ေပါ့ဘာကို ယူနိက္တက္နဲ႕အတူ ယူရိုပါလိဂ္ဖလား ထပ္ေျမွာက္ေစလိုေနတဲ့ နည္းျပ ဆိုးလ္ရွား

ေပါ့ဘာဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ေျခစြမ္းေကာင္းေတြ ျပန္လည္ျပသႏိုင္ခဲ့တဲ့ေနာက္ ဆိုးလ္ရွားက အသင္းနဲ႔အတူ ယူ႐ိုပါလိဂ္ဖလားကို ေပါ့ဘာ ေနာက္ထပ္တစ္ႀကိမ္ ကိုင္ေျမႇာက္ႏိုင္တာကို ျမင္ေတြ႕ရဖို႔ အလိုရွိေနမွာပါ။

ယူႏိုက္တက္ နဲ႔အတူ ေပါ့ဘာရဲ႕ အေျခအေနက အေတာ္ေလး ေျပာင္းလဲသြားခဲ့တာနဲ႔အတူ ယေန႔ ကိုပင္ေဟဂင္နဲ႔ ကြာတားဖိုင္နယ္မွာ ျပင္သစ္ ကြင္းလယ္လူအေပၚ မွီခိုႏိုင္တယ္လို႔ ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။

ယခင္က အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ေနဖို႔ ေပါ့ဘာရဲ႕စိတ္ဝင္စားမႈအေပၚ ေမးခြန္းထုတ္မႈေတြ ရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သူဟာ နည္းျပအတြက္ အဓိက ကစားသမားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

“ေပါ့ဘာ ျပန္ကစားႏိုင္လာတဲ့အတြက္ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္မိပါတယ္၊ သူက ႀကံ့ခိုင္မႈျပည့္ဝေနၿပီး ကစားရတာကို ေပ်ာ္ေနတယ္၊ သူ႔အေနနဲ႔ ဆုံးရႈံးခဲ့ရတဲ့အခ်ိန္ေတြအတြက္ ျပန္ကုစားဖို႔ လိုတာေၾကာင့္ ေလ့က်င့္ေရးပိုဆင္းၿပီး ႀကိဳးစားေနပါတယ္၊ သူ အရင္က ကိုင္ေျမႇာက္ခဲ့ဖူးတဲ့ ဒီဖလားကို ေနာက္ထပ္တစ္ႀကိမ္ ထပ္မံေအာင္ျမင္မွာကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဆိုးလ္ရွားက ဆိုပါတယ္။

ၿပိဳင္ပြဲအရွိန္ျပင္းထန္လာတဲ့အခ်ိန္မွာ တံခါးပိတ္ကစားရမယ့္ အလားအလာနဲ႔ပတ္သက္ၿပီးေတာ့လဲ ဆိုးလ္ရွားက ဖြင့္ဟခဲ့ၿပီး ကပ္ေရာဂါက ဒီလိုအဆင့္ေတြ ျဖစ္ေစခဲ့တဲ့အတြက္ ဝမ္းနည္းရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“ဒါက ထူးဆန္းတယ္လို႔ ထင္ပါတယ္၊ ေဘာလုံးေလာကက ဒီလိုျဖစ္သင့္တာမ်ိဳး မဟုတ္ပါဘူး၊ အခုက စိတ္အားထက္သန္မႈနဲ႔ အရွိန္ ျပင္းထန္မႈေတြ အနည္းငယ္ ေပ်ာက္ဆုံးေနတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ပရိသတ္ေတြက အဲ့ဒီ့မွာရွိေနရမွာေလ၊ ဒါေပမယ့္ ကြၽန္ေတာ့္ ကစားသမားေတြကိုကြၽန္ေတာ္ ဦးေဆာင္ရမွာပါ၊ သူတို႔က အေျခအေနကို တကယ္ေကာင္းေကာင္း ကိုင္တြယ္ခဲ့ၿပီး ပရိသတ္ေတြကလဲ ကြၽန္ေတာ္တို႔ကို အားေပးဖို႔အတြက္ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လာဖို႔ မေစာင့္ႏိုင္ေတာ့ဘူးဆိုတာ သိပါတယ္။

