ယူနိုက္တက္နဲ႕ ဗိုလ္လုပြဲမွာ ေတြ႔ရင္ လက္စားေခ်ဖို႔ လူကာကူ အားကုန္ ၾကိဳးစားလိမ့္မယ္
ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း လူကာကူဟာ အသင္းေဟာင္းနဲ႕ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲတြင္ ရင္ဆိုင္ကစားေတြ႕ပါက ကလဲ့စားေခ်ရန္ႀကိဳးပမ္းလာမွာျဖစ္ေၾကာင္း မန္ယူတိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္ကေျပာၾကားလိုက္ပါတယ္။ အင္တာမီလန္မွာ ေျခစြမ္းျပေနျပီ ျဖစ္တဲ့ လူကာကူဟာ ယူနိုက္တက္မွာ နွစ္ရာသီ ကစားၿပီးေနာက္ ျပီးခဲ့တဲ့ေ ေႏြရာသီတုန္းက အင္တာမီလန္သို႔ ေပါင္၇၄သန္းျဖင့္ ေျပာင္းခဲ့ကာ ခ်ယ္ဆီးနည္းျပေဟာင္း ကြန္တီႏွင့္ လက္တြဲခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ တိုက္စစ္မႉးဟာ မန္ယူနိုက္တက္ အတြက္ ၉၆ပြဲ ကစားရာမွာ ၄၂ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ယူနိုက္တက္မွာ ေဝဖန္မႈမ်ားႏွင့္သာ ႀကဳံခဲ့ရသူျဖစ္ပါတယ္။ သူဟာ အီတလီသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ အေကာင္းဆုံး ပုံစံရရွိေနကာ အင္တာမီလန္အတြက္ ၄၉ပြဲ ကစားရာမွာ၃၁ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။
နည္းျပ ကြန္တီ ဦးေဆာင္တဲ့ အင္တာမီလန္ဟာ ဆီမီးဖိုင္နယ္မွာ ရွက္တာဒိုးနက္စ္အား ေက်ာ္ျဖတ္ႏိုင္မည္ဆိုပါက ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲတြင္ ယူနုိက္တက္နွင့္ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။
မန္ယူနိုက္တက္ မွာလည္း ယူ႐ိုပါလိဂ္ဆီမီးဖို္င္နယ္မွာ ဆီဗီလာႏွင့္ ရင္ဆိုင္ရပါမယ္။ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က ဗိုလ္လုပြဲတြင္သာ ယူႏိုက္တက္ နွင့္ ရင္ဆိုင္ရမည္ဆိုပါက လူကာကူမွာ အသင္းေဟာင္းကို အႏိုင္ယူေရးအတြက္ အစြမ္းကုန္ႀကိဳးပမ္းလာႏိုင္တယ္လို႔ ဆိုသြားပါတယ္။
ဘာဘာေတာ့ဗ္က ” လူကာကူက ကြၽန္ေတာ့္အတြက္ စိုးရိမ္စရာတစ္ခုျဖစ္ေနပါတယ္။ သူဟာ ဒီရာသီမွာ အင္တာအတြက္ ၂၃ဂိုး(စီးရီးေအ) သြင္းထားႏိုင္တယ္။ ဒါကႀကီးမားတဲ့ေအာင္ျမင္မႈ တစ္ခုပါ။ သူ႔ကို ကစားသမားတစ္ဦးအေနနဲ႔ ႀကိဳက္တယ္လို႔ ကြၽန္ေတာ္အၿမဲေျပာလာခဲ့တာပါ။ သူက အခြင့္အေရးရရင္ ဂိုးသြင္းႏိုင္တဲ့သူပါ။ သူကျမန္တယ္။ ေတာင့္တင္းတယ္။ ဘယ္အသင္းနဲ႔ဆုံဆုံ သူက အႏၲရာယ္ေပးႏိုင္တဲ့ ကစားသမား ျဖစ္ပါတယ္။
အင္တာမွာ အက္ရွ္ေလယန္း၊ ဆန္းခ်က္ဇ္တို႔လို မန္ယူနိုက္တက္ အေၾကာင္း ေကာင္းေကာင္း သိတဲ့သူေတြ ရွိပါေသးတယ္။ တကယ္လို႔ သူတို႔သာ မန္ယူနဲ႔ဗိုလ္လုပြဲမွာ ကစားရမယ္ ဆိုရင္ ဒီကစားသမားေတြဟာ မန္ယူကို ကလဲ့စားေခ်ဖို႔ႀကိဳးပမ္းၾကပါလိမ့္မယ္။ မန္ယူကသူတို႔ကို ထြက္ခြာေပးခဲ့တာ မွားတယ္ဆိုတာျပသဖို႔ႀကိဳးပမ္းၾကပါလိမ့္မယ္။ လူကာကူကလည္း ဂိုးအခ်ိဳ႕ သြင္းခ်င္ပါလိမ့္မယ္။ လူကာကူဟာ မန္ယူမွာတုန္းက ေဝဖန္မႈအႀကီးအက်ယ္ခံခဲ့ရတာပါ။ သူထြက္သြားတာ မွန္တယ္။ အခု သူ႔ကို ၾကည့္လိုက္စမ္း။ အင္တာမွာ ဘယ္ေလာက္ေကာင္းေနလဲ” လို႔ေျပာၾကားသြားပါတယ္။

