ပရီးမီးယားလိဂ္ အသင္းၾကီး နွစ္သင္း အျပိဳင္ ေစာင့္ၾကည့္ခံေနရတဲ့ ဘိုင္ယန္ ခံစစ္မွဴး အလာဘာ

ပရီးမီးယားလိဂ္မွ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ ဂ်ာမန္ ဘြန္ဒက္လီဂါ ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ ဆက္ဆံေရး အဆင္မေျပမႈေတြ ျဖစ္ေနတဲ့ ေနာက္ခံလူ အလာဘာကို ေခၚယူဖို႔ အတြက္ စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္။

အသက္ ၂၈ႏွစ္အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ဩစတီးယား ေနာက္ခံလူ အလာဘာဟာ ကမာၻ႔အဆင့္ ကစားသမားေတြထဲက တစ္ဦး ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ အတူ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တာေၾကာင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ ေနေပမယ့္ ဘိုင္ယန္နဲ႔ အလာဘာတို႔ ၾကားထဲမွာ လက္ရွိ အခ်ိန္အထိ သေဘာတူညီမႈ မရရွိေသးပါဘူး။

ဘယ္ေနာက္ခံလူ ေနရာမွာေရာ ဗဟို ေနာက္ခံလူ ေနရာမွာပါ ကြၽမ္းကြၽမ္းက်င္က်င္ ေဆာ့ကစားႏိုင္တဲ့ အလာဘာဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမားျဖစ္ၿပီး လက္ရွိ ေဘာလုံး ရာသီမွာသာ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆို ျဖစ္ပါက လာမယ့္ ေဘာလုံးရာသီအကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ရမယ့္သူပါ။

လက္ရွိမွာေတာ့ အလာဘာနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ ၾကားထဲမွာ ျပဳလုပ္ေနတဲ့ စာခ်ဳပ္သစ္ ကိစၥကို ေခတၱရပ္တန႔္ထားၿပီး ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ၿပီးဆုံးသြားတဲ့ အခါမွသာ ျပန္လည္ ေဆြးေႏြး သြားမယ္လို႔ သိရကာ အလာဘာရဲ႕ စာခ်ဳပ္သစ္ ေဆြးေႏြးမႈဟာ တိုးတက္မႈေတြ မရွိေသးဘူးလို႔ အလာဘာရဲ႕ ေအးဂ်င့္ျဖစ္သူက အတည္ျပဳထားတာေၾကာင့္ အလာဘာကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ မ်ားျပားေနတာပဲ ျဖစ္ပါတယ္။

စကိုင္းစေပါ့ သတင္းဌာနရဲ႕ အဆိုအရေတာ့ အလာဘာ ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေဆြးေႏြးေနတဲ့ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပပါက အဂၤလန္ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကာ ကစားခ်င္ေနတယ္ လို႔ သိရၿပီး လက္ရွိမွာ အလာဘာကို ေခၚယူဖို႔ မန္ယူနိုက္တက္အသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ ေစာင့္ၾကည့္ေနတယ္လို႔ သိထားရပါတယ္။

ယူနုိက္တက္ဟာ ဘယ္သန္ ဗဟိုေနာက္ခံလူ တစ္ဦးကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္း ျဖစ္သလို ခ်ယ္ဆီးအသင္းဟာလည္း ဘယ္ေနာက္ခံလူ တစ္ဦးကို ေခၚယူခ်င္ေနတာပါ။

ဒါ့ေၾကာင့္ ဗဟို ေနာက္ခံလူ ေနရာမွာေရာ ဘယ္ေနာက္ခံလူ ေနရာမွာပါ ကစားႏိုင္တဲ့ အလာဘာဟာ ႏွစ္သင္းစလုံးရဲ႕ ပစ္မွတ္ ကစားသမား ျဖစ္ေနၿပီး အလာဘာကို ေခၚယူခ်င္ပါက ဘိုင္ယန္ျမဴးနစ္အသင္း ကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၀ သန္း ဝန္းက်င္ ေပးေခ် ရႏိုင္တယ္လို႔ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက သုံးသပ္ ထားၾကပါတယ္။

Unicode – ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်နေတဲ့ နောက်ခံလူ အလာဘာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

အသက် ၂၈နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဩစတီးယား နောက်ခံလူ အလာဘာဟာ ကမ္ဘာ့အဆင့် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေပေမယ့် ဘိုင်ယန်နဲ့ အလာဘာတို့ ကြားထဲမှာ လက်ရှိ အချိန်အထိ သဘောတူညီမှု မရရှိသေးပါဘူး။

ဘယ်နောက်ခံလူ နေရာမှာရော ဗဟို နောက်ခံလူ နေရာမှာပါ ကျွမ်းကျွမ်းကျင်ကျင် ဆော့ကစားနိုင်တဲ့ အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိ ဘောလုံး ရာသီမှာသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ပါက လာမယ့် ဘောလုံးရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့်သူပါ။

လက်ရှိမှာတော့ အလာဘာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ကြားထဲမှာ ပြုလုပ်နေတဲ့ စာချုပ်သစ် ကိစ္စကို ခေတ္တရပ်တန့်ထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ပြီးဆုံးသွားတဲ့ အခါမှသာ ပြန်လည် ဆွေးနွေး သွားမယ်လို့ သိရကာ အလာဘာရဲ့ စာချုပ်သစ် ဆွေးနွေးမှုဟာ တိုးတက်မှုတွေ မရှိသေးဘူးလို့ အလာဘာရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြုထားတာကြောင့် အလာဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များပြားနေတာပဲ ဖြစ်ပါတယ်။

စကိုင်းစပေါ့ သတင်းဌာနရဲ့ အဆိုအရတော့ အလာဘာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးနေတဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေပါက အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကာ ကစားချင်နေတယ် လို့ သိရပြီး လက်ရှိမှာ အလာဘာကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ စောင့်ကြည့်နေတယ်လို့ သိထားရပါတယ်။

ယူနိုက်တက်ဟာ ဘယ်သန် ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်သလို ချယ်ဆီးအသင်းဟာလည်း ဘယ်နောက်ခံလူ တစ်ဦးကို ခေါ်ယူချင်နေတာပါ။

ဒါ့ကြောင့် ဗဟို နောက်ခံလူ နေရာမှာရော ဘယ်နောက်ခံလူ နေရာမှာပါ ကစားနိုင်တဲ့ အလာဘာဟာ နှစ်သင်းစလုံးရဲ့ ပစ်မှတ် ကစားသမား ဖြစ်နေပြီး အလာဘာကို ခေါ်ယူချင်ပါက ဘိုင်ယန်မြူးနစ်အသင်း ကို ပြောင်းရွှေ့ကြေး ယူရို ၅၀ သန်း ဝန်းကျင် ပေးချေ ရနိုင်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။