ရုန္းကန္ေနတဲ့ ခံစစ္မွဴးကို ခြဲစိတ္မႈ မခံခိုင္းေတာ့ဘဲ ေရာင္းထုတ္ဖို႔ ယူနုိက္တက္ လႈပ္ရွားလာ
မန္ခ်က္စတာယူႏုိက္တက္အသင္းဟာခံစစ္မွဴး ဖီးလ္ဂ်ံဳးစ္ကို ေရာင္းထုတ္ဖို႔ ႀကိဳးစားေနတာၿပီး ဒဏ္ရာကို ခြဲစိတ္ခဲ့ရင္ ႏွစ္သစ္ကူးခ်ိန္ေလာက္အထိ နားရေတာ့မွာ ျဖစ္တာေၾကာင့္ ခြဲစိတ္မႈ ျပဳလုပ္ဖို႔ကို ျငင္းဆန္ခဲ့ပါတယ္။ ဖီးလ္ဂ်ံဳးစ္ဟာ တနဂၤေႏြေန႔မွာ သူ႔ရဲ႕အဓိက ဒဏ္ရာျပႆနာကို ခြဲစိတ္ကုသဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။
ဒါေပမယ့္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴးသာ ခြဲစိတ္မႈ ခံယူလုိက္ရင္ ေနာက္ ၅ လ ေလာက္အထိ အနားယူရဦးမွာ ျဖစ္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ ေဆးပညာရွင္ေတြက ခြဲစိတ္မႈအစား ျပန္လည္ထူေထာင္ေရး အစီအစဥ္ေတြနဲ႔သာ ျပန္သက္သာလာေအာင္ ျပဳလုပ္ေပးဖုိ႔ စီစဥ္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ လြန္ခဲ့တဲ့ ၁၁ ႏွစ္ေလာက္က ဘလက္ဘန္းကေန ေပါင္ ၁၆.၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အဂၤလန္လက္ေရြးစင္ ကစားသမားအတြက္ ၀ယ္လက္ရွာေဖြေနတာ ျဖစ္ပါတယ္။
ဖီးလ္ဂ်ံဳးစ္ဟာ ဒဏ္ရာက အျမန္ဆံုးျပန္လာႏိုင္ဖို႔အတြက္ ေလာ့ခ္ေဒါင္းကာလမွ စတင္ကာ သီးသန္႔ေလ့က်င့္ခန္းေတြကို ျပဳလုပ္ေနခဲ့ရပါတယ္။ နည္းျပ အိုလီဂန္နာဆိုးလ္ရွားရဲ႕ အသင္းက ဂ်ာမနီကို ယူရိုပါလိဂ္ပြဲယွဥ္ၿပိဳင္ဖို႔အတြက္ ထြက္ခြာသြားေပမယ့္ ဂ်ံဳးစ္ကေတာ့ ကာရင္တန္မွာသာ က်န္ေနခဲ့ရပါတယ္။
ဒီရာသီမွာ ဒဏ္ရာျပႆနာေတြ ႏွိပ္စက္မႈေၾကာင့္ ၈ ပြဲသာ ကစားခဲ့ရၿပီး ဂ်ံဳးစ္ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲကေတာ့ ထရမ္မဲအသင္းနဲ႔ FA ဖလားပြဲစဥ္ျဖစ္ပါတယ္။ အခုဆိုရင္ ဖီးလ္ဂ်ံဳးစ္တစ္ေယာက္ ယူႏုိက္တက္ကို ေရာက္ၿပီးေနာက္ ဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့တဲ့ ပြဲအေရအတြက္က ၂၀၀ ေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။
ယူႏုိက္တက္ကလည္း ဒီေႏြအေျပာင္းအေရႊ႕မွာ ဂ်ာဒန္ဆန္ခ်ိဳကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူဖို႔ ႀကိဳးစားေနတာေၾကာင့္ ရႏိုင္သမွ် ေငြေၾကးအားလံုးကို ရေအာင္ရွာေဖြဖို႔ ႀကိဳးစားေနပါတယ္။ ေဒါ့မြန္ကေတာ့ သူတို႔ရဲ႕ အေကာင္းဆံုး ကစားသမားကို တတ္ႏိုင္သမွ် ထိန္းႏိုင္ဖို႔အတြက္ ေတာင္းဆိုထားတဲ့ ေျပာင္းေရႊ႕ေၾကး မရရင္ေတာ့ ဆန္ခ်ိဳကို လံုး၀ေရာင္းမွာ မဟုတ္ပါဘူး။
ယူႏုိက္တက္ဟာ အက္စတြန္ဗီလာကို ပရီးမီးယားလိဂ္မွာ ဆက္ကစားခြင့္ရေအာင္ ကူညီေပးႏုိင္ခဲ့တဲ့ ဗီလာ အသင္းေခါင္းေဆာင္ကို ဂ်က္ဂရီးလစ္ရွ္ကိုလည္း ျပန္လည္ ခ်ိတ္ဆက္လာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
