အၾကိတ္အနယ္ ရွိေနတဲ့ ယူနိုက္တက္ တိုက္စစ္ မာရွယ္နဲ႕ ရက္ဖို႔ဒ္တို႕ရဲ႕ ဒီရာသီ ဂိုးသြင္းျပိဳင္ပြဲ

ဒီ ေဘာလုံးရာသီမွာေတာ့ မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ တိုက္စစ္ကစားသမားေတြဟာ အထူးေျခစြမ္းျပကစားလ်က္ရွိေနပါတယ္။ ျပင္သစ္ အေထာင္တိုက္စစ္မႉး အန္သိုနီမာရွယ္က ဒီရာသီ ၿပိဳင္ပြဲစုံ ၂၃ ဂိုး သြင္းယူေပးထားသလို အသင္းေဖာ္ တိုက္စစ္မႉး မားကပ္စ္ရပ္ဖို႔ဒ္ကလည္း ၂၂ ဂိုး ထိ သြင္းယူေပးႏိုင္ခဲ့တာပါ။

ဒါဟာ သူတို႔ႏွစ္ဦးစလုံးအတြက္ တစ္ရာသီအတြင္း ကစားသမားဘဝသြင္းဂိုးအမ်ားဆုံးအျဖစ္လည္း မွတ္တမ္းဝင္ေနခဲ့တာျဖစ္ပါတယ္၊ သူ႔အေနနဲ႔ အသင္းေဖာ္ မာရွယ္နဲ႔ ဘယ္သူ ဂိုး ပိုသြင္းႏိုင္မလဲဆိုၿပီး အေပ်ာ္သေဘာ ျပိဳင္ထားတာေလးရွိတယ္လို႔ ရပ္ဖို႔ဒ္ကေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အႏိုင္အရႉံးက အဓိကမက်ဘဲ သူႏိုင္သည္ျဖစ္ေစ၊ မာရွယ္ႏိုင္သည္ျဖစ္ေစ ေနာက္ဆုံးေတာ့ အသင္းအတြက္ ဂိုးမ်ားမ်ားရမွာပဲျဖစ္လို႔ အက်ိဳးရွိတာပဲ လို႔လည္း ရပ္ဖို႔ဒ္ကဆိုပါတယ္။ ၄င္းတို႔ နွစ္ဦးရဲ႕ ျပိဳင္ပြဲကလည္း ယူနုိက္တက္ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ ဆက္ရွိေနေသးတာေၾကာင့္ ျပိဳင္ပြဲ မျပီးဆံုးေသးပါဘူး။

“ကြၽန္ေတာ္တို႔ၾကားမွာ အေပ်ာ္သေဘာ ျပိဳင္ထားတာေလး ရွိေနပါတယ္။ ဒါေပမယ့္ ဘယ္သူက အႏိုင္ရသည္ျဖစ္ေစ ေနာက္ဆုံးေတာ့ အသင္းအတြက္ဂိုးေတြပိုရမွာျဖစ္လို႔ အားလုံးအတြက္ အက်ိဳးရွိပါတယ္၊ ကြၽန္ေတာ္တို႔ အခ်င္းခ်င္းအေနနဲ႔လည္း တစ္ေယာက္ကို တစ္ေယာက္ အႏိုင္ရေအာင္ အသည္းအသန္ ၾကိဳးစားသြားမွာ မဟုတ္ဘဲ ကြင္းတြင္းကြင္းျပင္ အျပန္အလွန္ ကူညီၿပီး အတြဲအဖက္မိမိ ကစားသြားမွာပါ” လို႔ မားကပ္စ္ ရပ္ဖိ့ုဒ္က ေျပာၾကားခဲ့ပါတယ္။

