ကမာၻ႔အခမ္းနားဆုံး ကလပ္အသင္းနဲ႕ အတူ ဆုဖလားေတြ ယူခ်င္ေနတဲ့ ဒင္းဟန္ဒါဆန္
လူငယ္ဂိုးသမားေလး ဒင္း ဟန္ဒါဆန္ကေတာ့ မန္ယူႏိုက္တက္အသင္းဟာ ကမာၻ႔အခမ္းနားဆုံး ကလပ္အသင္းျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ရင္း ဒီလိုအသင္းနဲ႔အတူ ဆုဖလားေအာင္ပြဲေတြ ရယူသြားလိုတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
အသက္ ၂၃ႏွစ္သားေလးဟာ ၿပီးခဲ့တဲ့ရာသီမွာ ရွက္ဖီးလ္ ယူႏိုက္တက္အသင္းကို အငွားထြက္ကစားခဲ့ကာ လက္စြမ္းေကာင္းေတြ ျပသႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒီေႏြမွာ အဂၤလန္သားေလးဟာ သရဲနီတို႔နဲ႔အတူ ကာလရွည္သက္တမ္းရွိ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ကစားသြားဖို႔ ေသခ်ာသြားခဲ့ပါတယ္။
စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးၿပီးခ်ိန္မွာေတာ့ သူ႔အေနနဲ႔ ပြဲထြက္ဂိုးသမား ဒါးဗစ္ဒေဟးယားရဲ႕ေနရာကို စိန္ေခၚသြားမွာျဖစ္သလို မန္ယူႏိုက္တက္အသင္းနဲ႔အတူ ဆုဖလားေတြ ရယူသြားလိုတယ္လို႔ ဟန္ဒါဆန္က ဖြင့္ဟခဲ့တာပါ။
“ဒီေန႔ ဒီေနရာမွာ ဒီလိုအဆင့္မ်ိဳးကို ေရာက္ဖို႔အတြက္ ကြၽန္ေတာ့္အေနနဲ႔ ေနာက္ကြယ္မွာ အမ်ားႀကီး ႀကိဳးစားခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္ ဒီေနရာမွာထိုင္ၿပီး ေနာက္ထပ္သြားေရာက္ခ်င္တဲ့ ရည္မွန္းခ်က္ေတြအေၾကာင္း ေျပာေနႏိုင္ၿပီ။”
“မန္ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရတာဟာ ကြၽန္ေတာ္ အၿမဲတမ္းဂုဏ္ယူေနမဲ့ ဘယ္ေတာ့မွ ေမ့မရဘဲျဖစ္ေနမဲ့ အရာတစ္ခု ျဖစ္လာမွာပါ။ ဒီလိုထိပ္တန္းကလပ္အသင္းနဲ႔ ကြၽန္ေတာ္ ဆုဖလားေတြ ရယူသြားခ်င္ပါတယ္။”
ဟန္ဒါဆန္က “ကြၽန္ေတာ္ဟာ ရည္မွန္းခ်က္ႀကီးမားတဲ့ လူငယ္တစ္ဦး ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိုအေရာက္လာၿပီး ရည္မွန္းခ်က္ေတြဆီ အေရာက္သြားခ်င္ပါတယ္။ ကမာၻ႔အခမ္းနားဆုံးကလပ္အသင္းနဲ႔အတူ ဆုဖလားေတြ ရယူသြားႏိုင္ဖို႔ေပါ့။”
“မၾကာမီမွာ ကြၽန္ေတာ္တို႔ေတြ ရယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခြင့္ရဖို႔ကလည္း ကြၽန္ေတာ့္ ရည္မွန္းခ်က္တစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ အေကာင္းဆုံး ႀကိဳးစားသြားမွာျဖစ္ၿပီး အခ်ိန္ေကာင္းေတြ ပိုင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။
Unicode
လူငယ်ဂိုးသမားလေး ဒင်း ဟန်ဒါဆန်ကတော့ မန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အခမ်းနားဆုံး ကလပ်အသင်းဖြစ်တယ်လို့ ချီးကျူးလိုက်ရင်း ဒီလိုအသင်းနဲ့အတူ ဆုဖလားအောင်ပွဲတွေ ရယူသွားလိုတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အသက် ၂၃နှစ်သားလေးဟာ ပြီးခဲ့တဲ့ရာသီမှာ ရှက်ဖီးလ် ယူနိုက်တက်အသင်းကို အငှားထွက်ကစားခဲ့ကာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီနွေမှာ အင်္ဂလန်သားလေးဟာ သရဲနီတို့နဲ့အတူ ကာလရှည်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်လက်ကစားသွားဖို့ သေချာသွားခဲ့ပါတယ်။
စာချုပ်သစ်ကို လက်မှတ်ရေးထိုးပြီးချိန်မှာတော့ သူ့အနေနဲ့ ပွဲထွက်ဂိုးသမား ဒါးဗစ်ဒဟေးယားရဲ့နေရာကို စိန်ခေါ်သွားမှာဖြစ်သလို မန်ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားတွေ ရယူသွားလိုတယ်လို့ ဟန်ဒါဆန်က ဖွင့်ဟခဲ့တာပါ။
“ဒီနေ့ ဒီနေရာမှာ ဒီလိုအဆင့်မျိုးကို ရောက်ဖို့အတွက် ကျွန်တော့်အနေနဲ့ နောက်ကွယ်မှာ အများကြီး ကြိုးစားခဲ့ရပါတယ်။ အခုချိန်မှာတော့ ကျွန်တော် ဒီနေရာမှာထိုင်ပြီး နောက်ထပ်သွားရောက်ချင်တဲ့ ရည်မှန်းချက်တွေအကြောင်း ပြောနေနိုင်ပြီ။”
“မန်ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရတာဟာ ကျွန်တော် အမြဲတမ်းဂုဏ်ယူနေမဲ့ ဘယ်တော့မှ မေ့မရဘဲဖြစ်နေမဲ့ အရာတစ်ခု ဖြစ်လာမှာပါ။ ဒီလိုထိပ်တန်းကလပ်အသင်းနဲ့ ကျွန်တော် ဆုဖလားတွေ ရယူသွားချင်ပါတယ်။”
ဟန်ဒါဆန်က “ကျွန်တော်ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုအရောက်လာပြီး ရည်မှန်းချက်တွေဆီ အရောက်သွားချင်ပါတယ်။ ကမ္ဘာ့အခမ်းနားဆုံးကလပ်အသင်းနဲ့အတူ ဆုဖလားတွေ ရယူသွားနိုင်ဖို့ပေါ့။”
“မကြာမီမှာ ကျွန်တော်တို့တွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးခွင့်ရဖို့ကလည်း ကျွန်တော့် ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အချိန်ကောင်းတွေ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။