ခ်န္ပီယံလိဂ္မွာ အထူးအစြမ္းျပေနတဲ့ လိုက္ပ္ဇစ္ ခံစစ္မွဴး ကို ယူနုိက္တက္ အရေခၚယူဖို႕ ဖာဒီနန္ တိုက္တြန္း
မန္ခ်က္စတာ ယူနိုက္တက္အသင္းအေနနဲ႔ RB လိုက္ပ္ဇစ္အသင္းရဲ႕ လူငယ္ေနာက္ခံလူ ေဒေယာ့ အူပါမီကာႏို ကို အရေခၚယူဖို႔ ယူနုိက္တက္ ဂႏၲဝင္ေနာက္ခံလူတစ္ဦးျဖစ္သူ ဖာဒီနန္က တိုက္တြန္း လိုက္ပါတယ္။
လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာႏိုဟာ အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ လိုက္ပ္ဇစ္အသင္းမွာ အထူးေျခစြမ္းျပကစားလ်က္ရွိေနတာျဖစ္ပါတယ္။ အက္တလက္တီကိုအသင္း ကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္မွာလည္း အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြနဲ႔ ေဘာလုံးကြၽမ္းက်င္သူေတြက အထူးခ်ီးက်ဴးေနၾကတာပါ။
ျပင္သစ္သား ခံစစ္ ကစားသမားေလးရဲ႕ေျခစြမ္းကို ရီယိုဖာဒီနန္ကလည္း သေဘာက်ႏွစ္ၿခိဳက္ေနၿပီး သူ႔ကိုအရေခၚယူဖို႔ မန္ယူနိုက္တက္ အသင္းကို တိုက္တြန္းလိုက္ပါတယ္။
“အက္တလက္တီကိုနဲ႔ လိုက္ပ္ဇစ္ပြဲမွာ အေကာင္းဆုံးကစားသမားကေတာ့ အူပါမီကာႏိုပါပဲ၊ ေနာက္ခံလူတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့အရည္အေသြးေတြအားလုံး သူ႔မွာ ျပည့္စုံေနတဲ့အျပင္ ကြင္းလယ္နဲ႔ တိုက္စစ္ကိုပါ လိုက္ၿပီးေတာ့ ပံ့ပိုးေပးႏိုင္တာမ်ိဳးက တကယ္ ရွားပါးလွပါတယ္။ ယူနုိက္တက္ အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီလိုကစားသမားမ်ိဳးကို အရေခၚဖို႔ ႀကိဳးစားသင့္ပါတယ္။ အသက္၂၁ ႏွစ္သာ ရွိေသးတာေၾကာင့္လည္း ဒီထက္ေျခစြမ္းတိုးတက္လာဦးမွာပါ”လို႔ ဖာဒီနန္က သုံးသပ္သြားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ဥေရာပကလပ္အသင္းႀကီး အေတာ္မ်ားမ်ားက အူပါမီကာႏိုကို ေစာင့္ၾကည့္ေနခဲ့တာလည္းျဖစ္ပါတယ္။ အူပါမီကာႏိုဟာ ဒီရာသီလိုက္ပဇစ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၇ ပြဲပါဝင္ကစားေပးထားၿပီး ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
Uni – မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ RB လိုက်ပ်ဇစ်အသင်းရဲ့ လူငယ်နောက်ခံလူ ဒေယော့ အူပါမီကာနို ကို အရခေါ်ယူဖို့ ယူနိုက်တက် ဂန္တဝင်နောက်ခံလူတစ်ဦးဖြစ်သူ ဖာဒီနန်က တိုက်တွန်း လိုက်ပါတယ်။
လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုဟာ အသက် ၂၁ နှစ်အရွယ်သာရှိသေးပေမယ့် လိုက်ပ်ဇစ်အသင်းမှာ အထူးခြေစွမ်းပြကစားလျက်ရှိနေတာဖြစ်ပါတယ်။ အက်တလက်တီကိုအသင်း ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက အထူးချီးကျူးနေကြတာပါ။
ပြင်သစ်သား ခံစစ် ကစားသမားလေးရဲ့ခြေစွမ်းကို ရီယိုဖာဒီနန်ကလည်း သဘောကျနှစ်ခြိုက်နေပြီး သူ့ကိုအရခေါ်ယူဖို့ မန်ယူနိုက်တက် အသင်းကို တိုက်တွန်းလိုက်ပါတယ်။
“အက်တလက်တီကိုနဲ့ လိုက်ပ်ဇစ်ပွဲမှာ အကောင်းဆုံးကစားသမားကတော့ အူပါမီကာနိုပါပဲ၊ နောက်ခံလူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အရည်အသွေးတွေအားလုံး သူ့မှာ ပြည့်စုံနေတဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ်ကိုပါ လိုက်ပြီးတော့ ပံ့ပိုးပေးနိုင်တာမျိုးက တကယ် ရှားပါးလှပါတယ်။ ယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီလိုကစားသမားမျိုးကို အရခေါ်ဖို့ ကြိုးစားသင့်ပါတယ်။ အသက်၂၁ နှစ်သာ ရှိသေးတာကြောင့်လည်း ဒီထက်ခြေစွမ်းတိုးတက်လာဦးမှာပါ”လို့ ဖာဒီနန်က သုံးသပ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဥရောပကလပ်အသင်းကြီး အတော်များများက အူပါမီကာနိုကို စောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။ အူပါမီကာနိုဟာ ဒီရာသီလိုက်ပဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲပါဝင်ကစားပေးထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။