ဂ်က္ ဂရီးလစ္ရွ္ ကို ကစားသမား အလိုက္ေပး ကမ္းလွမ္းဖို႔ စီစဥ္ေနတဲ့ ယူနိုက္တက္

ဆန္ခ်ိဳကို နံပါတ္ ၁ပစ္မွတ္အျဖစ္ သတ္မွတ္ထားေပမဲ့ မန္ယူႏိုက္တက္နည္းျပဆိုးရွားဟာ လက္ရွိေႏြေဈးကြက္မွာ အက္စ္တြန္ဗီလာၾကယ္ပြင့္ ဂ်က္ ဂရီးလစ္ရွ္ကိုလည္း ေခၚယူသြားႏိုင္ေျခ ရွိေနပါေသးတယ္။

အသက္ ၂၄ႏွစ္သားဟာ ဒီဘက္ႏွစ္ပိုင္းေတြမွာ အက္စ္တြန္ဗီလာအသင္းအတြက္ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနခဲ့တာျဖစ္ၿပီး အာဆင္နယ္၊ မန္ယူႏိုက္တက္တို႔အပါအဝင္ ပရီးမီးယားလိဂ္ အသင္းႀကီးအခ်ိဳ႕ရဲ႕ အာ႐ုံကို စြဲေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

အက္စ္တြန္ဗီလာအသင္းနဲ႔ တန္းဆင္းဇုန္တိုက္ပြဲကို ေအာင္ျမင္စြာ ဆင္ႏႊဲႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ တင္က်န္ရစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္မွာ‌ေတာ့ အဂၤလန္သားဟာ ကစားသမားဘဝ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ဖို႔အတြက္ ထိပ္တန္းကလပ္အသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕လိုေနခဲ့ပါတယ္။

ဒါေပမဲ့လည္း အာဆင္နယ္အသင္းက စုံစမ္းေမးျမန္းမႈသာ ျပဳလုပ္သြားၿပီး ထပ္မံခ်ိတ္ဆက္လာခဲ့ျခင္း မရွိေတာ့သလို အေစာပိုင္းကာလေတြက ေတာက္ေလွ်ာက္ခ်ဥ္းကပ္ခဲ့တဲ့ မန္ယူႏိုက္တက္အသင္းဟာ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားရင္းနဲ႔သာ အခ်ိန္ကုန္ေနခဲ့တာေၾကာင့္ ဂရီးလစ္ရွ္အေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ႏိုင္ဖို႔ရာ မေရမရာ ျဖစ္ခဲ့ပါတယ္။

ဆန္ခ်ိဳကို ‌ေခၚယူဖို႔ ႀကိဳးပမ္းေနေပမဲ့ အေျခအေနေတြ ခက္ခဲလာခဲ့ၿပီးေနာက္မွာ မန္ယူႏိုက္တက္ဟာ ယူဗင္တပ္အသင္းရဲ႕ ေဒါက္ကလပ္ေကာ္စတာနဲ႔ ဂရီးလစ္ရွ္တို႔ဘက္ဆီ အာ႐ုံေရာက္လာခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ ဂရီးလစ္ရွ္အတြက္ ေငြေၾကးအကုန္အက်သိပ္မမ်ားဘဲ ေခၚယူႏိုင္ဖို႔အတြက္ အစီအစဥ္တစ္ခု ထားရွိထားၿပီး အဲဒါကေတာ့ ဂိုးသမားျဖစ္သူ ဆာဂ်ီယို႐ိုမဲ႐ိုးကို အေျပာင္းအေ႐ႊ႕ရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္ အလိုက္ေပးကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ အဂၤလန္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ လက္ရွိေႏြေဈးကြက္အတြင္းမွာ ဂ်က္ဆီလင္ဂတ္၊ အန္ဒရီယာပယ္ရဲရားနဲ႔ ဟြမ္မာတာတို႔လို ကစားသမားေတြကို ေရာင္းခ်သြားဦးမွာျဖစ္တာေၾကာင့္ ကြင္းလယ္တိုက္စစ္မွသာမက ေတာင္ပံတိုက္စစ္မွာပါ ကစားႏိုင္စြမ္းရွိတဲ့ ဂရီးလစ္ရွ္ကို ျပန္လည္ပစ္မွတ္ထားလာခဲ့တာလည္း ျဖစ္ပါတယ္။

