ယူနိုက္တက္ ေခၚယူနုိင္ဖို႔ အနီးစပ္ဆံုး ျဖစ္လာတဲ့ မိုနာကို လူငယ္ခံစစ္မွဴးေလး

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ပါတီဇန္ဘဲလ္ဂရိတ္အသင္းရဲ႕ဆာဘီးယား လူငယ္ေတာင္ပံကစားသမားေလး စတီဖန္ႏိုဗစ္ကို ေခၚယူဖို႔အတြက္ အလြန္နီးစပ္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့သလို အခုလည္း မိုနာကိုအသင္းရဲ႕ ျပင္သစ္ေနာက္ခံကစားသမားေလး ဘင္ဝိုက္ဘာယက္ရွီလီကိုပါ ေခၚယူသြားဖို႔ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနခဲ့တယ္လို႔ ျပင္သစ္သတင္းေတြကေန ေဖာ္ျပလာခဲ့ၾကပါတယ္။

အသက္(၁၉)ႏွစ္သာရွိေသးတဲ့ ဆယ္ေက်ာ္သက္အ႐ႊယ္ လူငယ္ေနာက္ခံကစားသမားေလး ဘာယက္ရွီလီဟာ မိုနာကိုလူငယ္အသင္းကေန ေပၚထြက္လာခဲ့တဲ့ အရည္အေသြးျမင့္ ေနာက္ခံ ကစားသမားေလးျဖစ္ၿပီး ၂၀၁၈ခုႏွစ္ကပဲ မိုနာကို စီနီယာအသင္းအတြက္ စတင္ပါဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက မိုနာကိုအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း(၂၀) ပါဝင္ကစားခဲ့ထားတဲ့ ဘာယက္ရွီလီဟာ ဥေရာပထိပ္သီးအသင္းမ်ားစြာရဲ႕ ပစ္မွတ္ျဖစ္လို႔ေနၿပီး လက္ရွိမွာက အသင္းအားလုံးထက္ ယူႏိုက္တက္အသင္းက သူ႔ကို ေခၚယူသြားဖို႔ အေျခအေနအေကာင္းဆုံး ျဖစ္လို႔ေနတယ္လို႔ Le10 Sports ကေန ေဖာ္ျပလာခဲ့ပါတယ္။

ဒီျပင္သစ္လူငယ္ေနာက္ခံလူေလးကို ခ်ယ္လ္ဆီးအသင္းကေန စတင္စိတ္ဝင္စားခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့(၄)ႏွစ္ေလာက္ကတည္းက ခ်ယ္လ္ဆီးရဲ႕နည္းစနစ္ဒါ႐ိုက္တာ အန္မာနလိုက ဘာယက္ရွီလီရဲ႕ ေျခစြမ္းေကာင္းေတြကို သတိထားမိခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ခန႔္ေလာက္ကလည္း ဒီကစားသမားေလးကို ေခၚယူႏိုင္ဖို႔အတြက္ ေလဗာကူဆင္အသင္းဘက္ကေန ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ခ်ယ္လ္ဆီး ေလဗာကူဆင္အသင္းတို႔ထက္ ယူႏိုက္တက္ရဲ႕ခ်ိတ္ဆက္မႈက ေအာင္ျမင္မႈရလုနီးပါး ျဖစ္ေနခဲ့ရၿပီး ဘာယက္ရွီလီရဲ႕ကစားဟန္ကလည္း ယူႏိုက္တက္အသင္းရဲ႕ကစားပုံစံနဲ႔ အံ့ဝင္ခြင္က် ျဖစ္လာႏိုင္တယ္လို႔ပါ သတ္မွတ္ခံေနရပါတယ္။

ယူႏိုက္တက္ဟာ ေႏြေစ်းကြက္အတြင္းမွာ ေဒါ့မြန္အသင္းရဲ႕ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳကိုပဲ ဦးစားေပးကမ္းလွမ္းခဲ့တာျဖစ္ၿပီး ဆန္ခ်ိဳရဲ႕ေျပာင္းေ႐ႊ႕ေၾကးျမင့္မားမႈေၾကာင့္ ေခၚယူဖို႔က မျဖစ္ႏိုင္ေတာ့ပဲ တျခားေတာင္ပံကစားသမားေတြကိုသာ ေခၚယူရဖြယ္ ရွိေနပါတယ္။ တကယ္လို႔ ဘာယက္ရွီလီနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥ အဆင္မေျပခဲ့ရင္လည္း လိုင္လီအသင္းကေန ထြက္ခြာသြားေတာ့မယ့္ ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္ကို ကမ္းလွမ္းဖြယ္ရွိေနပါတယ္။

Uni – မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပါတီဇန်ဘဲလ်ဂရိတ်အသင်းရဲ့ဆာဘီးယား လူငယ်တောင်ပံကစားသမားလေး စတီဖန်နိုဗစ်ကို ခေါ်ယူဖို့အတွက် အလွန်နီးစပ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုလည်း မိုနာကိုအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားလေး ဘင်ဝိုက်ဘာယက်ရှီလီကိုပါ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေခဲ့တယ်လို့ ပြင်သစ်သတင်းတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်နောက်ခံကစားသမားလေး ဘာယက်ရှီလီဟာ မိုနာကိုလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် နောက်ခံကစားသမားလေးဖြစ်ပြီး ၂၀၁၈ခုနှစ်ကပဲ မိုနာကို စီနီယာအသင်းအတွက် စတင်ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မိုနာကိုအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၀) ပါဝင်ကစားခဲ့ထားတဲ့ ဘာယက်ရှီလီဟာ ဥရောပထိပ်သီးအသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေပြီး လက်ရှိမှာက အသင်းအားလုံးထက် ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူသွားဖို့ အခြေအနေအကောင်းဆုံး ဖြစ်လို့နေတယ်လို့ Le10 Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီပြင်သစ်လူငယ်နောက်ခံလူလေးကို ချယ်လ်ဆီးအသင်းကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့(၄)နှစ်လောက်ကတည်းက ချယ်လ်ဆီးရဲ့နည်းစနစ်ဒါရိုက်တာ အန်မာနလိုက ဘာယက်ရှီလီရဲ့ ခြေစွမ်းကောင်းတွေကို သတိထားမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်လောက်ကလည်း ဒီကစားသမားလေးကို ခေါ်ယူနိုင်ဖို့အတွက် လေဗာကူဆင်အသင်းဘက်ကနေ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ချယ်လ်ဆီး လေဗာကူဆင်အသင်းတို့ထက် ယူနိုက်တက်ရဲ့ချိတ်ဆက်မှုက အောင်မြင်မှုရလုနီးပါး ဖြစ်နေခဲ့ရပြီး ဘာယက်ရှီလီရဲ့ကစားဟန်ကလည်း ယူနိုက်တက်အသင်းရဲ့ကစားပုံစံနဲ့ အံ့ဝင်ခွင်ကျ ဖြစ်လာနိုင်တယ်လို့ပါ သတ်မှတ်ခံနေရပါတယ်။

ယူနိုက်တက်ဟာ နွေဈေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကိုပဲ ဦးစားပေးကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့က မဖြစ်နိုင်တော့ပဲ တခြားတောင်ပံကစားသမားတွေကိုသာ ခေါ်ယူရဖွယ် ရှိနေပါတယ်။ တကယ်လို့ ဘာယက်ရှီလီနဲ့ အပြောင်းအရွှေ့ကိစ္စ အဆင်မပြေခဲ့ရင်လည်း လိုင်လီအသင်းကနေ ထွက်ခွာသွားတော့မယ့် ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။