ဆန္ခ်ိဳကို ဒီေႏြမွာပဲ ယူနိုက္တက္ အရ ေခၚယူနုိင္ေသးေၾကာင္း ေဖာ္ျပေနတဲ့ အခ်က္ ၃ ခ်က္

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ အဂၤလန္ လူငယ္ ေတာင္ပံကစားသမား ဆန္ခ်ိဳ ဟာ ေနာက္ရာသီ အသင္းမွာ ဆက္ရိွေနမယ္လို႔ တရား၀င္ ထုတ္ေျပာသြားခဲ့ျပီး ဆန္ခ်ိဳကိုလည္း ရာသီၾကိဳ ထရိန္နင္ လုပ္ဖို႔ ဆြစ္ဇာလန္သို႔ ေခၚသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါဆို ယူနုိက္တက္ အသင္းဆီကို ဆန္ခ်ိဳ ေရာက္လာဖို႔ ျဖစ္ႏိုင္ေသးလား ဆိုရင္ ဒီေမးခြန္းရဲ႕ အေျဖကေတာ့ လံုး၀ ရက္စ္ပါ။ အခုထိ ျဖစ္နုိင္ပါေသးတယ္။

ဘာ့ေၾကာင့္ ျဖစ္ႏိုင္တာလဲ ဆိုတဲ့ အခ်က္ သံုးခ်က္ ရွိေနပါတယ္။ အဲ့ဒီအခ်က္ သုံးခ်က္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

(၁) ဒမ္ဘီလီရဲ႕ ျဖစ္ရပ္

ေဒါ့မြန္အသင္းရဲ႕ တရားဝင္ ထုတ္ျပန္မႈ ျဖစ္တာေၾကာင့္ မန္ယူအသင္းဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ သုံးသပ္ထားၾကေပမယ့္ ယခင္က ေဒါ့မြန္အသင္းဟာ သူတို႔အသင္းမွာ ဆက္ရွိသြားမယ္လို႔ ေၾကညာခဲ့တဲ့ ကစားသမား ကို ေရာင္းထုတ္ခဲ့တဲ့ သာဓက ရွိေနပါတယ္။ အဆိုပါ ကစားသမား ကေတာ့ လက္ရွိ ဘာစီလိုနာအသင္းရဲ႕ ကစားသမား ဒမ္ဘီလီပဲ ျဖစ္ပါတယ္။

၂၀၁၇ မွာ ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီကို ေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့ဖူးၿပီး ေဒါ့မြန္အသင္း ဟာ လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကး မရတာေၾကာင့္ ဒမ္ဘီလီကို ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ေပမယ့္ ေနာက္ထပ္ ၂လအၾကာမွာေတာ့ ဘာစီလိုနာအသင္းဆီ ဒမ္ဘီလီကို ေရာင္းခ်သြားခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေဒါ့မြန္အသင္းဟာ သူတို႔ လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကိုသာ ရပါက ဆန္ခ်ိဳကို အခ်ိန္မေ႐ြး လက္လႊတ္သြားႏိုင္ပါတယ္။

(၂) ဆန္ခ်ိဳရဲ႕ ႏႈတ္ဆက္စကား

ယမန္ေန႔မွာေတာ့ ဆန္ခ်ိဳဟာ ဆြစ္ဇာလန္ႏိုင္ငံမွာ ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္မယ့္ ေဒါ့မြန္အသင္းရဲ႕ လူစာရင္းနဲ႔ အတူ လိုက္ပါသြားခဲ့ပါတယ္။ အဆိုပါ လိုက္ပါသြားမႈေၾကာင့္ ဆန္ခ်ိဳဟာ မန္ယူနိုက္တက္ အသင္းဆီ ေျပာင္းေ႐ႊ႕လာေတာ့မွာ မဟုတ္ဘူးလို႔ ထင္မွတ္ ရေပမယ့္ အင္ဒီပင္းဒန္႔ သတင္းဌာနရဲ႕ အဆိုအရေတာ့ ဆန္ခ်ိဳဟာ ဆြစ္ဇာလန္ႏိုင္ငံဆီ သြားမယ့္ ေဒါ့မြန္အသင္းရဲ႕ လူစာရင္းနဲ႔ ပူးေပါင္းတဲ့ အခ်ိန္မွာ သူ႔ရဲ႕ အသင္းေဖာ္ေတြကို ႏႈတ္ဆက္စကားေတြ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ဆန္ခ်ိဳဟာ သူ႔အေနနဲ႔ ယူနိုက္တက္ထံ ေျပာင္းေ႐ႊ႕ခြင့္ ရမယ္လို႔ အျပည့္အဝ ယုံၾကည္ ထားတာေၾကာင့္ ဂ်ာမန္ေျမမွာ ေနာက္ဆုံး ရွိေနခဲ့တဲ့ အခ်ိန္ေတြမွာ သူနဲ႔ ရင္းႏွီးတဲ့ ေဒါ့မြန္အသင္းရဲ႕ ဝန္ထမ္းေတြကိုလည္း ႏႈတ္ဆက္ခဲ့ေသးတယ္ လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ ဆန္ခ်ိဳဟာ မန္ယူနိုက္တက္အသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားတယ္ လို႔ ေကာက္ခ်က္ခ်လို႔ ရပါတယ္။