Uni – မန်ချက်စတာယူနိုက်တက်အသင်းဟာခံစစ်မှူး ဖီးလ်ဂျုံးစ်ကို ရောင်းထုတ်ဖို့ ကြိုးစားနေတာပြီး ဒဏ်ရာကို ခွဲစိတ်ခဲ့ရင် နှစ်သစ်ကူးချိန်လောက်အထိ နားရတော့မှာ ဖြစ်တာကြောင့် ခွဲစိတ်မှု ပြုလုပ်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဖီးလ်ဂျုံးစ်ဟာ တနင်္ဂနွေနေ့မှာ သူ့ရဲ့အဓိက ဒဏ်ရာပြဿနာကို ခွဲစိတ်ကုသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၈ နှစ်အရွယ် ခံစစ်မှူးသာ ခွဲစိတ်မှု ခံယူလိုက်ရင် နောက် ၅ လ လောက်အထိ အနားယူရဦးမှာ ဖြစ်တာကြောင့် အိုးလ်ထရက်ဖို့ဒ် ဆေးပညာရှင်တွေက ခွဲစိတ်မှုအစား ပြန်လည်ထူထောင်ရေး အစီအစဉ်တွေနဲ့သာ ပြန်သက်သာလာအောင် ပြုလုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ဘလက်ဘန်းကနေ ပေါင် ၁၆.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားအတွက် ဝယ်လက်ရှာဖွေနေတာ ဖြစ်ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာက အမြန်ဆုံးပြန်လာနိုင်ဖို့အတွက် လော့ခ်ဒေါင်းကာလမှ စတင်ကာ သီးသန့်လေ့ကျင့်ခန်းတွေကို ပြုလုပ်နေခဲ့ရပါတယ်။ နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းက ဂျာမနီကို ယူရိုပါလိဂ်ပွဲယှဉ်ပြိုင်ဖို့အတွက် ထွက်ခွာသွားပေမယ့် ဂျုံးစ်ကတော့ ကာရင်တန်မှာသာ ကျန်နေခဲ့ရပါတယ်။
ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ နှိပ်စက်မှုကြောင့် ၈ ပွဲသာ ကစားခဲ့ရပြီး ဂျုံးစ် နောက်ဆုံးကစားခဲ့တဲ့ ပွဲကတော့ ထရမ်မဲအသင်းနဲ့ FA ဖလားပွဲစဉ်ဖြစ်ပါတယ်။ အခုဆိုရင် ဖီးလ်ဂျုံးစ်တစ်ယောက် ယူနိုက်တက်ကို ရောက်ပြီးနောက် ဒဏ်ရာကြောင့်လွဲချော်ခဲ့တဲ့ ပွဲအရေအတွက်က ၂၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ကလည်း ဒီနွေအပြောင်းအရွှေ့မှာ ဂျာဒန်ဆန်ချိုကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ရနိုင်သမျှ ငွေကြေးအားလုံးကို ရအောင်ရှာဖွေဖို့ ကြိုးစားနေပါတယ်။ ဒေါ့မွန်ကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို တတ်နိုင်သမျှ ထိန်းနိုင်ဖို့အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး မရရင်တော့ ဆန်ချိုကို လုံးဝရောင်းမှာ မဟုတ်ပါဘူး။
ယူနိုက်တက်ဟာ အက်စတွန်ဗီလာကို ပရီးမီးယားလိဂ်မှာ ဆက်ကစားခွင့်ရအောင် ကူညီပေးနိုင်ခဲ့တဲ့ ဗီလာ အသင်းခေါင်းဆောင်ကို ဂျက်ဂရီးလစ်ရှ်ကိုလည်း ပြန်လည် ချိတ်ဆက်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။