ဂ်ဴဗင္တပ္ ကစားသမား သံုးဦးထိ ဒီေႏြမွာ ေခၚယူလိုေနတဲ့ ယူနိုက္တက္ နည္းျပ ဆိုးရွား

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာဆိုးလ္ရွားဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဂ်ဴဗင္တပ္ကစားသမား ၃ ဦးေခၚယူခ်င္ေနတယ္လို႔ အီတလီက သတင္းေတြအရ သိရပါတယ္။

အီတလီသတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ လာမယ့္ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ္ရာသီမတိုင္မီ စီးရီးေအ ခ်န္ပီယံအသင္းဆီကေန ကစားသမား ၃ ဦး ေခၚယူသြားဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္အသင္းကလည္း ယခုလအေစာပိုင္းမွာ နည္းျပဆာရီကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ၂၀၂၀ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ၎တို႔ရဲ႕ ပိုလွ်ံေနတဲ့ကစားသမားေတြကို ေရာင္းထုတ္ သြားခ်င္ေနတယ္လို႔ သိရပါတယ္။

ဆိုးလ္ရွားက အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း အာ႐ြန္ရမ္ေဆးကို ယခုေႏြရာသီမွာ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတာျဖစ္ၿပီး ယူ႐ိုသန္း ၂၀ ေလာက္နဲ႔ ေခၚယူႏိုင္မယ္လို႔ သိရပါတယ္။ အသင္းရဲ႕ ေတာင္ပံေနရာေတြမွာ ဖန္တီးႏိုင္မႈစြမ္းအားနဲ႔ လ်င္ျမန္ႏႈန္းပိုမိုအားေကာင္းလာေအာင္ ဘရာဇီးလ္ ကြင္းလယ္ကစားသမား ေဒါက္ဂလပ္ေကာ္စတာနဲ႔ ဘာနာဒက္စ္ခီတို႔ကိုလည္း ပစ္မွတ္စာရင္းထဲ ထည့္သြင္းထားတာျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္ေတာင္ပံၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို ယခုေႏြရာသီမွာ ေခၚယူဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့ေပမယ့္ အခုအခ်ိန္အထိ သေဘာတူညီမႈ မရရွိေသးတာေၾကာင့္ အျခား ေ႐ြးခ်ယ္စရာေတြဘက္ကို ျမႇားဦးလွည့္ေနတာျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဂျူဗင်တပ်ကစားသမား ၃ ဦးခေါ်ယူချင်နေတယ်လို့ အီတလီက သတင်းတွေအရ သိရပါတယ်။

အီတလီသတင်းဌာန ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လာမယ့် ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ရာသီမတိုင်မီ စီးရီးအေချန်ပီယံအသင်းဆီကနေ ကစားသမား ၃ ဦး ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းကလည်း ယခုလအစောပိုင်းမှာ နည်းပြဆာရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ၎င်းတို့ရဲ့ ပိုလျှံနေတဲ့ကစားသမားတွေကို ရောင်းထုတ် သွားချင်နေတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားက အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း အာရွန်ရမ်ဆေးကို ယခုနွေရာသီမှာ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပြီး ယူရိုသန်း ၂၀ လောက်နဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ အသင်းရဲ့ တောင်ပံနေရာတွေမှာ ဖန်တီးနိုင်မှုစွမ်းအားနဲ့ လျင်မြန်နှုန်းပိုမိုအားကောင်းလာအောင် ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒေါက်ဂလပ်ကော်စတာနဲ့ ဘာနာဒက်စ်ခီတို့ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ယခုနွေရာသီမှာ ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့ပေမယ့် အခုအချိန်အထိ သဘောတူညီမှု မရရှိသေးတာကြောင့် အခြား ရွေးချယ်စရာတွေဘက်ကို မြှားဦးလှည့်နေတာဖြစ်ပါတယ်။