္ ေနာက္ ပြဲစဥ္မွာေတ့ အဲရစ္အေနနဲ႔ ေျခစြမ္းျပၿပီး ဂိုးသြင္း ယူႏိုင္ခဲ့တာမ်ိဳးေတြ ရွိပါတယ္။ ” လို႔ ရြိဳင္ယန္ဂစ္က ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အသင္းတိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ႐ူနီကေတာ့ ဖာဂူဆန္အေနနဲ႔ အသင္းမွာရွိတဲ့ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို အေကာင္းဆံုး အသံုးခ်ႏိုင္တဲ့သူလို႔ ထုတ္ေဖာ္ေျပာခဲ့သလို သူအေနနဲ႔ အေကာင္းဆံုး ကစားႏိုင္တဲ့ပြဲ ေတြမွာေတာင္ ဖာဂူဆန္ရဲ႕ ဆူျခင္းကို ခံရေလ့ရွိေၾကာင္းေျပာခဲ့ပါတယ္။
ဖာဂူဆန္ဟာ ယူႏိုက္တက္ကို နည္းျပခဲ့တဲ့ ၂၇ ႏွစ္ တာကာလအအတြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၁၃ ႀကိမ္၊ အက္ဖ္ေအဖလားခ်န္ပီယံ ၅ႀကိမ္၊ ခ်န္ပီယံလိဂ္ ၂ႀကိမ္နဲ႔ ဖီဖာ ကလပ္ကမ႓ာ့ဖလားခ်န္ပီယံ ၁ႀကိမ္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
Uni – ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် တစ်ဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်က အသင်းကို ၂၇ နှစ်တာကိုင်တွယ်သွားခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်ရဲ့ လက်အောက်မှာ ကစားသမားတွေအနေနဲ့ ဆူပူကြိမ်းမောင်းမှုတွေ ခံခဲ့ရပေမယ့် ဘယ်တော့မှ အဆူခံရခြင်း မရှိတဲ့ ကစားသမား ၄ယောက်ရဲ့နာမည်တွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။
ရွိုင်ယန်ဂစ်ဟာ ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ လက်တွဲပြီး ပရီးမီးယား လိဂ်ဖလားကို ၁၃ ကြိမ်ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နည်းပြကြီး ဖာရူဆန် ဆူပူတာ လုံး၀ မခံရဖူးတဲ့ ကစားသမားတွေ အကြောင်းကို ဂစ်က အခုလို ဖွင့်ဟခဲ့ပါတယ်။
“ ဖာဂူဆန်အနေနဲ့ အသင်းနိုင်ပွဲ မရတာဖြစ်ဖြစ်၊ အမှား တစ်ခုခုလုပ်မိပြီဆိုရင် ဆူပူကြိမ်းမောင်းလေ့ရှိပါတယ်။ ဒါပေမယ့် သူရဲ့လက်ထက်မှာ ဘယ်တော့မှ အဆူမခံရတဲ့ ကစားသမားတွေ ရှိခဲ့ပြီး အများ ကြီးတော့ မဟုတ်ခဲ့ပါဘူး။ အားလုံးပေါင်းမှ ၄ ယောက်ပဲရှိခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ ကန်တိုနာ၊ ဘရွိုင်ယန် ရော်ဆင်၊ ရွိုင်ကိန်းနဲ့ စီရော်နယ်ဒိုတို့ပဲ ဖြစ်တယ်။
တစ်ချို့ပွဲတွေမှာဆိုရင် အဲရစ်(ကန်တိုနာ)အနေနဲ့ ဘာမှ လုပ်မပြနိုင်ခဲ့တာတွေ ရှိပါတယ်။ ဂိုးလည်း မသွင်း နိုင်သလို တီဗက်ဇ်၊ရူနီတို့လိုမျိုးလည်း မပြေးနိုင်ခဲ့ပါဘူး။ အဝတ်လဲခန်းအတွင်း သူ့ဘေးနားမှာ ထိုင်နေပြီး အဆူ ခံရတော့ မယ်လို့ ထင်ခဲ့ပေမယ့် ဖာဂူဆန်က လာပြီးမဆူခဲ့ပါဘူး။ ဒါပေမယ့် နောက် ပွဲစဉ်မှာတေ့ အဲရစ်အနေနဲ့ ခြေစွမ်းပြပြီး ဂိုးသွင်း ယူနိုင်ခဲ့တာမျိုးတွေ ရှိပါတယ်။ ” လို့ ရွိုင်ယန်ဂစ်က ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရူနီကတော့ ဖာဂူဆန်အနေနဲ့ အသင်းမှာရှိတဲ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး အသုံးချနိုင်တဲ့သူလို့ ထုတ်ဖော်ပြောခဲ့သလို သူအနေနဲ့ အကောင်းဆုံး ကစားနိုင်တဲ့ပွဲ တွေမှာတောင် ဖာဂူဆန်ရဲ့ ဆူခြင်းကို ခံရလေ့ရှိကြောင်းပြောခဲ့ပါတယ်။
ဖာဂူဆန်ဟာ ယူနိုက်တက်ကို နည်းပြခဲ့တဲ့ ၂၇ နှစ် တာကာလအအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ ကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ ၅ကြိမ်၊ ချန်ပီယံလိဂ် ၂ကြိမ်နဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ၁ကြိမ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။