ဂ်ဴဗင္တပ္ အေရာင္းတင္မယ့္ ဒိုင္ဘာလားကို ယူနိုက္တက္နဲ႕ စပါးတို႔ အျပိဳင္ စိတ္၀င္စားေန
ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္း ႏွစ္သင္း ျဖစ္တဲ့ မန္ယူနိုက္တက္အသင္းနဲ႔ စပါးအသင္းတို႔ဟာ အီတလီ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္အသင္းက ေရာင္းခ်ဖို႔ အတြက္ ျပင္ဆင္ေနတဲ့ တိုက္စစ္မႉး ဒိုင္ဘာလာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၾကတယ္ လို႔ အီတလီ သတင္းစာေတြရဲ႕ ေဖာ္ျပခ်က္ အရ သိရွိရပါတယ္။
အီတလီ စီးရီးေအ အင္အားႀကီး အသင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္ အသင္းဟာ နည္းျပအေျပာင္းအလဲ မျပဳလုပ္မီမွာ ဒိုင္ဘာလာကို စာခ်ဳပ္သက္တမ္း တိုးဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ နည္းျပဆာရီရဲ႕ ေနရာမွာ ပီယာလိုကို အစားထိုးခဲ့ၿပီး ေနာက္မွာေတာ့ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြ အားလုံးကို ရပ္ဆိုင္းခဲ့သလို ဒိုင္ဘာလာကိုလည္း ကမ္းလွမ္း လာတဲ့ အသင္းေတြ ရွိပါက ေရာင္းခ်သြားဖို႔ ျပင္ဆင္ ေနပါတယ္။
အသက္၂၆ႏွစ္အ႐ြယ္ တိုက္စစ္မႉး ဒိုင္ဘာလာ ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္ အသင္း အတြက္ ေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦး ျဖစ္ၿပီး ၂၀၁၉ – ၂၀၂၀ စီးရီးေအ ၿပိဳင္ပြဲရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိထားတဲ့သူပါ။ ဒါေပမယ့္ ဂ်ဴဗင္တပ္အသင္း ကေတာ့ ဒိုင္ဘာလာကို အသင္းကေန ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနၿပီး ယခု ေႏြအေျပာင္းအေ႐ႊ႕ အတြင္းမွာ ဒိုင္ဘာလာအတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ တစ္ခုကို ရရွိခဲ့ပါက လက္ခံ စဥ္းစားသြားမယ္ လို႔ သိရပါတယ္။
လက္ရွိမွာေတာ့ ဒိုင္ဘာလာကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္ၾကတဲ့ မန္ယူနိုက္တက္အသင္းနဲ႔ စပါးအသင္းတို႔ဟာ စိတ္ဝင္စားေနၾကတယ္ လို႔ အီတလီရဲ႕ နာမည္ႀကီး သတင္းဌာန တစ္ခု ျဖစ္တဲ့ Gazetta Dello Sport က ေဖာ္ျပသြားခဲ့ပါတယ္။
ယူနုိက္တက္အသင္းနဲ႔ စပါးအသင္းတို႔ဟာ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕မွာလည္း ဒိုင္ဘာလာကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးတဲ့ အသင္းေတြ ျဖစ္ၾကၿပီး အဆိုပါ အခ်ိန္တုန္းက ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္အသင္း ကေန မထြက္ခြာလိုတာေၾကာင့္ ေဆြးေႏြးမႈေတြဟာ ပ်က္ျပယ္ခဲ့ရတာပါ။ လက္ရွိမွာေတာ့ ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ လုပ္ရပ္ေတြအေပၚ စိတ္ပ်က္ေနၿပီ လို႔ တူရင္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ သိထားရၿပီး မန္ယူအသင္းနဲ႔ စပါးအသင္းတို႔က သာ ထပ္မံ ကမ္းလွမ္းလာခဲ့ပါက ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနတယ္ လို႔ သိရွိရပါတယ္။
ဥေရာပရဲ႕ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြကလည္း ဒိုင္ဘာလာဟာ ယခု ေႏြေစ်းကြက္ အတြင္းမွာ ဂ်ဴဗင္တပ္အသင္းကို စြန႔္ခြာဖို႔ ရာခိုင္ႏႈန္း မ်ားေနၿပီး စပါးအသင္းထက္ စာရင္ မန္ယူအသင္းဟာ ဒိုင္ဘာလာကို ေခၚယူဖို႔ ပိုမို အခြင့္အလမ္း မ်ားေနတယ္လို႔ သုံးသပ္ထားၾကပါတယ္။
Uni – ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ဟာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းက ရောင်းချဖို့ အတွက် ပြင်ဆင်နေတဲ့ တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတယ် လို့ အီတလီ သတင်းစာတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။
အီတလီ စီးရီးအေ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ နည်းပြအပြောင်းအလဲ မပြုလုပ်မီမှာ ဒိုင်ဘာလာကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် နည်းပြဆာရီရဲ့ နေရာမှာ ပီယာလိုကို အစားထိုးခဲ့ပြီး နောက်မှာတော့ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းခဲ့သလို ဒိုင်ဘာလာကိုလည်း ကမ်းလှမ်း လာတဲ့ အသင်းတွေ ရှိပါက ရောင်းချသွားဖို့ ပြင်ဆင် နေပါတယ်။
အသက်၂၆နှစ်အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာ ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ၂၀၁၉ – ၂၀၂၀ စီးရီးအေ ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားတဲ့သူပါ။ ဒါပေမယ့် ဂျူဗင်တပ်အသင်း ကတော့ ဒိုင်ဘာလာကို အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်နေပြီး ယခု နွေအပြောင်းအရွှေ့ အတွင်းမှာ ဒိုင်ဘာလာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်ခုကို ရရှိခဲ့ပါက လက်ခံ စဉ်းစားသွားမယ် လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ဟာ စိတ်ဝင်စားနေကြတယ် လို့ အီတလီရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Gazetta Dello Sport က ဖော်ပြသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာလည်း ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်ကြပြီး အဆိုပါ အချိန်တုန်းက ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်း ကနေ မထွက်ခွာလိုတာကြောင့် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်ခဲ့ရတာပါ။ လက်ရှိမှာတော့ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းရဲ့ လုပ်ရပ်တွေအပေါ် စိတ်ပျက်နေပြီ လို့ တူရင်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိထားရပြီး မန်ယူအသင်းနဲ့ စပါးအသင်းတို့က သာ ထပ်မံ ကမ်းလှမ်းလာခဲ့ပါက ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ် လို့ သိရှိရပါတယ်။
ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကလည်း ဒိုင်ဘာလာဟာ ယခု နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေပြီး စပါးအသင်းထက် စာရင် မန်ယူအသင်းဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ ပိုမို အခွင့်အလမ်း များနေတယ်လို့ သုံးသပ်ထားကြပါတယ်။