ကြၽန္ေတာ္တို႔ေတြ အခု ယူ႐ိုပါလိဂ္မွာ တတ္ႏိုင္သေလာက္ အျမင့္ဆုံး ပ်ံသန္းဖို႔လုပ္ရမွာပါ၊ ဒါေၾကာင့္ ပရိသတ္ေတြက ကစားသမားေတြကို ျမင္ေတြ႕ရဖို႔ ပိုၿပီးေတာ့ေတာင္ ေမွ်ာ္လင့္ေနၾကပါတယ္”လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

Uni – ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့တဲ့နောက် ဆိုးလ်ရှားက အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ပေါ့ဘာ နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်တာကို မြင်တွေ့ရဖို့ အလိုရှိနေမှာပါ။

ယူနိုက်တက် နဲ့အတူ ပေါ့ဘာရဲ့ အခြေအနေက အတော်လေး ပြောင်းလဲသွားခဲ့တာနဲ့အတူ ယနေ့ ကိုပင်ဟေဂင်နဲ့ ကွာတားဖိုင်နယ်မှာ ပြင်သစ် ကွင်းလယ်လူအပေါ် မှီခိုနိုင်တယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

ယခင်က အိုးလ်ထရက်ဖို့ဒ်မှာ ဆက်နေဖို့ ပေါ့ဘာရဲ့စိတ်ဝင်စားမှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သူဟာ နည်းပြအတွက် အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

“ပေါ့ဘာ ပြန်ကစားနိုင်လာတဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်၊ သူက ကြံ့ခိုင်မှုပြည့်ဝနေပြီး ကစားရတာကို ပျော်နေတယ်၊ သူ့အနေနဲ့ ဆုံးရှုံးခဲ့ရတဲ့အချိန်တွေအတွက် ပြန်ကုစားဖို့ လိုတာကြောင့် လေ့ကျင့်ရေးပိုဆင်းပြီး ကြိုးစာနေပါတယ်၊ သူ အရင်က ကိုင်မြှောက်ခဲ့ဖူးတဲ့ ဒီဖလားကို နောက်ထပ်တစ်ကြိမ် ထပ်မံအောင်မြင်မှာကို ကျွန်တော်တို့ မြင်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ပြိုင်ပွဲအရှိန်ပြင်းထန်လာတဲ့အချိန်မှာ တံခါးပိတ်ကစားရမယ့် အလားအလာနဲ့ပတ်သက်ပြီးတော့လဲ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပြီး ကပ်ရောဂါက ဒီလိုအဆင့်တွေ ဖြစ်စေခဲ့တဲ့အတွက် ဝမ်းနည်းရကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒါက ထူးဆန်းတယ်လို့ ထင်ပါတယ်၊ ဘောလုံးလောကက ဒီလိုဖြစ်သင့်တာမျိုး မဟုတ်ပါဘူး၊ အခုက စိတ်အားထက်သန်မှုနဲ့ အရှိန် ပြင်းထန်မှုတွေ အနည်းငယ် ပျောက်ဆုံးနေတယ်၊ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေက အဲ့ဒီ့မှာရှိနေရမှာလေ၊ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေကိုကျွန်တော် ဦးဆောင်ရမှာပါ၊ သူတို့က အခြေအနေကို တကယ်ကောင်းကောင်း ကိုင်တွယ်ခဲ့ပြီး ပရိသတ်တွေကလဲ ကျွန်တော်တို့ကို အားပေးဖို့အတွက် အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာဖို့ မစောင့်နိုင်တော့ဘူးဆိုတာ သိပါတယ်။

ကျွန်တော်တို့တွေ အခု ယူရိုပါလိဂ်မှာ တတ်နိုင်သလောက် အမြင့်ဆုံး ပျံသန်းဖို့လုပ်ရမှာပါ၊ ဒါကြောင့် ပရိသတ်တွေက ကစားသမားတွေကို မြင်တွေ့ရဖို့ ပိုပြီးတော့တောင် မျှော်လင့်နေကြပါတယ်”လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။