ဂ်ဴဗီ နည္းျပသစ္ ပီယာလို က ေပါ့ဘာကို ကစားသမား အလုိက္ေပး ကမ္းလွမ္းဖို႔ ျပင္ဆင္ေန
ဂ်ဴဗင္တပ္နဲ႔ နည္းျပသစ္ပီယာလိုတို႔ဟာ ေပါ့ဘာကို နံပါတ္ ၁ ေႏြရာသီအေျပာင္းအေ႐ႊ႕ ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့ၿပီး ယူႏိုက္တက္ထံ ဒီဘာလာကို အလိုက္ေပးကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေနာက္ဆံုးရ သတင္းေတြမွာ ေဖာ္ျပေနပါတယ္။
ေပါ့ဘာဟာ ၂၀၁၆ ခုႏွစ္မွာ ကမာၻ႔စံခ်ိန္တင္ေၾကး ေပါင္ ၈၉ သန္းနဲ႔ ဂ်ဴဗင္တပ္ကေန ယူႏိုက္တက္ကိုျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ တူရင္ကို ျပန္သြားဖို႔ သတင္းေတြလည္း ေတာက္ေလွ်ာက္ဆိုသလို ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။
ျပင္သစ္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အိုးလ္ထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္တဲ့ဆႏၵျပင္းျပေနတယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားလက္ေအာက္ ေျခစြမ္းေကာင္းေတြ ျပန္လည္ျပသခဲ့တာျဖစ္ၿပီး ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ပိုင္း ကစားသမားသစ္ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔အတူ လိုက္ဖက္ညီစြာ ကစားႏိုင္ခဲ့ၿပီး အသင္းလိုက္ တိုးတက္လာတာကိုျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။
အာဂ်င္တီးနားၾကယ္ပြင့္ ဒီဘာလာဟာ မႏွစ္ကေႏြရာသီမွာ ယူႏိုက္တက္နဲ႔ သတင္းေတြထြက္ေပၚခဲ့ဖူးၿပီး လက္ရွိအခ်ိန္မွာေတာ့ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္က ေပါ့ဘာကို ေခၚယူႏိုင္ဖို႔ အတြက္ ဒီဘာလာကို အလိုက္ေပးၿပီးကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ နည္းျပသစ္ ပီယာလိုဟာ ကလပ္တာဝန္ရွိသူေတြနဲ႔ အစည္းအေဝးျပဳလုပ္ခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ ဒီဘာလာကို ေရာင္းထုတ္ဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
ေပါ့ဘာကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ တူရင္မွာ ၃ရာသီၾကာ တြဲကစားခဲ့ဖူးတဲ့ ပီယာလိုနဲ႔ ယူႏိုက္တက္ ကြင္းလယ္လူတို႔ရဲ႕ ျပန္ေပါင္းထုပ္ႏိုင္ေတာ့မွာျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္က သူ႔ရဲ႕စာခ်ဳပ္ဟာ ၁၂လ ေအာက္သာ က်န္ေတာ့တာေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖိ္ု႔ သေဘာတူညီမႈမရရွိခဲ့ဘူးဆိုရင္ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးမယ့္အစား ေရာင္းခ်ဖို႔ ယူႏိုက္တက္က စဥ္းစားဖြယ္ရွိပါတယ္။
Uni – ဂျူဗင်တပ်နဲ့ နည်းပြသစ်ပီယာလိုတို့ဟာ ပေါ့ဘာကို နံပါတ် ၁ နွေရာသီအပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး ယူနိုက်တက်ထံ ဒီဘာလာကို အလိုက်ပေးကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ နောက်ဆုံးရ သတင်းတွေမှာ ဖော်ပြနေပါတယ်။
ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်ကနေ ယူနိုက်တက်ကိုပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့် တူရင်ကို ပြန်သွားဖို့ သတင်းတွေလည်း တောက်လျှောက်ဆိုသလို ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ဆန္ဒပြင်းပြနေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားလက်အောက် ခြေစွမ်းကောင်းတွေ ပြန်လည်ပြသခဲ့တာဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့အတူ လိုက်ဖက်ညီစွာ ကစားနိုင်ခဲ့ပြီး အသင်းလိုက် တိုးတက်လာတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အာဂျင်တီးနားကြယ်ပွင့် ဒီဘာလာဟာ မနှစ်ကနွေရာသီမှာ ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်က ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ အတွက် ဒီဘာလာကို အလိုက်ပေးပြီးကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဂျူဗင်တပ် နည်းပြသစ် ပီယာလိုဟာ ကလပ်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ယခုနွေရာသီမှာ ဒီဘာလာကို ရောင်းထုတ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ပေါ့ဘာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ တူရင်မှာ ၃ရာသီကြာ တွဲကစားခဲ့ဖူးတဲ့ ပီယာလိုနဲ့ ယူနိုက်တက် ကွင်းလယ်လူတို့ရဲ့ ပြန်ပေါင်းထုပ်နိုင်တော့မှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့စာချုပ်ဟာ ၁၂လ အောက်သာ ကျန်တော့တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိခဲ့ဘူးဆိုရင် အလွတ်နဲ့ ထွက်ခွာခွင့်ပေးမယ့်အစား ရောင်းချဖို့ ယူနိုက်တက်က စဉ်းစားဖွယ်ရှိပါတယ်။