မာရွယ္၊ ရပ္ဖို႔ဒ္တို႔နဲ႔အတူ လူငယ္တိုက္စစ္မႉးေလးဂရင္းဝုဒ္ကလည္း အထူး ေျခစြမ္းျပကစားလ်က္ရွိေနတာေၾကာင့္ မန္ယူတိုက္စစ္က အေတာ္ေလးကိုၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ မန္ယူနိုက္တက္အသင္းဟာ အခုအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေဒါ့မြန္လူငယ္ၾကယ္ပြင့္ ဆန္ခ်ိဳကို အရေခၚယူဖို႔ ပစ္မွတ္ထားလ်က္ရွိေနတာေၾကာင့္ လာမယ့္ႏွစ္အတြက္ အသင္းရဲ႕တိုက္စစ္ကေတာ့ ရင္ခုန္စရာ ေကာင္းေနတာ အမွန္ပဲ ျဖစ္ပါတယ္။

Uni – ဒီ ဘောလုံးရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားတွေဟာ အထူးခြေစွမ်းပြကစားလျက်ရှိနေပါတယ်။ ပြင်သစ် အထောင်တိုက်စစ်မှူး အန်သိုနီမာရှယ်က ဒီရာသီ ပြိုင်ပွဲစုံ ၂၃ ဂိုး သွင်းယူပေးထားသလို အသင်းဖော် တိုက်စစ်မှူး မားကပ်စ်ရပ်ဖို့ဒ်ကလည်း ၂၂ ဂိုး ထိ သွင်းယူပေးနိုင်ခဲ့တာပါ။

ဒါဟာ သူတို့နှစ်ဦးစလုံးအတွက် တစ်ရာသီအတွင်း ကစားသမားဘဝသွင်းဂိုးအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်နေခဲ့တာဖြစ်ပါတယ်၊ သူ့အနေနဲ့ အသင်းဖော် မာရှယ်နဲ့ ဘယ်သူ ဂိုး ပိုသွင်းနိုင်မလဲဆိုပြီး အပျော်သဘော ပြိုင်ထားတာလေးရှိတယ်လို့ ရပ်ဖို့ဒ်ကပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အနိုင်အရှူံးက အဓိကမကျဘဲ သူနိုင်သည်ဖြစ်စေ၊ မာရှယ်နိုင်သည်ဖြစ်စေ နောက်ဆုံးတော့ အသင်းအတွက် ဂိုးများများရမှာပဲဖြစ်လို့ အကျိုးရှိတာပဲ လို့လည်း ရပ်ဖို့ဒ်ကဆိုပါတယ်။ ၎င်းတို့ နှစ်ဦးရဲ့ ပြိုင်ပွဲကလည်း ယူနိုက်တက် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဆက်ရှိနေသေးတာကြောင့် ပြိုင်ပွဲ မပြီးဆုံးသေးပါဘူး။

“ကျွန်တော်တို့ကြားမှာ အပျော်သဘော ပြိုင်ထားတာလေး ရှိနေပါတယ်။ ဒါပေမယ့် ဘယ်သူက အနိုင်ရသည်ဖြစ်စေ နောက်ဆုံးတော့ အသင်းအတွက်ဂိုးတွေပိုရမှာဖြစ်လို့ အားလုံးအတွက် အကျိုးရှိပါတယ်၊ ကျွန်တော်တို့ အချင်းချင်းအနေနဲ့လည်း တစ်ယောက်ကို တစ်ယောက် အနိုင်ရအောင် အသည်းအသန် ကြိုးစားသွားမှာ မဟုတ်ဘဲ ကွင်းတွင်းကွင်းပြင် အပြန်အလှန် ကူညီပြီး အတွဲအဖက်မိမိ ကစားသွားမှာပါ” လို့ မားကပ်စ် ရပ်ဖိ့ုဒ်က ပြောကြားခဲ့ပါတယ်။

မာရှယ်၊ ရပ်ဖို့ဒ်တို့နဲ့အတူ လူငယ်တိုက်စစ်မှူးလေးဂရင်းဝုဒ်ကလည်း အထူး ခြေစွမ်းပြကစားလျက်ရှိနေတာကြောင့် မန်ယူတိုက်စစ်က အတော်လေးကိုမြိုင်မြိုင်ဆိုင်ဆိုင်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့ဈေးကွက်မှာ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချိုကို အရခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေတာကြောင့် လာမယ့်နှစ်အတွက် အသင်းရဲ့တိုက်စစ်ကတော့ ရင်ခုန်စရာ ကောင်းနေတာ အမှန်ပဲ ဖြစ်ပါတယ်။