ဆန္ခ်ိဳ ေခၚဖို႔ ခက္ေနတဲ့ မန္ခ်က္စတာယူနိုက္တက္ကိုမွ ထပ္ဆြ လိုက္ျပန္တဲ့ အို၀င္ဟားဂေရ႕ဗ္
ယူႏိုက္တက္ ကစားသမားေဟာင္း အိုဝင္ဟားဂေရဗ့္က အသင္းအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ႀကိဳးစားေန တဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳအေနနဲ႔ အသင္းကို ေရာက္ရွိလာပါက ဖာနန္ဒက္စ္ ေနာက္တစ္ေယာက္ ထပ္ ေရာက္လာသလိုမ်ိဳး စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကမွာ ယူႏိုက္ တက္ကို ေရာက္ရွိလာခဲ့ေပမယ့္ အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳကို ေခၚယူဖို႔ အခက္ေတြ႔ေနတဲ့ ယူနိုက္တက္ အတြက္ ဟားဂေရ႔ဗ္ တိုက္တြန္းမႈက ထပ္ဆြလိုက္သလို ျဖစ္သြားပါတယ္။
အဂၤလန္လက္ေရြးစင္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အိုဝင္ဟားဂေရဗ့္ဟာ ၂၀၀၇ ခုႏွစ္က ဘိုင္ယန္ျမဴးနစ္ကေန ယူႏိုက္တက္ကို ေျပာင္းေရႊ႕ကစားခဲ့သူျဖစ္တာေၾကာင့္ မန္စီးတီးကစားသမားေဟာင္း ဆန္ခ်ိဳအေနနဲ႔လည္း ေဒါ့မြန္ကေန ထြက္ၿပီး အဂၤလန္ကို ျပန္လာလိမ့္မယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။ ကလပ္ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးသေဘာတူ ညီမႈ မရေသးတာေၾကာင့္ ဆန္ခ်ိဳအေနနဲ႔ အဂၤလန္ေျမကို ျပန္မေရာက္ေသးတာပဲ ျဖစ္ပါတယ္။
talkSPORT ကေနတဆင့္ အိုဝင္ဟားဂေရဗ့္က “ ဆန္ခ်ိဳအေနနဲ႔ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာမွာပါ။ သူေရာက္လာမယ္ ဆိုရင္ ယူႏိုက္တက္ကလည္း ၿပီးျပည့္စံုတဲ့ အသင္း တစ္သင္းျဖစ္သြားမွာပါ။ လီဝန္ေဒါစကီး၊ဟမ္မဲလ္၊ ေဂါ့ဇီနဲ႔ ဒမ္ဘီလီတို႔ လို ကစားသမားမ်ိဳးေတြကိုေတာင္ လက္လႊတ္ခဲ့တဲ့ ေဒါ့မြန္အေနနဲ႔ ဆန္ခ်ိဳကို လက္မလႊတ္ခ်င္တာ ဘာေၾကာင့္လဲ ဆိုတာ စဥ္းစားလို႔မရပါဘူး” လို႔ ေျပာဆို ခဲ့ပါတယ္။
၂၀၁၇ ခုႏွစ္တုန္းက ဆန္ခ်ိဳဟာ ယူႏိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးကေန ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ တာျဖစ္ၿပီး ၿပိဳင္ပြဲစံု ၉၉ ပြဲမွာ ၃၄ ဂိုးသြင္းၿပီး ၄၃ ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဆန္ခ်ိဳကို ကလပ္ရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလိုေပမယ့္ ကိုဗစ္ေၾကာင့္ ဘ႑ေရး အက်ပ္အ တည္း ျဖစ္ေနတာမို႕ ယူႏိုက္တက္တာဝန္ရွိသူေတြကေတာ့ ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးကို အရစ္က်ပဲေပးဖို႔ အလိုရွိေနတာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ဒီေႏြမွာ ဆန္ခ်ိဳကို မရနုိင္ခဲ့ရင္ ေနာက္နွစ္ ေႏြမွာ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔လို စပိန္ထိပ္သီးေတြနဲ႕ အျပိဳင္ ေခၚရဖို႔ ရွိေနပါတယ္။
Unicode
ယူနိုက်တက် ကစားသမားဟောင်း အိုဝင်ဟားဂရေဗ့်က အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားနေ တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုအနေနဲ့ အသင်းကို ရောက်ရှိလာပါက ဖာနန်ဒက်စ် နောက်တစ်ယောက် ထပ် ရောက်လာသလိုမျိုး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကမှာ ယူနိုက် တက်ကို ရောက်ရှိလာခဲ့ပေမယ့် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ခေါ်ယူဖို့ အခက်တွေ့နေတဲ့ ယူနိုက်တက် အတွက် ဟားဂရေ့ဗ် တိုက်တွန်းမှုက ထပ်ဆွလိုက်သလို ဖြစ်သွားပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အိုဝင်ဟားဂရေဗ့်ဟာ ၂၀၀၇ ခုနှစ်က ဘိုင်ယန်မြူးနစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်တာကြောင့် မန်စီးတီးကစားသမားဟောင်း ဆန်ချိုအနေနဲ့လည်း ဒေါ့မွန်ကနေ ထွက်ပြီး အင်္ဂလန်ကို ပြန်လာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးသဘောတူ ညီမှု မရသေးတာကြောင့် ဆန်ချိုအနေနဲ့ အင်္ဂလန်မြေကို ပြန်မရောက်သေးတာပဲ ဖြစ်ပါတယ်။
talkSPORT ကနေတဆင့် အိုဝင်ဟားဂရေဗ့်က “ ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာမှာပါ။ သူရောက်လာမယ် ဆိုရင် ယူနိုက်တက်ကလည်း ပြီးပြည့်စုံတဲ့ အသင်း တစ်သင်းဖြစ်သွားမှာပါ။ လီဝန်ဒေါစကီး၊ဟမ်မဲလ်၊ ဂေါ့ဇီနဲ့ ဒမ်ဘီလီတို့ လို ကစားသမားမျိုးတွေကိုတောင် လက်လွှတ်ခဲ့တဲ့ ဒေါ့မွန်အနေနဲ့ ဆန်ချိုကို လက်မလွှတ်ချင်တာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားလို့မရပါဘူး” လို့ ပြောဆို ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ဆန်ချိုဟာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွားခဲ့ တာဖြစ်ပြီး ပြိုင်ပွဲစုံ ၉၉ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ၄၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ဆန်ချိုကို ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုပေမယ့် ကိုဗစ်ကြောင့် ဘဏ္ဍရေး အကျပ်အ တည်း ဖြစ်နေတာမို့ ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကို အရစ်ကျပဲပေးဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေမှာ ဆန်ချိုကို မရနိုင်ခဲ့ရင် နောက်နှစ် နွေမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လို စပိန်ထိပ်သီးတွေနဲ့ အပြိုင် ခေါ်ရဖို့ ရှိနေပါတယ်။