မန္ယူနုိက္တက္ ပင္နယ္တီေတြ ရေနတဲ့ အေၾကာင္းအရင္း ဗန္ပါစီ ထုတ္ေျပာ

မန္ယူနိုက္တက္ အသင္းအေနနဲ႔ ဒီႏွစ္ေဘာလုံးရာသီမွာ ပင္နယ္တီေတြ မ်ားမ်ားစားစားရရွိေနျခင္းဟာ မ်ားမ်ားတိုက္စစ္ဆင္ ကစားလာတယ္ဆိုတဲ့ သေဘာပဲ ျဖစ္တယ္လို႔ တိုက္စစ္မႉးေဟာင္း ဗန္ပါစီက သုံးသပ္သြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဒီရာသီၿပိဳင္ပြဲစုံ ပင္နယ္တီ၂၁ ႀကိမ္ထိ ရရွိထားခဲ့ၿပီး ဒါဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ အမ်ားဆုံးပမာဏတစ္ရပ္အျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ အခုလို ပင္နယ္တီေတြမ်ားစြာရရွိေနတဲ့အေပၚ ၿပိဳင္ဖက္ပရိသတ္ေတြက ေဝဖန္မႈေတြရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ တိုက္စစ္မႉးေဟာင္း ဗန္ပါစီကေတာ့ အဆိုပါေဝဖန္မႈေတြကို ျငင္းဆန္ပယ္ခ်သြားခဲ့ၿပီး မ်ားမ်ားတိုက္စစ္ဆင္ကစားႏိုင္ခဲ့လို႔သာ ပင္နယ္တီမ်ားမ်ားရတာပဲလို႔ သုံးသပ္သြားခဲ့ပါတယ္။

“တကယ္လို႔သာ အသင္းတစ္သင္းက တစ္ရာသီအတြင္း ပင္နယ္တီ၂၁ ႀကိမ္ရရွိခဲ့တယ္ဆိုရင္ ဒီအသင္းဟာ ေတာ္ေတာ္မ်ားမ်ား တိုက္စစ္ဆင္ကစားႏိုင္လို႔ပါပဲ၊ ခင္ဗ်ားတို႔အားလုံး ဒါကို သေဘာေပါက္ၾကမယ္ ထင္ပါတယ္။ တခ်ိဳ႕ေသာ ပင္နယ္တီေတြကေတာ့ ၅၀-၅၀ အေနအထားေတြ၊ ကစားသမားတစ္ေယာက္ေယာက္က ရည္႐ြယ္ခ်က္ရွိရွိ ဖန္တီးလိုက္တာေတြ ရွိေကာင္းရွိႏိုင္ပါတယ္။

ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ပင္နယ္တီဧရိယာထဲမွာ တစ္ဖက္အသင္းက ဥပေဒပကစားမွသာ ဒိုင္လူႀကီးအေနနဲ႔ ပင္နယ္တီေပးလို႔ရမွာပါ။ ဒီအခ်က္ကို ကြၽန္ေတာ္တို႔မေမ့သင့္ပါဘူး။ အလြယ္ေျပာရရင္ မ်ားမ်ားတိုက္စစ္ဆင္ကစားခဲ့လို႔ ပင္နယ္တီ မ်ားမ်ားရလာတာပဲ ျဖစ္တဲ့အတြက္ ဒါေကာင္းတဲ့အခ်က္ပါပဲ”လို႔ ဗန္ပါစီက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလကမွ အသင္းကိုေရာက္ရွိလာခဲ့ေပမယ့္လည္း အခ်ိန္တိုအတြင္း အဓိကကစားသမားတစ္ဦးအျဖစ္ အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ကစားေနခဲ့သူ ဘ႐ူႏိုဖာနန္ဒက္စ္ ကိုလည္း ဗန္ပါစီက ခ်ီးက်ဴးသြားခဲ့ၿပီး ေပါ့ဘာ ဘ႐ူႏိုအတြဲဟာ ဒီထက္ပိုၿပီးေကာင္းလာဦးမယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

Uni – မန်ယူနိုက်တက် အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ပင်နယ်တီတွေ များများစားစားရရှိနေခြင်းဟာ များများတိုက်စစ်ဆင် ကစားလာတယ်ဆိုတဲ့ သဘောပဲ ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ဗန်ပါစီက သုံးသပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ပင်နယ်တီ၂၁ ကြိမ်ထိ ရရှိထားခဲ့ပြီး ဒါဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အများဆုံးပမာဏတစ်ရပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုလို ပင်နယ်တီတွေများစွာရရှိနေတဲ့အပေါ် ပြိုင်ဖက်ပရိသတ်တွေက ဝေဖန်မှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ အဆိုပါဝေဖန်မှုတွေကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး များများတိုက်စစ်ဆင်ကစားနိုင်ခဲ့လို့သာ ပင်နယ်တီများများရတာပဲလို့ သုံးသပ်သွားခဲ့ပါတယ်။

“တကယ်လို့သာ အသင်းတစ်သင်းက တစ်ရာသီအတွင်း ပင်နယ်တီ၂၁ ကြိမ်ရရှိခဲ့တယ်ဆိုရင် ဒီအသင်းဟာ တော်တော်များများ တိုက်စစ်ဆင်ကစားနိုင်လို့ပါပဲ၊ ခင်ဗျားတို့အားလုံး ဒါကို သဘောပေါက်ကြမယ် ထင်ပါတယ်။ တချို့သော ပင်နယ်တီတွေကတော့ ၅၀-၅၀ အနေအထားတွေ၊ ကစားသမားတစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပင်နယ်တီဧရိယာထဲမှာ တစ်ဖက်အသင်းက ဥပဒေပကစားမှသာ ဒိုင်လူကြီးအနေနဲ့ ပင်နယ်တီပေးလို့ရမှာပါ။ ဒီအချက်ကို ကျွန်တော်တို့မမေ့သင့်ပါဘူး။ အလွယ်ပြောရရင် များများတိုက်စစ်ဆင်ကစားခဲ့လို့ ပင်နယ်တီ များများရလာတာပဲ ဖြစ်တဲ့အတွက် ဒါကောင်းတဲ့အချက်ပါပဲ”လို့ ဗန်ပါစီက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ အသင်းကိုရောက်ရှိလာခဲ့ပေမယ့်လည်း အချိန်တိုအတွင်း အဓိကကစားသမားတစ်ဦးအဖြစ် အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားနေခဲ့သူ ဘရူနိုဖာနန်ဒက်စ် ကိုလည်း ဗန်ပါစီက ချီးကျူးသွားခဲ့ပြီး ပေါ့ဘာ ဘရူနိုအတွဲဟာ ဒီထက်ပိုပြီးကောင်းလာဦးမယ်လို့ သုံးသပ်သွားခဲ့ပါတယ်။