ဆန္ခ်ိဳက တကယ္ သန္း ၁၀၀ တန္၊ မတန္ ဘာဘာေတာ့ဗ္ သံုးသပ္ ေျပာဆို

မန္ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ေဒါ့မြန္တိုက္စစ္ကစားသမားေလး ေဂ်ဒန္ဆန္ခ်ိဳဟာ အိုးထရက္ဖို႔ဒ္ကို ေရာက္လာခဲ့ရင္ ေပါင္သန္း ၁၀၀နဲ႔ ထိုက္တန္စြာ အက်ိဳးျပဳလိမ့္မယ္လို႔ မွတ္ခ်က္ျပဳသုံးသပ္ခဲ့ပါတယ္။ ယူနိုက္တက္ဟာ ဦးစားေပး ပစ္မွတ္ အဂၤလန္သားေလးကို ေခၚယူႏိုင္ဖို႔အတြက္ ဂ်ာမန္ထိပ္တန္းကလပ္နဲ႔ ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းေနၿပီး ေပါင္ ၁၀၈ သန္းဆိုတဲ့ သတ္မွတ္ တန္ေၾကးေၾကာင့္ အခက္ေတြ႕ေနရပါတယ္။

ဒါေပမဲ့လည္း ေဒါ့မြန္အသင္းဘက္က ေပါင္ ၁၀၈သန္းကို ကနဦးေပးေခ်မႈ ေပါင္သန္း ၉၀ (သုံးႏွစ္အရစ္က်ခြဲေပးႏိုင္)နဲ႔ ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ ထပ္ေဆာင္းေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၈သန္း ေပးေခ်မယ္ဆိုရင္လည္း လက္ခံမဲ့ အေနအထားေၾကာင့္ ဆက္လက္ေဆြးေႏြးေနတာ ျဖစ္ပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ လက္ရွိကိုဗစ္ကာလမွာ ေဒါ့မြန္အသင္း သတ္မွတ္ထားတဲ့ ေပါင္ ၁၀၈သန္းဟာ လက္ေတြ႕က်မႈမရွိဘူးဆိုၿပီး မန္ယူႏိုက္တက္ဘက္ ျမင္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကးသာ ေလွ်ာ့ခ်မေပးရင္ အသက္ ၂၀ႏွစ္သားေလးကို ေခၚယူေတာ့မွာမဟုတ္ေၾကာင္း အသိေပးထားတယ္လို႔ သိရပါတယ္။

ဘာ‌ဘာေတာ့ဗ္ကေတာ့ “ဆန္ခ်ိဳဟာ ဘယ္ကလပ္အသင္းအတြက္မဆို တကယ္ေကာင္းတဲ့ ေခၚယူမႈတစ္ခု ျဖစ္လာမွာပါ။ အထူးသျဖင့္ ယူႏိုက္တက္အပါအဝင္ေပါ့။ တိုက္စစ္ပိုင္းအတြက္ေတာ့ တကယ္ေကာင္းတဲ့ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္လာမွာပါ။ ဒါေပမဲ့လည္း ဒါဟာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္လာမွာ အမွန္ပါပဲ။ ဆန္ခ်ိဳသာ ေရာက္လာခဲ့မယ္ဆိုရင္ လက္ရွိအစုအဖြဲ႕ထဲက အနည္းဆုံး တစ္ေယာက္ကေတာ့ အရန္ခုံထိုင္ရေတာ့မယ္။

ဒါကိုလည္း အိုလီ (ဆိုးရွား)အေနနဲ႔ ဒါေတြကို စဥ္းစားထားၿပီျဖစ္မယ္ ထင္ပါတယ္။ မာရွယ္လ္နဲ႔ မားကပ္စ္ရက္ရွ္ဖို႔ဒ္တို႔ဟာ ကမာၻ႔အဆင့္ တိုက္စစ္မႉးေတြ ျဖစ္ပါတယ္။ ေမဆင္ဂရင္းဝုဒ္ဟာလည္း အခြင့္အေရးရဖို႔ ထိုက္တန္ပါတယ္။ သူ ေနရာေပ်ာက္ဆုံးသြားမွာမ်ိဳး ကြၽန္ေတာ္ မျမင္ခ်င္ပါဘူး။

