မန္ခ်က္စတာ ယူနိုက္တက္ အသင္းသားေတြက လံုး၀ ပြဲပန္းေနခဲ့ပါျပီ
မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ကိုပင္ေဟဂင္ကို အခ်ိန္ပိုမွာ ၁-၀နဲ႔ အႏိုင္ရရွိၿပီး ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ကို ေရာက္ရွိၿပီးေနာက္ အသင္းဟာ ႐ုပ္ပိုင္းဆိုင္ရာအရ လုံးဝပင္ပန္းေနၿပီလို႔ ကြင္းလယ္လူ ဟြမ္မာတာက ဝန္ခံခဲ့ပါတယ္။
ညကပြဲမွာ ယူနုိက္တက္ဟာ ေဘာလုံးပိုင္ဆိုင္မႈနဲ႔အခြင့္အေရးမွာ ပိုသာခဲ့ေပမယ့္လဲ ေနာက္ဆုံးအႏိုင္မရခင္အထိ အဆုံးသတ္ညံ့ဖ်င္းမႈ၊ ဂိုးသမားလက္စြမ္းျပမႈနဲ႔ ကံမလိုက္မႈေတြေၾကာင့္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္ေနခဲ့တာပါ။ ယူႏိုက္တက္ ဟာ ဂိုးရႏိုင္ေျခ ၂ႀကိမ္ရွိခဲ့ၿပီး ဂရင္းဝုဒ္ရဲ႕ ပထမပိုင္းကန္ခ်က္က လူကြၽံေနခဲ့သလို ကိုပင္ေဟဂင္ဂိုးသမားလဲ ယူ႐ိုပါလိဂ္မွာစံခ်ိန္တင္ကာကြယ္မႈ ၁၃ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ေနာက္ဆုံးမွာေတာ့ ဂိုးသမား ဂြၽန္ဆင္လဲ အခ်ိန္ပိုပထမပိုင္း ပင္နယ္တီေၾကာင့္ က်ရႈံးခဲ့ရၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးေထာင့္ထဲကို ပိုင္ပိုင္ႏိုင္ႏိုင္ ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ဒီနုိင္ပြဲေၾကာင့္ ယူနုိက္တက္ဟာ ဆီမီးအဆင့္ကိုတ က္ေရာက္နုိင္ခဲ့တာပါ။
ရွည္လ်ားတဲ့ ရာသီကို ကစားခဲ့ရတဲ့ ႏွစ္သင္းလုံးဟာ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ မိနစ္၁၂၀အထိ ကစားခဲ့ရတာေၾကာင့္ ေျခကုန္လက္ပမ္းက်ေနပုံေပၚခဲ့ၿပီး ယူႏိုက္တက္ကစားသမားေတြဟာ ဒီလိုခက္ခဲတဲ့ ၿပိဳင္ဘက္ေတြေၾကာင့္ အေတာ္ေလးပင္ပန္းခဲ့ရေၾကာင္း မာတာက ဝန္ခံခဲ့ပါတယ္။
“အသင္းက ႐ုပ္ပိုင္းဆိုင္ရာအရ လုံးဝပင္ပန္းေနပါၿပီ၊ ဒီရာသီ ဒီအဆင့္မွာ ဒီေန႔လို ပြဲေတြကို အႏိုင္ရဖို႔ အေရးႀကီးပါတယ္၊ ကြၽန္ေတာ္တို႔ ခဏေလာက္ဂ်ာမနီမွာေနေနၿပီးေတာ့ ေအာင္ျမင္မႈ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ ႏွစ္သင္းလုံးက အနည္းငယ္ ပင္ပန္းေနခဲ့ၿပီး ေနရာလြတ္ေတြ၊ အခြင့္အေရးေတြ ပိုရခဲ့ပါတယ္။
သူတို႔ ေကာင္းေကာင္းကစားခဲ့ၿပီး ခ်ီးက်ဴးစရာ ေကာင္းပါတယ္၊ ကြၽန္ေတာ္တို႔ေတြ အခ်ိန္ပိုမွာ ဂိုးေတြပိုသြင္းႏိုင္ခဲ့သင့္တာပါ၊ ဒါေပမယ့္ အႏိုင္ရခဲ့တာပါပဲ၊ ဒီေလာက္နဲ႔ေတာ့ ေက်နပ္ေနလို႔မရပါဘူး၊ အခုက အင္အားျပန္ျပည့္ေအာင္လုပ္ၿပီး ေနာက္တစ္ဆင့္မွာ ေတြ႕ရမယ့္ အသင္းကို ေစာင့္ရမယ့္အခ်ိန္ပါပဲ”လို႔ မာတာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