(၃) မန္ယူနိုက္တက္အသင္းရဲ႕ သေဘာထား

အဂၤလန္ရဲ႕ နာမည္ႀကီး သတင္းဌာန ျဖစ္တဲ့ Sky Sports သတင္းဌာနရဲ႕ အဆိုအရေတာ့ မန္ယူနိုက္တက္အသင္းဟာ ေဒါ့မြန္အသင္းက ဆန္ခ်ိဳအတြက္ ကမ္းလွမ္းရမယ့္ ေနာက္ဆုံးေန႔ရက္ လို႔ ေျပာထားတဲ့ ၾသဂုတ္ ၁၀ ရက္ေန႔ ကို ေခါင္းထဲမွာ ထည့္ထားျခင္း မရွိပဲ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ အတြက္ တစ္ဆင့္ခ်င္းစီ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ယူနိုက္တက္ဟာ အသင္းႏွစ္သင္း ထိပ္တိုက္ ေတြ႕ဆုံၿပီး ေဆြးေႏြးလိုျခင္း မရွိပဲ ေအးဂ်င့္ေတြကိုသာ ၾကားခံအျဖစ္ အသုံးခ်ၿပီး ေဆြးေႏြးေနတဲ့ ေဒါ့မြန္အသင္းရဲ႕ လုပ္ရပ္ကိုလည္း စိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း မွာ ေဒါ့မြန္အသင္းဘက္က ဆန္ခ်ိဳနဲ႔ ပတ္သတ္ၿပီး သူတို႔ဆီကို တရားဝင္ ကမ္းလွမ္းမႈေတြ ေရာက္မလာေသးဘူး လို႔ ဆိုထားေပမယ့္ တကယ္တမ္း မွာေတာ့ ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ကို လုပ္ေဆာင္ေပးဖို႔ ေအးဂ်င့္တခ်ိဳ႕နဲ႔ ခ်ိတ္ဆက္ ထားၿပီး မန္ယူအသင္းဘက္က ေရာက္လာတဲ့ တာဝန္ရွိသူေတြကိုလည္း ေအးဂ်င့္ေတြနဲ႔သာ ေတြ႕ဆုံခိုင္းထားပါတယ္။ ယခု အေျပာင္းအေ႐ႊ႕ မွာ ေဒါ့မြန္အသင္းဘက္ကေန အဓိက ေဆြးေႏြးေနတဲ့ ေအးဂ်င့္ဟာ ဒမ္ဘီလီ ၊ အူဘာမီယန္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ေတြ ျဖစ္ေျမာက္လာေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့ ေအးဂ်င့္လည္း ျဖစ္ပါတယ္။

ယူနုိက္တက္ ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ စိတ္ဆႏၵျပင္းပ်ေနဆဲ ျဖစ္သလို အေျပာင္းအေ႐ႊ႕ရာသီ ပိတ္သိမ္းဖို႔ဟာလည္း ရက္အေတာ္မ်ားမ်ား က်န္ရွိေနေသးတာေၾကာင့္ ဆန္ခ်ိဳဟာ ယူနိုက္တက္ထံ ဒီေႏြမွာပဲ ေရာက္ရင္ ေရာက္လာနုိင္ေသးတယ္လို႔ ဆိုရမွာပါ။

Uni – ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ အင်္ဂလန် လူငယ် တောင်ပံကစားသမား ဆန်ချို ဟာ နောက်ရာသီ အသင်းမှာ ဆက်ရှိနေမယ်လို့ တရားဝင် ထုတ်ပြောသွားခဲ့ပြီး ဆန်ချိုကိုလည်း ရာသီကြို ထရိန်နင် လုပ်ဖို့ ဆွစ်ဇာလန်သို့ ခေါ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဆို ယူနိုက်တက် အသင်းဆီကို ဆန်ချို ရောက်လာဖို့ ဖြစ်နိုင်သေးလား ဆိုရင် ဒီမေးခွန်းရဲ့ အဖြေကတော့ လုံး၀ ရက်စ်ပါ။ အခုထိ ဖြစ်နိုင်ပါသေးတယ်။

ဘာ့ကြောင့် ဖြစ်နိုင်တာလဲ ဆိုတဲ့ အချက် သုံးချက် ရှိနေပါတယ်။ အဲ့ဒီအချက် သုံးချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ဒမ်ဘီလီရဲ့ ဖြစ်ရပ်

ဒေါ့မွန်အသင်းရဲ့ တရားဝင် ထုတ်ပြန်မှု ဖြစ်တာကြောင့် မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ထားကြပေမယ့် ယခင်က ဒေါ့မွန်အသင်းဟာ သူတို့အသင်းမှာ ဆက်ရှိသွားမယ်လို့ ကြေညာခဲ့တဲ့ ကစားသမား ကို ရောင်းထုတ်ခဲ့တဲ့ သာဓက ရှိနေပါတယ်။ အဆိုပါ ကစားသမား ကတော့ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ကစားသမား ဒမ်ဘီလီပဲ ဖြစ်ပါတယ်။

