ေပါ့ဘာနဲ႕ အတြဲမိမယ့္ ခ်ယ္ဆီးကြင္းလယ္သမားကို ေခၚဖို႔ ယူနိုက္တက္ ခ်ိတ္ဆက္ေန
မန္ယူႏိုက္တက္အသင္းဟာ ကြင္းလယ္ခံစစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္ ၾကယ္ပြင့္ အန္ဂိုလို ကန္ေတကို ပစ္မွတ္ထား ခ်ိတ္ဆက္ေနတယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။
ကန္ေတဟာ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာနဲ႔လည္း ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ အတြဲညီညီ ကစားႏိုင္ခဲ့ၿပီး ကမာၻ႔ဖလားပါ အရယူႏိုင္ခဲ့သလို လက္ရွိအခ်ိန္မွာလည္း မာတစ္ တစ္ေယာက္သာ အားကိုးေနရတဲ့ ကြင္းလယ္ခံစစ္ပိုင္းအတြက္ ကန္ေတကို ယူႏိုက္တက္တို႔ မ်က္စိက်လာခဲ့ျခင္း ျဖစ္ပါတယ္။
အသက္ ၂၉ႏွစ္သားဟာ ၿပီးခဲ့တဲ့ရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔သာ ႐ုန္းကန္ခဲ့ရၿပီး ခက္ခဲတဲ့ရာသီတစ္ခုကို ျဖတ္သန္းခဲ့ရသလို နည္းျပဖရန္႕ လမ္းပတ္လက္ထက္ အသြင္သစ္နဲ႔ ေရွ႕ဆက္သြားေတာ့မဲ့ ခ်ယ္ဆီး အသင္းကေန ထြက္ခြာသြားရႏိုင္တယ္လို႔လည္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။
ဒက္ကလန္႐ိုက္၊ ကိုင္းဟားဗက္ဇ္တို႔လို ကစားသမားသစ္ေတြကို အရေခၚယူႏိုင္ဖို႔အတြက္ အသုံးစားရိတ္ကာမိႏိုင္ေစဖို႔ရာ ခ်ယ္ဆီးအသင္းဟာ ကန္ေတအတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာခဲ့ရင္ စဥ္းစားသြားႏိုင္တယ္လို႔လည္း Mirror သတင္းဌာနက ေရးသားထားပါတယ္။
ဒီအေျခအေနေတြဟာ မန္ယူႏိုက္တက္အတြက္ေတာ့ သတင္းေကာင္းတစ္ခုျဖစ္လာခဲ့ၿပီး ျပင္သစ္သားကို အိုးထရက္ဖို႔ဒ္ဆီ အရေခၚယူႏိုင္ဖို႔အတြက္ ေအးဂ်င့္ျဖစ္သူထံ ခ်ဥ္းကပ္မႈေတြ စတင္ျပဳလုပ္လာခဲ့ေၾကာင္း သိရပါတယ္။
ဒါေပမဲ့လည္း မန္ယူႏိုက္တက္ဟာ ေဒ့ါမြန္အသင္းရဲ႕ တိုက္စစ္ကစားသမားေလး ေဂ်ဒန္ဆန္ခ်ိဳကို အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားကာ ေခၚယူႏိုင္ဖို႔ ဦးစားေပးႀကိဳးစားေနၿပီး တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းၿပီးမွသာ အျခားေနရာကိုေတြကို ျဖည့္တင္းသြားႏိုင္ဖြယ္ ရွိေနပါတယ္။
၂၀၁၈ ခုႏွစ္ကမွ ခ်ယ္ဆီးအသင္းနဲ႔ ငါးႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုထားခဲ့တဲ့ ကန္ေတဟာ စာခ်ဳပ္သက္တမ္း ၃ႏွစ္ က်န္ရွိေသးသူျဖစ္ၿပီး ေဈးကြက္ တန္ေၾကးအရ ယူ႐ိုသန္း ၈၀ အထိ ရွိေနပါတယ္။ ကန္ေတကို မန္ယူႏိုက္တက္အျပင္ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ကလည္း စိတ္ဝင္စားေနၿပီး ဘယ္အသင္းမွေတာ့ ခ်ယ္ဆီးအသင္းဆီ တရားဝင္ကမ္းလွမ္းမႈ မျပဳလုပ္ထားေသးဘူး လို႔လည္း သိရပါတယ္။
Unicode
မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ချယ်ဆီးအသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် အန်ဂိုလို ကန်တေကို ပစ်မှတ်ထား ချိတ်ဆက်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကန်တေဟာ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့လည်း ပြင်သစ်လက်ရွေးစင်အသင်းမှာ အတွဲညီညီ ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပါ အရယူနိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း မာတစ် တစ်ယောက်သာ အားကိုးနေရတဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက် ကန်တေကို ယူနိုက်တက်တို့ မျက်စိကျလာခဲ့ခြင်း ဖြစ်ပါတယ်။
အသက် ၂၉နှစ်သားဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသလို နည်းပြဖရန့် လမ်းပတ်လက်ထက် အသွင်သစ်နဲ့ ရှေ့ဆက်သွားတော့မဲ့ ချယ်ဆီး အသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဒက်ကလန်ရိုက်၊ ကိုင်းဟားဗက်ဇ်တို့လို ကစားသမားသစ်တွေကို အရခေါ်ယူနိုင်ဖို့အတွက် အသုံးစားရိတ်ကာမိနိုင်စေဖို့ရာ ချယ်ဆီးအသင်းဟာ ကန်တေအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် စဉ်းစားသွားနိုင်တယ်လို့လည်း Mirror သတင်းဌာနက ရေးသားထားပါတယ်။
ဒီအခြေအနေတွေဟာ မန်ယူနိုက်တက်အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပြီး ပြင်သစ်သားကို အိုးထရက်ဖို့ဒ်ဆီ အရခေါ်ယူနိုင်ဖို့အတွက် အေးဂျင့်ဖြစ်သူထံ ချဉ်းကပ်မှုတွေ စတင်ပြုလုပ်လာခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့လည်း မန်ယူနိုက်တက်ဟာ ဒေ့ါမွန်အသင်းရဲ့ တိုက်စစ်ကစားသမားလေး ဂျေဒန်ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားကာ ခေါ်ယူနိုင်ဖို့ ဦးစားပေးကြိုးစားနေပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းပြီးမှသာ အခြားနေရာကိုတွေကို ဖြည့်တင်းသွားနိုင်ဖွယ် ရှိနေပါတယ်။
၂၀၁၈ ခုနှစ်ကမှ ချယ်ဆီးအသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားခဲ့တဲ့ ကန်တေဟာ စာချုပ်သက်တမ်း ၃နှစ် ကျန်ရှိသေးသူဖြစ်ပြီး ဈေးကွက် တန်ကြေးအရ ယူရိုသန်း ၈၀ အထိ ရှိနေပါတယ်။ ကန်တေကို မန်ယူနိုက်တက်အပြင် ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ဘယ်အသင်းမှတော့ ချယ်ဆီးအသင်းဆီ တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ထားသေးဘူး လို့လည်း သိရပါတယ်။