Uni – မန်ချက်စတာယူနိုက်တက်အနေနဲ့ ကိုပင်ဟေဂင်ကို အချိန်ပိုမှာ ၁-ဝနဲ့ အနိုင်ရရှိပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိပြီးနောက် အသင်းဟာ ရုပ်ပိုင်းဆိုင်ရာအရ လုံးဝပင်ပန်းနေပြီလို့ ကွင်းလယ်လူ ဟွမ်မာတာက ဝန်ခံခဲ့ပါတယ်။
ညကပွဲမှာ ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့အခွင့်အရေးမှာ ပိုသာခဲ့ပေမယ့်လဲ နောက်ဆုံးအနိုင်မရခင်အထိ အဆုံးသတ်ညံ့ဖျင်းမှု၊ ဂိုးသမားလက်စွမ်းပြမှုနဲ့ ကံမလိုက်မှုတွေကြောင့် ဂိုးပေါက်နဲ့ လွဲချော်နေခဲ့တာပါ။ ယူနိုက်တက် ဟာ ဂိုးရနိုင်ခြေ ၂ကြိမ်ရှိခဲ့ပြီး ဂရင်းဝုဒ်ရဲ့ ပထမပိုင်းကန်ချက်က လူကျွံနေခဲ့သလို ကိုပင်ဟေဂင်ဂိုးသမားလဲ ယူရိုပါလိဂ်မှာစံချိန်တင်ကာကွယ်မှု ၁၃ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဂိုးသမား ဂျွန်ဆင်လဲ အချိန်ပိုပထမပိုင်း ပင်နယ်တီကြောင့် ကျရှုံးခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်က ဂိုးထောင့်ထဲကို ပိုင်ပိုင်နိုင်နိုင် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ဆီမီးအဆင့်ကိုတ က်ရောက်နိုင်ခဲ့တာပါ။
ရှည်လျားတဲ့ ရာသီကို ကစားခဲ့ရတဲ့ နှစ်သင်းလုံးဟာ ပွဲသိမ်းခရာမှုတ်ချိန်မှာ မိနစ်၁၂၀အထိ ကစားခဲ့ရတာကြောင့် ခြေကုန်လက်ပမ်းကျနေပုံပေါ်ခဲ့ပြီး ယူနိုက်တက်ကစားသမားတွေဟာ ဒီလိုခက်ခဲတဲ့ ပြိုင်ဘက်တွေကြောင့် အတော်လေးပင်ပန်းခဲ့ရကြောင်း မာတာက ဝန်ခံခဲ့ပါတယ်။
“အသင်းက ရုပ်ပိုင်းဆိုင်ရာအရ လုံးဝပင်ပန်းနေပါပြီ၊ ဒီရာသီ ဒီအဆင့်မှာ ဒီနေ့လို ပွဲတွေကို အနိုင်ရဖို့ အရေးကြီးပါတယ်၊ ကျွန်တော်တို့ ခဏလောက်ဂျာမနီမှာနေနေပြီးတော့ အောင်မြင်မှု ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်၊ နှစ်သင်းလုံးက အနည်းငယ် ပင်ပန်းနေခဲ့ပြီး နေရာလွတ်တွေ၊ အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။
သူတို့ ကောင်းကောင်းကစားခဲ့ပြီး ချီးကျူးစရာ ကောင်းပါတယ်၊ ကျွန်တော်တို့တွေ အချိန်ပိုမှာ ဂိုးတွေပိုသွင်းနိုင်ခဲ့သင့်တာပါ၊ ဒါပေမယ့် အနိုင်ရခဲ့တာပါပဲ၊ ဒီလောက်နဲ့တော့ ကျေနပ်နေလို့မရပါဘူး၊ အခုက အင်အားပြန်ပြည့်အောင်လုပ်ပြီး နောက်တစ်ဆင့်မှာ တွေ့ရမယ့် အသင်းကို စောင့်ရမယ့်အချိန်ပါပဲ”လို့ မာတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။