ဗိုလ္လုပြဲ တက္ဖို႔ ရည္မွန္းခ်က္နဲ႕ ယူနိုက္တက္ကို ရင္ဆိုင္မယ္လို႔ ဆီဗီလာ အသင္းေခါင္းေဆာင္ ေၾကြးေၾကာ္

ဆီဗီလာ အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ အျဖစ္ ကစားရမယ့္ပြဲမွာ ဆီဗီလာ အသင္းေခါင္းေဆာင္ ဂ်ီးဆပ္နာဗက္စ္က ဗိုလ္လုပြဲ တက္ဖို႔ ရည္မွန္းခ်က္နဲ႕ ကစားမွာ ျဖစ္ေၾကာင္း ဆိုလိုက္ျပီး အသင္းေဖာ္ေတြအားလည္း ၿပိဳင္ဘက္ ယူႏိုက္တက္ရဲ႕ လ်င္ျမန္တဲ့ကစားဟန္ကို မျဖစ္မေန စိုးရိမ္ထားရလိမ့္မယ္လို႔ သတိေပးလိုက္ပါတယ္။

နာဗက္စ္ဟာ ယူနုိက္တက္ရဲ႕ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးမွာ ၄ ႏွစ္ၾကာကစားခဲ့ဖူးၿပီး ယူႏိုက္တက္နဲ႔မၾကာခဏ ရင္ဆိုင္ခဲ့ဖူးလို႔ ၿပိဳင္ဘက္အသင္းအေၾကာင္း ပိုသိေနသူျဖစ္ပါတယ္။

စပိန္ႏိုင္ငံသား နာဗက္စ္က မိမိတို႔အေနနဲ႔ ၿပိဳင္ဘက္ထက္ ကိုယ့္ကိုယ္ကိုယ္ အာ႐ုံစိုက္ရမွာျဖစ္ေပမယ့္ ၆ ႀကိမ္ေျမာက္ ယူ႐ိုပါလိဂ္ဖလားရယူေရး ႀကိဳးစားမယ့္ မိမိတို႔ရဲ႕အိပ္မက္ကို ယူႏိုက္တက္ရဲ႕ လ်င္ျမန္တဲ့ ကစားဟန္က အေႏွာင့္အယွက္ ေပးလာႏိုင္တယ္လို႔ ဆိုပါတယ္။

”ကြၽန္ေတာ္ဟာ ယူႏိုက္တက္နဲ႔ အမ်ားႀကီး ကစားခဲ့ဖူးပါတယ္။ တကယ့္ကိုစပယ္ရွယ္ေကာင္းတဲ့ပြဲတခ်ိဳ႕မွာ ပါဝင္ခြင့္ရၿပီး ႀကီးက်ယ္တဲ့အခ်ိန္ေတြ ပိုင္ဆိုင္ခြင့္ရခဲ့တာက ကြၽန္ေတာ္ကံေကာင္းလို႔ပါ။ သူတု႔ိဟာ ခက္ခဲတဲ့ၿပိဳင္ဘက္ျဖစ္ၿပီး ဒီပြဲကလည္း ခက္ခဲမယ္လို႔ ႀကိဳနားလည္ထားပါတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ဘာေတြလုပ္ရမလဲဆိုတာ ရွင္းရွင္းလင္းလင္းသိထားသလို ပြဲတစ္ပြဲရဲ႕အဆင့္တိုင္းမွာ ကိုယ္လုပ္ရမယ့္ အရာေတြကိုပဲ အာ႐ုံစိုက္ထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အႏိုင္ရဖို႔ေတာ့ ေမွ်ာ္လင့္ထားတယ္။

အေရးႀကီးဆုံးကေတာ့ ဖိုင္နယ္ တက္ေရာက္ႏိုင္တယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အားလုံး ကစားႏိုင္ဖို႔ပါ။ ဆီဗီလာအသင္းနဲ႔အတူ အသင္းေခါင္းေဆာင္အျဖစ္ ယူ႐ိုပါလိဂ္ဖလား ကိုင္ေျမႇာက္ခြင့္ရရင္ေတာ့ ကြၽန္ေတာ့္ အတြက္ အတိုင္းထက္ အလြန္ေပ့ါဗ်ာ” လို႔ နာဗက္စ္က ေျပာဆိုပါတယ္။