ဂရီးလစ္ရွ္အတြက္ ခ်ဥ္းကပ္မႈမ်ိဳးေတြ မန္ယူႏိုက္တက္အသင္း စတင္ျပဳလုပ္ေနၿပီး မၾကာမီမွာ အက္စ္တြန္ဗီလာအသင္းနဲ႔ တရားဝင္ ေဆြးေႏြးမႈေတြ စတင္သြားလိမ့္မယ္လို႔လည္း အဂၤလန္ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

Unicode

ဆန်ချိုကို နံပါတ် ၁ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမဲ့ မန်ယူနိုက်တက်နည်းပြဆိုးရှားဟာ လက်ရှိနွေဈေးကွက်မှာ အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက် ဂရီးလစ်ရှ်ကိုလည်း ခေါ်ယူသွားနိုင်ခြေ ရှိနေပါသေးတယ်။

အသက် ၂၄နှစ်သားဟာ ဒီဘက်နှစ်ပိုင်းတွေမှာ အက်စ်တွန်ဗီလာအသင်းအတွက် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေခဲ့တာဖြစ်ပြီး အာဆင်နယ်၊ မန်ယူနိုက်တက်တို့အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးအချို့ရဲ့ အာရုံကို စွဲဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းနဲ့ တန်းဆင်းဇုန်တိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာ‌တော့ အင်္ဂလန်သားဟာ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ထိပ်တန်းကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့လိုနေခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆင်နယ်အသင်းက စုံစမ်းမေးမြန်းမှုသာ ပြုလုပ်သွားပြီး ထပ်မံချိတ်ဆက်လာခဲ့ခြင်း မရှိတော့သလို အစောပိုင်းကာလတွေက တောက်လျှောက်ချဉ်းကပ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားရင်းနဲ့သာ အချိန်ကုန်နေခဲ့တာကြောင့် ဂရီးလစ်ရှ်အနေနဲ့ အသင်းပြောင်းရွှေ့နိုင်ဖို့ရာ မရေမရာ ဖြစ်ခဲ့ပါတယ်။

ဆန်ချိုကို ‌ခေါ်ယူဖို့ ကြိုးပမ်းနေပေမဲ့ အခြေအနေတွေ ခက်ခဲလာခဲ့ပြီးနောက်မှာ မန်ယူနိုက်တက်ဟာ ယူဗင်တပ်အသင်းရဲ့ ဒေါက်ကလပ်ကော်စတာနဲ့ ဂရီးလစ်ရှ်တို့ဘက်ဆီ အာရုံရောက်လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဂရီးလစ်ရှ်အတွက် ငွေကြေးအကုန်အကျသိပ်မများဘဲ ခေါ်ယူနိုင်ဖို့အတွက် အစီအစဉ်တစ်ခု ထားရှိထားပြီး အဲဒါကတော့ ဂိုးသမားဖြစ်သူ ဆာဂျီယိုရိုမဲရိုးကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အလိုက်ပေးကမ်းလှမ်းသွားမှာဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လက်ရှိနွေဈေးကွက်အတွင်းမှာ ဂျက်ဆီလင်ဂတ်၊ အန်ဒရီယာပယ်ရဲရားနဲ့ ဟွမ်မာတာတို့လို ကစားသမားတွေကို ရောင်းချသွားဦးမှာဖြစ်တာကြောင့် ကွင်းလယ်တိုက်စစ်မှသာမက တောင်ပံတိုက်စစ်မှာပါ ကစားနိုင်စွမ်းရှိတဲ့ ဂရီးလစ်ရှ်ကို ပြန်လည်ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။

ဂရီးလစ်ရှ်အတွက် ချဉ်းကပ်မှုမျိုးတွေ မန်ယူနိုက်တက်အသင်း စတင်ပြုလုပ်နေပြီး မကြာမီမှာ အက်စ်တွန်ဗီလာအသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်သွားလိမ့်မယ်လို့လည်း အင်္ဂလန် သတင်းတွေမှာ ဖော်ပြထားပါတယ်။