Uni – ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူဟာ အသင်းဟောင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ရင်ဆိုင်ကစားတွေ့ပါက ကလဲ့စားချေရန်ကြိုးပမ်းလာမှာဖြစ်ကြောင်း မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကပြောကြားလိုက်ပါတယ်။ အင်တာမီလန်မှာ ခြေစွမ်းပြနေပြီ ဖြစ်တဲ့ လူကာကူဟာ ယူနိုက်တက်မှာ နှစ်ရာသီ ကစားပြီးနောက် ပြီးခဲ့တဲ့ေ နွေရာသီတုန်းက အင်တာမီလန်သို့ ပေါင်၇၄သန်းဖြင့် ပြောင်းခဲ့ကာ ချယ်ဆီးနည်းပြဟောင်း ကွန်တီနှင့် လက်တွဲခဲ့ပါတယ်။
ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးဟာ မန်ယူနိုက်တက် အတွက် ၉၆ပွဲ ကစားရာမှာ ၄၂ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်မှာ ဝေဖန်မှုများနှင့်သာ ကြုံခဲ့ရသူဖြစ်ပါတယ်။ သူဟာ အီတလီသို့ပြောင်းရွှေ့ခဲ့ပြီးနောက် အကောင်းဆုံး ပုံစံရရှိနေကာ အင်တာမီလန်အတွက် ၄၉ပွဲ ကစားရာမှာ၃၁ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
နည်းပြ ကွန်တီ ဦးဆောင်တဲ့ အင်တာမီလန်ဟာ ဆီမီးဖိုင်နယ်မှာ ရှက်တာဒိုးနက်စ်အား ကျော်ဖြတ်နိုင်မည်ဆိုပါက ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ယူနိုက်တက်နှင့် ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
မန်ယူနိုက်တက် မှာလည်း ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဆီဗီလာနှင့် ရင်ဆိုင်ရပါမယ်။ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဗိုလ်လုပွဲတွင်သာ ယူနိုက်တက် နှင့် ရင်ဆိုင်ရမည်ဆိုပါက လူကာကူမှာ အသင်းဟောင်းကို အနိုင်ယူရေးအတွက် အစွမ်းကုန်ကြိုးပမ်းလာနိုင်တယ်လို့ ဆိုသွားပါတယ်။
ဘာဘာတော့ဗ်က ” လူကာကူက ကျွန်တော့်အတွက် စိုးရိမ်စရာတစ်ခုဖြစ်နေပါတယ်။ သူဟာ ဒီရာသီမှာ အင်တာအတွက် ၂၃ဂိုး(စီးရီးအေ) သွင်းထားနိုင်တယ်။ ဒါကကြီးမားတဲ့အောင်မြင်မှု တစ်ခုပါ။ သူ့ကို ကစားသမားတစ်ဦးအနေနဲ့ ကြိုက်တယ်လို့ ကျွန်တော်အမြဲပြောလာခဲ့တာပါ။ သူက အခွင့်အရေးရရင် ဂိုးသွင်းနိုင်တဲ့သူပါ။ သူကမြန်တယ်။ တောင့်တင်းတယ်။ ဘယ်အသင်းနဲ့ဆုံဆုံ သူက အန္တရာယ်ပေးနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။
အင်တာမှာ အက်ရှ်လေယန်း၊ ဆန်းချက်ဇ်တို့လို မန်ယူနိုက်တက် အကြောင်း ကောင်းကောင်း သိတဲ့သူတွေ ရှိပါသေးတယ်။ တကယ်လို့ သူတို့သာ မန်ယူနဲ့ဗိုလ်လုပွဲမှာ ကစားရမယ် ဆိုရင် ဒီကစားသမားတွေဟာ မန်ယူကို ကလဲ့စားချေဖို့ကြိုးပမ်းကြပါလိမ့်မယ်။ မန်ယူကသူတို့ကို ထွက်ခွာပေးခဲ့တာ မှားတယ်ဆိုတာပြသဖို့ကြိုးပမ်းကြပါလိမ့်မယ်။ လူကာကူကလည်း ဂိုးအချို့ သွင်းချင်ပါလိမ့်မယ်။ လူကာကူဟာ မန်ယူမှာတုန်းက ဝေဖန်မှုအကြီးအကျယ်ခံခဲ့ရတာပါ။ သူထွက်သွားတာ မှန်တယ်။ အခု သူ့ကို ကြည့်လိုက်စမ်း။ အင်တာမှာ ဘယ်လောက်ကောင်းနေလဲ” လို့ပြောကြားသွားပါတယ်။