ဒါေပမဲ့လည္း ဆန္ခ်ိဳအတြက္ ယူႏိုက္တက္အေနနဲ႔ ေပါင္သန္း ၁၀၀ေလာက္ အသုံးျပဳသြားႏိုင္ပါတယ္။ အရမ္း စြန္႔စားရာက်မွာေတာ့ အမွန္ပါပဲ။ သန္း ၁၀၀ ေလာက္အသုံးျပဳရမွာ မွန္ေပမဲ့လည္း ဆန္ခ်ိဳလို ကစားသမားမ်ိဳးဟာ ေပးရတဲ့ေၾကးနဲ႔ ထိုက္တန္မွာပါ။” လို႔ ဘာဘာေတာ့ဗ္က သံုးသပ္ခဲ့ျပီး အရ ေခၚယူဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

Uni – မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒေါ့မွန်တိုက်စစ်ကစားသမားလေး ဂျေဒန်ဆန်ချိုဟာ အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့ရင် ပေါင်သန်း ၁၀၀နဲ့ ထိုက်တန်စွာ အကျိုးပြုလိမ့်မယ်လို့ မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ် အင်္ဂလန်သားလေးကို ခေါ်ယူနိုင်ဖို့အတွက် ဂျာမန်ထိပ်တန်းကလပ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပြီး ပေါင် ၁၀၈ သန်းဆိုတဲ့ သတ်မှတ် တန်ကြေးကြောင့် အခက်တွေ့နေရပါတယ်။

ဒါပေမဲ့လည်း ဒေါ့မွန်အသင်းဘက်က ပေါင် ၁၀၈သန်းကို ကနဦးပေးချေမှု ပေါင်သန်း ၉၀ (သုံးနှစ်အရစ်ကျခွဲပေးနိုင်)နဲ့ ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် ထပ်ဆောင်းပြောင်းရွှေ့ကြေး ပေါင် ၁၈သန်း ပေးချေမယ်ဆိုရင်လည်း လက်ခံမဲ့ အနေအထားကြောင့် ဆက်လက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ လက်ရှိကိုဗစ်ကာလမှာ ဒေါ့မွန်အသင်း သတ်မှတ်ထားတဲ့ ပေါင် ၁၀၈သန်းဟာ လက်တွေ့ကျမှုမရှိဘူးဆိုပြီး မန်ယူနိုက်တက်ဘက် မြင်နေပြီး ပြောင်းရွှေ့ကြေးသာ လျှော့ချမပေးရင် အသက် ၂၀နှစ်သားလေးကို ခေါ်ယူတော့မှာမဟုတ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။

ဘာ‌ဘာတော့ဗ်ကတော့ “ဆန်ချိုဟာ ဘယ်ကလပ်အသင်းအတွက်မဆို တကယ်ကောင်းတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာပါ။ အထူးသဖြင့် ယူနိုက်တက်အပါအဝင်ပေါ့။ တိုက်စစ်ပိုင်းအတွက်တော့ တကယ်ကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့လည်း ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ ဆန်ချိုသာ ရောက်လာခဲ့မယ်ဆိုရင် လက်ရှိအစုအဖွဲ့ထဲက အနည်းဆုံး တစ်ယောက်ကတော့ အရန်ခုံထိုင်ရတော့မယ်။

ဒါကိုလည်း အိုလီ (ဆိုးရှား)အနေနဲ့ ဒါတွေကို စဉ်းစားထားပြီဖြစ်မယ် ထင်ပါတယ်။ မာရှယ်လ်နဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေ ဖြစ်ပါတယ်။ မေဆင်ဂရင်းဝုဒ်ဟာလည်း အခွင့်အရေးရဖို့ ထိုက်တန်ပါတယ်။ သူ နေရာပျောက်ဆုံးသွားမှာမျိုး ကျွန်တော် မမြင်ချင်ပါဘူး။

ဒါပေမဲ့လည်း ဆန်ချိုအတွက် ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၁၀၀လောက် အသုံးပြုသွားနိုင်ပါတယ်။ အရမ်း စွန့်စားရာကျမှာတော့ အမှန်ပါပဲ။ သန်း ၁၀၀ လောက်အသုံးပြုရမှာ မှန်ပေမဲ့လည်း ဆန်ချိုလို ကစားသမားမျိုးဟာ ပေးရတဲ့ကြေးနဲ့ ထိုက်တန်မှာပါ။” လို့ ဘာဘာတော့ဗ်က သုံးသပ်ခဲ့ပြီး အရ ခေါ်ယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။