ဆန္ခ်ိဳ မရရင္ ခ်ယ္ဆီး ခ်ိတ္ထားတဲ့ ကိုင္ဟာဗက္ဇ္ကို ၾကားျဖတ္ ၀င္ေခၚဖို႔ ယူနုိက္တက္ ၾကံရြယ္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂ်ာဒန္ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့ရင္ ခ်ယ္ဆီးအသင္းက ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ကိုင္ဟာဗက္ဇ္ကို ၾကားျဖတ္ေခၚယူဖို႔ ႀကိဳးစားလာႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ဟာဗက္ဇ္ကေတာ့ ဒီေႏြရာသီမွာ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းကို ေရာက္ဖို႔မ်ားေနတဲ့ ကစားသမားျဖစ္ပါတယ္။ ေလဗာကူဆင္ ကြင္းလယ္လူကို စိတ္ဝင္စားေနတဲ့ အသင္းေတြထဲမွာ ခ်ယ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္အသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးတို႔လို အသင္းေတြလည္း ပါဝင္လ်က္ရွိပါတယ္။
ယူႏိုက္တက္ကေတာ့ လက္ရွိေႏြရာသီရဲ႕ အဓိက ပစ္မွတ္အျဖစ္ ဆန္ခ်ိဳကို သတ္မွတ္ထားေသာ္လည္း ေဒါ့မြန္အသင္းက သူတို႔ရဲ႕ ၾကယ္ပြင့္အတြက္ ေပါင္သန္း ၁၀၀ ေက်ာ္ အလိုရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္လာျခင္းေတာ့ မရွိေသးပါဘူး။ တနလၤာေန႔ကပဲ ဘြန္ဒက္လီဂါကလပ္က ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈက သူတို႔ ေမွ်ာ္လင့္ထားတာနဲ႔ အလွမ္းကြာလြန္းေနတာေၾကာင့္ ဆန္ခ်ိဳက ဂ်ာမနီမွာပဲ ဆက္ေနလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။
ယူႏိုက္တက္ကေတာ့ ဆန္ခ်ိဳကို လက္မေလွ်ာ့ေသးေပမယ့္ ဆက္လက္ ၾကန္႔ၾကာေနဦးမယ္ဆိုရင္ေတာ့ ဟာဗက္ဇ္ကို အစားထိုး ကမ္းလွမ္းဖို႔ ႀကိဳးစားလာလိမ့္မယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။ ေလဗာကူဆင္ကေတာ့ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ ၁၈ ဂိုး သြင္းၿပီး ၉ ဂိုး ဖန္တီးေပးခဲ့တဲ့ ၂၁ ႏွစ္အရြယ္ ကိုင္ဟာဗက္ဇ္ ကို ေပါင္သန္း ၉၀ တန္ေၾကး သတ္မွတ္ထားပါတယ္။
ခ်ယ္ဆီးကလည္း ကြင္းလယ္ တိုက္စစ္ကစားသမားကို ေခၚယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး ေအဂ်က္စ္က ေခၚယူထားတဲ့ ဇီယက္ခ်္နဲ႔ လိုက္ပ္ဇစ္က ေခၚယူထားတဲ့ တီမိုဝါနာတို႔နဲ႔ တြဲဖက္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီလအေစာပိုင္းတုန္းကေတာ့ ေလဗာကူဆင္ အားကစား ဒါ႐ိုက္တာ ႐ူဒီေဗာ္လာက အသင္းရဲ႕ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲ မၿပီးမခ်င္း ဟာဗက္ဇ္က ဘယ္ကိုမွ ေျပာင္းေ႐ႊ႕မွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။
ဒါေပမယ့္ ေလာေလာဆယ္မွာ လီဗာကူဆင္ က ယူရိုပါလိဂ္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္လို႔ ကိုင္ဟာဗက္ဇ္ အေျပာင္းအေရႊ႕ ကိစၥက အရိွန္ျမွင့္လာဖြယ္ ရွီပါတယ္။ ယူနိုက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အဆင္မေျပေတာ့ရင္ သံုးဖို႔ ျပငထားတဲ့ ေပါင္သန္း ၈၀ ကို ယူႏိုက္တက္က ဟာဗက္ဇ္အတြက္ ေျပာင္းလဲ အသုံးျပဳသြားဖြယ္ ရွိေနပါတယ္။
Uni – မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာဒန်ဆန်ချိုရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရင် ချယ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကိုင်ဟာဗက်ဇ်ကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဟာဗက်ဇ်ကတော့ ဒီနွေရာသီမှာ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းကို ရောက်ဖို့များနေတဲ့ ကစားသမားဖြစ်ပါတယ်။ လေဗာကူဆင် ကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချယ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့လို အသင်းတွေလည်း ပါဝင်လျက်ရှိပါတယ်။
ယူနိုက်တက်ကတော့ လက်ရှိနွေရာသီရဲ့ အဓိက ပစ်မှတ်အဖြစ် ဆန်ချိုကို သတ်မှတ်ထားသော်လည်း ဒေါ့မွန်အသင်းက သူတို့ရဲ့ ကြယ်ပွင့်အတွက် ပေါင်သန်း ၁၀၀ ကျော် အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာခြင်းတော့ မရှိသေးပါဘူး။ တနင်္လာနေ့ကပဲ ဘွန်ဒက်လီဂါကလပ်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက သူတို့ မျှော်လင့်ထားတာနဲ့ အလှမ်းကွာလွန်းနေတာကြောင့် ဆန်ချိုက ဂျာမနီမှာပဲ ဆက်နေလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ဆန်ချိုကို လက်မလျှော့သေးပေမယ့် ဆက်လက် ကြန့်ကြာနေဦးမယ်ဆိုရင်တော့ ဟာဗက်ဇ်ကို အစားထိုး ကမ်းလှမ်းဖို့ ကြိုးစားလာလိမ့်မယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ လေဗာကူဆင်ကတော့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၈ ဂိုး သွင်းပြီး ၉ ဂိုး ဖန်တီးပေးခဲ့တဲ့ ၂၁ နှစ်အရွယ် ကိုင်ဟာဗက်ဇ် ကို ပေါင်သန်း ၉၀ တန်ကြေး သတ်မှတ်ထားပါတယ်။
ချယ်ဆီးကလည်း ကွင်းလယ် တိုက်စစ်ကစားသမားကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး အေဂျက်စ်က ခေါ်ယူထားတဲ့ ဇီယက်ချ်နဲ့ လိုက်ပ်ဇစ်က ခေါ်ယူထားတဲ့ တီမိုဝါနာတို့နဲ့ တွဲဖက်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလအစောပိုင်းတုန်းကတော့ လေဗာကူဆင် အားကစား ဒါရိုက်တာ ရူဒီဗော်လာက အသင်းရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ မပြီးမချင်း ဟာဗက်ဇ်က ဘယ်ကိုမှ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ဒါပေမယ့် လောလောဆယ်မှာ လီဗာကူဆင် က ယူရိုပါလိဂ် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်လို့ ကိုင်ဟာဗက်ဇ် အပြောင်းအရွှေ့ ကိစ္စက အရှိန်မြှင့်လာဖွယ် ရှီပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေတော့ရင် သုံးဖို့ ပြငထားတဲ့ ပေါင်သန်း ၈၀ ကို ယူနိုက်တက်က ဟာဗက်ဇ်အတွက် ပြောင်းလဲ အသုံးပြုသွားဖွယ် ရှိနေပါတယ်။