ယူနုိက္တက္နဲ႕ အာဆင္နယ္ၾကား ျပတ္ျပတ္သားသား ေရြးေတာ့မယ့္ မက္ဂါးလက္စ္

မန္ခ်က္စတာယူႏိုက္တက္နဲ႔အာဆင္နယ္တို႔ရဲ႕ စိတ္ဝင္စားမႈေတြရွိေနတာနဲ႔အတူ လိုင္လီေနာက္ခံလူ ေဂဘရီရယ္ မက္ဂါးလက္စ္ အေနနဲ႔ ဒီတစ္ပတ္မွာ သူ႔ရဲ႕အသင္းသစ္ ျဖစ္လာမယ့္ ကလပ္နဲ႔ ပတ္သက္လို႔ ဆုံးျဖတ္ခ်က္ ခ်ရေတာ့မွာ ျဖစ္ပါတယ္။

ယူႏိုက္တက္က ဒီေႏြမွာ အသင္းကို အားျဖည့္ဖို႔ အလိုရွိေနၿပီး ဆိုးလ္ရွားက ေတာင္ပံေနရာမွာ ဆန္ခ်ိဳ၊ ကြင္းလယ္မွာ ဂ်က္ဂရီးလစ္နဲ႔ ဗဟို ကြင္းလယ္ ကစားသမားေတြကို ပစ္မွတ္ထားေနတာပါ။ ဒါေပမယ့္ မက္ဂါးလက္စ္နဲ႔ ယူႏိုက္တက္ၾကား ခ်ိတ္ဆက္မႈေတြ ရွိေနတဲ့ၾကားက ေနာ္ေဝသားက အသင္းခံစစ္ကို အင္အားျဖည့္တင္းဖို႔ ျဖစ္ႏိုင္ေျခကိုလဲ မျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၂ႏွစ္ အ႐ြယ္ ကစားသမားဟာ သူ႔အသင္းကို ထိပ္ဆုံးေလးသင္းထဲဝင္ေအာင္ ကူညီေပးခဲ့သလို ဒီရာသီ လီဂူးဝမ္းမွာ အထင္ႀကီးစရာ စြမ္းေဆာင္ျပခဲ့ၿပီးဒီေႏြမွာ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

နာပိုလီနဲ႔ အဲဗာတန္တို႔ကလဲ သူ႔ကို စိတ္ဝင္စားေနတာနဲ႔အတူ မက္ဂါးလက္စ္အေနနဲ႔ ဒီတစ္ပတ္အကုန္မွာ သူ႔အနာဂတ္ကို ဆုံးျဖတ္ခ်က္ခ်ရဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အာဆင္နယ္က အသက္၂၂ႏွစ္ အ႐ြယ္ ကစားသမားကို ေခၚယူႏိုင္ဖို႔ ေရပန္းစားေနၿပီး ကစားသမား ကိုယ္တိုင္လဲ တတ္ႏိုင္သေလာက္ ျမန္ျမန္ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ စိတ္အားထက္သန္ေနတာပါ။

ယူႏိုက္တက္ကေတာ့ အဓိကပစ္မွတ္ဆန္ခ်ိဳကိုမေခၚႏိုင္ခဲ့ရင္ ဒီေႏြမွာ ဒမ္ဘီလီကိုေခၚယူဖို႔အခြင့္အေရးကို ကမ္းလွမ္းမႈနဲ႔ပတ္သက္လို႔ စိုးရိမ္စရာေတြ ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ဘာစီလိုနာထံကေန ဒမ္ဘီလီကို ေခၚယူဖို႔ ျဖစ္ႏိုင္ေျခအေပၚ အခ်က္အလက္ေတြရရွိခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔လုံးပမ္းေနရတဲ့ကစားသမားအေပၚ ေငြကုန္ေၾကးက်ခံဖို႔အေရးအတြက္ လက္တြန္ေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳအစား အရန္အေနနဲ႔ ဒမ္ဘီလီအျပင္ ကင္စေလ ကိုးမန္း၊ သီယာဂို အယ္မာဒါနဲ မာတန္ဒိုတို႔ကိုလဲ ပစ္မွတ္ထားဖို႔ စဥ္းစားေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

Uni – မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားမှုတွေရှိနေတာနဲ့အတူ လိုင်လီနောက်ခံလူ ဂေဘရီရယ် မက်ဂါးလက်စ် အနေနဲ့ ဒီတစ်ပတ်မှာ သူ့ရဲ့အသင်းသစ် ဖြစ်လာမယ့် ကလပ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဒီနွေမှာ အသင်းကို အားဖြည့်ဖို့ အလိုရှိနေပြီး ဆိုးလ်ရှားက တောင်ပံနေရာမှာ ဆန်ချို၊ ကွင်းလယ်မှာ ဂျက်ဂရီးလစ်နဲ့ ဗဟို ကွင်းလယ် ကစားသမားတွေကို ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့် မက်ဂါးလက်စ်နဲ့ ယူနိုက်တက်ကြား ချိတ်ဆက်မှုတွေ ရှိနေတဲ့ကြားက နော်ဝေသားက အသင်းခံစစ်ကို အင်အားဖြည့်တင်းဖို့ ဖြစ်နိုင်ခြေကိုလဲ မငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂နှစ် အရွယ် ကစားသမားဟာ သူ့အသင်းကို ထိပ်ဆုံးလေးသင်းထဲဝင်အောင် ကူညီပေးခဲ့သလို ဒီရာသီ လီဂူးဝမ်းမှာ အထင်ကြီးစရာ စွမ်းဆောင်ပြခဲ့ပြီးဒီနွေမှာ အပြောင်းအရွှေ့လုပ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

နာပိုလီနဲ့ အဲဗာတန်တို့ကလဲ သူ့ကို စိတ်ဝင်စားနေတာနဲ့အတူ မက်ဂါးလက်စ်အနေနဲ့ ဒီတစ်ပတ်အကုန်မှာ သူ့အနာဂတ်ကို ဆုံးဖြတ်ချက်ချရဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဆင်နယ်က အသက်၂၂နှစ် အရွယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပြီး ကစားသမား ကိုယ်တိုင်လဲ တတ်နိုင်သလောက် မြန်မြန် အပြောင်းအရွှေ့လုပ်ဖို့ စိတ်အားထက်သန်နေတာပါ။

ယူနိုက်တက်ကတော့ အဓိကပစ်မှတ်ဆန်ချိုကိုမခေါ်နိုင်ခဲ့ရင် ဒီနွေမှာ ဒမ်ဘီလီကိုခေါ်ယူဖို့အခွင့်အရေးကို ကမ်းလှမ်းမှုနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဘာစီလိုနာထံကနေ ဒမ်ဘီလီကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေအပေါ် အချက်အလက်တွေရရှိခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့လုံးပမ်းနေရတဲ့ကစားသမားအပေါ် ငွေကုန်ကြေးကျခံဖို့အရေးအတွက် လက်တွန်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအစား အရန်အနေနဲ့ ဒမ်ဘီလီအပြင် ကင်စလေ ကိုးမန်း၊ သီယာဂို အယ်မာဒါနဲ မာတန်ဒိုတို့ကိုလဲ ပစ်မှတ်ထားဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။