ဒါ့အျပင္ နာဗက္စ္က နည္းျပလိုပက္တီဂူကို ခ်ီးက်ဴးခဲ့ၿပီး သူ႔ရဲ႕ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္မႈက ယခုရာသီ အသင္းရဲ႕အေနအထားအတြက္ တကယ္ပဲ အသုံးဝင္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

Uni – ဆီဗီလာ အသင်းအနေနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ကစားရမယ့်ပွဲမှာ ဆီဗီလာ အသင်းခေါင်းဆောင် ဂျီးဆပ်နာဗက်စ်က ဗိုလ်လုပွဲ တက်ဖို့ ရည်မှန်းချက်နဲ့ ကစားမှာ ဖြစ်ကြောင်း ဆိုလိုက်ပြီး အသင်းဖော်တွေအားလည်း ပြိုင်ဘက် ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ကစားဟန်ကို မဖြစ်မနေ စိုးရိမ်ထားရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

နာဗက်စ်ဟာ ယူနိုက်တက်ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီးမှာ ၄ နှစ်ကြာကစားခဲ့ဖူးပြီး ယူနိုက်တက်နဲ့မကြာခဏရင်ဆိုင်ခဲ့ဖူးလို့ ပြိုင်ဘက်အသင်းအကြောင်း ပိုသိနေသူဖြစ်ပါတယ်။

စပိန်နိုင်ငံသား နာဗက်စ်က မိမိတို့အနေနဲ့ ပြိုင်ဘက်ထက် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ရမှာဖြစ်ပေမယ့် ၆ ကြိမ်မြောက် ယူရိုပါလိဂ်ဖလားရယူရေး ကြိုးစားမယ့် မိမိတို့ရဲ့အိပ်မက်ကို ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ ကစားဟန်က အနှောင့်အယှက် ပေးလာနိုင်တယ်လို့ ဆိုပါတယ်။

”ကျွန်တော်ဟာ ယူနိုက်တက်နဲ့ အများကြီး ကစားခဲ့ဖူးပါတယ်။ တကယ့်ကိုစပယ်ရှယ်ကောင်းတဲ့ပွဲတချို့မှာ ပါဝင်ခွင့်ရပြီး ကြီးကျယ်တဲ့အချိန်တွေ ပိုင်ဆိုင်ခွင့်ရခဲ့တာက ကျွန်တော်ကံကောင်းလို့ပါ။ သူတု့ိဟာ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ပြီး ဒီပွဲကလည်း ခက်ခဲမယ်လို့ ကြိုနားလည်ထားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဘာတွေလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားသလို ပွဲတစ်ပွဲရဲ့အဆင့်တိုင်းမှာ ကိုယ်လုပ်ရမယ့် အရာတွေကိုပဲ အာရုံစိုက်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရဖို့တော့ မျှော်လင့်ထားတယ်။

အရေးကြီးဆုံးကတော့ ဖိုင်နယ် တက်ရောက်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားလုံး ကစားနိုင်ဖို့ပါ။ ဆီဗီလာအသင်းနဲ့အတူ အသင်းခေါင်းဆောင်အဖြစ် ယူရိုပါလိဂ်ဖလား ကိုင်မြှောက်ခွင့်ရရင်တော့ ကျွန်တော့် အတွက် အတိုင်းထက် အလွန်ပေ့ါဗျာ” လို့ နာဗက်စ်က ပြောဆိုပါတယ်။

ဒါ့အပြင် နာဗက်စ်က နည်းပြလိုပက်တီဂူကို ချီးကျူးခဲ့ပြီး သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုက ယခုရာသီ အသင်းရဲ့အနေအထားအတွက် တကယ်ပဲ အသုံးဝင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။