ဘရူနို ဖာနန္ဒက္စ္ ၾကံဳး၀ါးလိုက္တဲ့ မန္ခ်က္နိုက္တက္နဲ႕ ေနာက္အနာဂတ္ ရည္မွန္းခ်က္
မန္ယူႏိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ သူတို႔အသင္းအေနနဲ႔ ဆဗီယာအသင္းကို ၂-၁ဂိုးနဲ႔ အေရးနိမ့္ကာ ယူ႐ိုပါလိဂ္ဖလား ဆီမီးဖိုင္နယ္အဆင့္နဲ႔သာ ေက်နပ္ခဲ့ရေပမဲ့ လာမဲ့ရာသီမွာေတာ့ ပိုမိုသန္မာတဲ့အသင္းအျဖစ္နဲ႔ ျပန္လာၿပီး ဆုဖလားေပါင္းမ်ားစြာ ရယူသြားဖို႔ ရည္မွန္ထားတယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။
ယူနုိက္တက္ဟာ ကာရာေဘာင္ဖလား၊ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားစတဲ့ ၿပိဳင္ပြဲသုံးခုစလုံးမွာ ဆီမီးဖိုင္နယ္အဆင့္အထိ တက္လွမ္းႏိုင္ ခဲ့ေပမဲ့လည္း ဗိုလ္လုပြဲကို အေရာက္မလွမ္းႏိုင္ခဲ့ေပမယ့္ ၂၀၁၉-၂၀ရာသီကို ဖလားလက္မဲ့အျဖစ္နဲ႔သာ အဆုံးသတ္ခဲ့ရတာပါ။
ဒါေပမဲ့လည္း ဖာနန္ဒက္စ္က “ကြၽန္ေတာ္တို႔ဟာ မထင္မွတ္ဘဲ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဒီအဆင့္နဲ႔သာ ေက်နပ္လိုက္ရပါတယ္။ ဒီလိုျဖစ္လာလိမ့္မယ္ လို႔ မေမွ်ာ္လင့္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ ဗိုလ္လုပြဲအဆင့္ဆီ တက္လွမ္းၿပီး ဆုဖလားတစ္လုံးရယူဖို႔ တိုက္ပြဲဝင္လိုခဲ့ပါတယ္။”
“ဗိုလ္လုပြဲတက္သြားတဲ့ ဆဗီယာအသင္းကိုေတာ့ ဂုဏ္ျပဳရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းအေနနဲ႔လည္း အေကာင္းဆုံးကစားႏိုင္ခဲ့သလို ဒီအဆင့္မွာတင္ ရပ္တန႔္သြားဖို႔ မထိုက္တန္ခဲ့ပါဘူး။”
“အခုေတာ့ အနားယူဖို႔ အခ်ိန္ေရာက္လာၿပီ။ ေကာင္းေကာင္းနားမယ္။ ၿပီးရင္ ပိုသန္မာတဲ့အသင္းအျဖစ္နဲ႔ ကြၽန္ေတာ္တို႔ေတြ ျပန္လာပါမယ္။ လာမဲ့ရာသီမွာ အေရာက္လွမ္းဖို႔ ရည္မွန္းထားတဲ့ ပန္းတိုင္ေတြဆီ အေရာက္သြားပါမယ္။”
“ဒီလပိုင္းေတြအတြင္း အေကာင္းဆုံးႀကိဳးစားခဲ့ၾကတဲ့ အသင္းေဖာ္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဘက္အားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔လည္း အေကာင္းဆုံးသင္ယူၿပီး ေန႔စဥ္ေန႔တိုင္း တိုးတက္ေစဖို႔ ႀကိဳးစားသြားပါမယ္။”
“အနာဂတ္ ကာလမွာ ကြၽန္ေတာ္တို႔ေတြ အားလုံးကို လႊမ္းမိုးၿပီး ဆုဖလားေအာင္ပြဲေတြ ရယူသြားပါမယ္။ ကြၽန္ေတာ္တို႔ေတြ အတူတူ ရႈံးနိမ့္ခဲ့၊ အတူတူအမွားေတြ လုပ္ခဲ့မိၾကသလို အတူတူပဲ အရည္အေသြးေတြ တိုးတက္ေအာင္ ႀကိဳးစားသြားၾကရေအာင္။” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။
Uni – မန်ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ သူတို့အသင်းအနေနဲ့ ဆဗီယာအသင်းကို ၂-၁ဂိုးနဲ့ အရေးနိမ့်ကာ ယူရိုပါလိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပေမဲ့ လာမဲ့ရာသီမှာတော့ ပိုမိုသန်မာတဲ့အသင်းအဖြစ်နဲ့ ပြန်လာပြီး ဆုဖလားပေါင်းများစွာ ရယူသွားဖို့ ရည်မှန်ထားတယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကာရာဘောင်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားစတဲ့ ပြိုင်ပွဲသုံးခုစလုံးမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင် ခဲ့ပေမဲ့လည်း ဗိုလ်လုပွဲကို အရောက်မလှမ်းနိုင်ခဲ့ပေမယ့် ၂၀၁၉-၂၀ရာသီကို ဖလားလက်မဲ့အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရတာပါ။
ဒါပေမဲ့လည်း ဖာနန်ဒက်စ်က “ကျွန်တော်တို့ဟာ မထင်မှတ်ဘဲ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဒီအဆင့်နဲ့သာ ကျေနပ်လိုက်ရပါတယ်။ ဒီလိုဖြစ်လာလိမ့်မယ် လို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းပြီး ဆုဖလားတစ်လုံးရယူဖို့ တိုက်ပွဲဝင်လိုခဲ့ပါတယ်။”
“ဗိုလ်လုပွဲတက်သွားတဲ့ ဆဗီယာအသင်းကိုတော့ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း အကောင်းဆုံးကစားနိုင်ခဲ့သလို ဒီအဆင့်မှာတင် ရပ်တန့်သွားဖို့ မထိုက်တန်ခဲ့ပါဘူး။”
“အခုတော့ အနားယူဖို့ အချိန်ရောက်လာပြီ။ ကောင်းကောင်းနားမယ်။ ပြီးရင် ပိုသန်မာတဲ့အသင်းအဖြစ်နဲ့ ကျွန်တော်တို့တွေ ပြန်လာပါမယ်။ လာမဲ့ရာသီမှာ အရောက်လှမ်းဖို့ ရည်မှန်းထားတဲ့ ပန်းတိုင်တွေဆီ အရောက်သွားပါမယ်။”
“ဒီလပိုင်းတွေအတွင်း အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ အသင်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဘက်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း အကောင်းဆုံးသင်ယူပြီး နေ့စဉ်နေ့တိုင်း တိုးတက်စေဖို့ ကြိုးစားသွားပါမယ်။”
“အနာဂတ် ကာလမှာ ကျွန်တော်တို့တွေ အားလုံးကို လွှမ်းမိုးပြီး ဆုဖလားအောင်ပွဲတွေ ရယူသွားပါမယ်။ ကျွန်တော်တို့တွေ အတူတူ ရှုံးနိမ့်ခဲ့၊ အတူတူအမှားတွေ လုပ်ခဲ့မိကြသလို အတူတူပဲ အရည်အသွေးတွေ တိုးတက်အောင် ကြိုးစားသွားကြရအောင်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။