၂၀၁၇ မှာ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ဖူးပြီး ဒေါ့မွန်အသင်း ဟာ လိုချင်တဲ့ ပြောင်းရွှေ့ကြေး မရတာကြောင့် ဒမ်ဘီလီကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် နောက်ထပ် ၂လအကြာမှာတော့ ဘာစီလိုနာအသင်းဆီ ဒမ်ဘီလီကို ရောင်းချသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒေါ့မွန်အသင်းဟာ သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကိုသာ ရပါက ဆန်ချိုကို အချိန်မရွေး လက်လွှတ်သွားနိုင်ပါတယ်။

(၂) ဆန်ချိုရဲ့ နှုတ်ဆက်စကား

ယမန်နေ့မှာတော့ ဆန်ချိုဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်မယ့် ဒေါ့မွန်အသင်းရဲ့ လူစာရင်းနဲ့ အတူ လိုက်ပါသွားခဲ့ပါတယ်။ အဆိုပါ လိုက်ပါသွားမှုကြောင့် ဆန်ချိုဟာ မန်ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာတော့မှာ မဟုတ်ဘူးလို့ ထင်မှတ် ရပေမယ့် အင်ဒီပင်းဒန့် သတင်းဌာနရဲ့ အဆိုအရတော့ ဆန်ချိုဟာ ဆွစ်ဇာလန်နိုင်ငံဆီ သွားမယ့် ဒေါ့မွန်အသင်းရဲ့ လူစာရင်းနဲ့ ပူးပေါင်းတဲ့ အချိန်မှာ သူ့ရဲ့ အသင်းဖော်တွေကို နှုတ်ဆက်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆန်ချိုဟာ သူ့အနေနဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့် ရမယ်လို့ အပြည့်အဝ ယုံကြည် ထားတာကြောင့် ဂျာမန်မြေမှာ နောက်ဆုံး ရှိနေခဲ့တဲ့ အချိန်တွေမှာ သူနဲ့ ရင်းနှီးတဲ့ ဒေါ့မွန်အသင်းရဲ့ ဝန်ထမ်းတွေကိုလည်း နှုတ်ဆက်ခဲ့သေးတယ် လို့ သိရပါတယ်။ ဒါ့ကြောင့် ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ် လို့ ကောက်ချက်ချလို့ ရပါတယ်။

(၃) မန်ယူနိုက်တက်အသင်းရဲ့ သဘောထား

အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ကမ်းလှမ်းရမယ့် နောက်ဆုံးနေ့ရက် လို့ ပြောထားတဲ့ သြဂုတ် ၁၀ ရက်နေ့ ကို ခေါင်းထဲမှာ ထည့်ထားခြင်း မရှိပဲ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် တစ်ဆင့်ချင်းစီ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံပြီး ဆွေးနွေးလိုခြင်း မရှိပဲ အေးဂျင့်တွေကိုသာ ကြားခံအဖြစ် အသုံးချပြီး ဆွေးနွေးနေတဲ့ ဒေါ့မွန်အသင်းရဲ့ လုပ်ရပ်ကိုလည်း စိတ်ပျက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မှာ ဒေါ့မွန်အသင်းဘက်က ဆန်ချိုနဲ့ ပတ်သတ်ပြီး သူတို့ဆီကို တရားဝင် ကမ်းလှမ်းမှုတွေ ရောက်မလာသေးဘူး လို့ ဆိုထားပေမယ့် တကယ်တမ်း မှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို လုပ်ဆောင်ပေးဖို့ အေးဂျင့်တချို့နဲ့ ချိတ်ဆက် ထားပြီး မန်ယူအသင်းဘက်က ရောက်လာတဲ့ တာဝန်ရှိသူတွေကိုလည်း အေးဂျင့်တွေနဲ့သာ တွေ့ဆုံခိုင်းထားပါတယ်။ ယခု အပြောင်းအရွှေ့ မှာ ဒေါ့မွန်အသင်းဘက်ကနေ အဓိက ဆွေးနွေးနေတဲ့ အေးဂျင့်ဟာ ဒမ်ဘီလီ ၊ အူဘာမီယန်းတို့ရဲ့ အပြောင်းအရွှေ့တွေ ဖြစ်မြောက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ အေးဂျင့်လည်း ဖြစ်ပါတယ်။

ယူနိုက်တက် ဟာ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဆန္ဒပြင်းပျနေဆဲ ဖြစ်သလို အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းဖို့ဟာလည်း ရက်အတော်များများ ကျန်ရှိနေသေးတာကြောင့် ဆန်ချိုဟာ ယူနိုက်တက်ထံ ဒီနွေမှာပဲ ရောက်ရင် ရောက်လာနိုင်သေးတယ်လို့ ဆိုရမှာပါ။