ဆန္ခ်ိဳကို အခု မေခၚရင္ ေနာက္နွစ္မွာ ယူနိုက္တက္က ရီးရဲလ္ ဘာစီလိုနာတို႔နဲ႕ အျပိဳင္ၾကိဳးစားရဖို႔ ရွိေန

ယူႏိုက္တက္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕ရဲ႕ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ဆန္ခ်ိဳကို ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ မေခၚယူႏိုင္ခဲ့ရင္ လာမယ့္ႏွစ္မွာေတာ့ ရီးရဲလ္၊ ဘာစီလိုနာတို႔နဲ႔ အၿပိဳင္ ေခၚယူရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ေဒါ့မြန္ဘက္က သတ္မွတ္ေပးထားတဲ့ ၾသဂုတ္လ ၁၀ ရက္ေန႔မတိုင္ခင္ ဆန္ခ်ိဳကို ေခၚယူဖို႔ မျဖစ္ခဲ့တာ ေၾကာင့္ ေဒါ့မြန္မွာပဲ ဆန္ခ်ိဳ ဆက္ကစားေတာ့မယ္လို႔ အားကစား ဒါ႐ိုက္တာ မိုက္ကယ္ေဇာ့က ေျပာခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကိုေခၚယူဖို႔အတြက္ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတြ ရထားခဲ့ေပမယ့္ ႏွစ္သင္းၾကား ေျပာင္းေရႊ႕ ေၾကး ညွိႏိႈင္းမႈ အဆင္မေျပတာေၾကာင့္ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတာပဲျဖစ္ပါတယ္။ ေဒါ့မြန္ဘက္က ဆန္ခ်ိဳကို မေရာင္းခ် ေတာ့ဘူး ဆိုေပမယ့္ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကေတာ့ အေျပာင္းအေရႊ႕ ေစ်းကြက္မပိတ္ခင္မွာ ေခၚယူဖို႔ ထပ္မံ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ဆန္ခ်ိဳအေနနဲ႔ ေဒါ့မြန္အသင္းမွာပဲ ဆက္ကစားေနျဖစ္မယ္ဆိုရင္ လာလီဂါထိပ္သီးကလပ္ ေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔က ေနာက္ႏွစ္ေႏြရာသီမွာ ဆန္ခ်ိဳကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ တစ္ ကမ႓ာ့လံုးမွာ ျဖစ္ပြားခဲ့တဲ့ ဗိုင္းရပ္စ္ေၾကာင့္ ရီးရဲလ္၊ ဘာစီလိုနာတို႔ဟာ ဒီႏွစ္မွာ ေျပာင္းေရႊ႕ေၾကးအတြက္ေငြေၾကးအမ်ားႀကီး မသံုးခ်င္တာေၾကာင့္ ဆန္ခ်ိဳကို ဒီႏွစ္မွာ ေခၚယူဖို႔အတြက္ မလုပ္ေဆာင္တာျဖစ္တယ္လို႔ သိရပါတယ္။

ရီးရဲလ္ဥကၠဌ ဖေလာ္ရန္တီႏိုပီရက္ဇ္က “ အခုအေျခအေနက လံုးဝမေကာင္းပါဘူး။ နာမည္ႀကီးကစားသမားတစ္ေယာက္ ကို ေခၚယူဖို႔ အတြက္ေရာ သူကိုေပးေခ်ရမယ့္လစာအတြက္ပါ အဆင္မေျပႏိုင္ပါဘူး။ အေျခအေနေတြေျပာင္းလဲသြားၿပီး တည္ၿငိမ္သြားမွာ ရီးရဲလ္အေနနဲ႔ ကစားသမားေကာင္းေတြကို ေခၚယူသြားမွာပါ” လို႔ေျပာခဲ့ပါတယ္။ ဘာစီလိုနာအေနနဲ႔ လည္း လက္ရွိအခ်ိန္မွာ ေငြေၾကးမ်ားစြာအသံုးျပဳၿပီး ကစားသမားေကာင္းေတြေခၚယူဦးမွာမဟုတ္ဘူးလို႔ သိရပါတယ္။

Uni – ယူနိုက်တက်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ မခေါ်ယူနိုင်ခဲ့ရင် လာမယ့်နှစ်မှာတော့ ရီးရဲလ်၊ ဘာစီလိုနာတို့နဲ့ အပြိုင် ခေါ်ယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒေါ့မွန်ဘက်က သတ်မှတ်ပေးထားတဲ့ သြဂုတ်လ ၁၀ ရက်နေ့မတိုင်ခင် ဆန်ချိုကို ခေါ်ယူဖို့ မဖြစ်ခဲ့တာ ကြောင့် ဒေါ့မွန်မှာပဲ ဆန်ချို ဆက်ကစားတော့မယ်လို့ အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့က ပြောခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေ ရထားခဲ့ပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ ကြေး ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ခေါ်ယူဖို့ နှောင့်နှေးနေတာပဲဖြစ်ပါတယ်။ ဒေါ့မွန်ဘက်က ဆန်ချိုကို မရောင်းချ တော့ဘူး ဆိုပေမယ့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ခေါ်ယူဖို့ ထပ်မံ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာပဲ ဆက်ကစားနေဖြစ်မယ်ဆိုရင် လာလီဂါထိပ်သီးကလပ် တွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာတို့က နောက်နှစ်နွေရာသီမှာ ဆန်ချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ တစ် ကမ္ဘာ့လုံးမှာ ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်ကြောင့် ရီးရဲလ်၊ ဘာစီလိုနာတို့ဟာ ဒီနှစ်မှာ ပြောင်းရွှေ့ကြေးအတွက်ငွေကြေးအများကြီး မသုံးချင်တာကြောင့် ဆန်ချိုကို ဒီနှစ်မှာ ခေါ်ယူဖို့အတွက် မလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က “ အခုအခြေအနေက လုံးဝမကောင်းပါဘူး။ နာမည်ကြီးကစားသမားတစ်ယောက် ကို ခေါ်ယူဖို့ အတွက်ရော သူကိုပေးချေရမယ့်လစာအတွက်ပါ အဆင်မပြေနိုင်ပါဘူး။ အခြေအနေတွေပြောင်းလဲသွားပြီး တည်ငြိမ်သွားမှာ ရီးရဲလ်အနေနဲ့ ကစားသမားကောင်းတွေကို ခေါ်ယူသွားမှာပါ” လို့ပြောခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ လည်း လက်ရှိအချိန်မှာ ငွေကြေးများစွာအသုံးပြုပြီး ကစားသမားကောင်းတွေခေါ်ယူဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။