ကေလာ့ပ္ မ်က္စိက်ေနတဲ့ ဆဲလ္ဘတ္ တိုက္စစ္ၾကယ္ပြင့္ေလးကို လက္ဦးမႈယူဖို႔ ယူနိုက္တက္ ျပင္ဆင္
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဆဲလ္ဘတ္ တိုက္စစ္မႉး ပက္ဆန္ဒါကာကို ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ နည္းျပ အိုလီဂန္နာဆိုးလ္ရွားဟာ ဒီေႏြရာသီမွာ တိုက္စစ္အင္အားကိုလည္း တိုးခ်ဲ႕ဖို႔ ႀကိဳးစားလ်က္ရွိၿပီး ဒါကာကလည္း ယူႏိုက္တက္ရဲ႕ အလားအလာရွိတဲ့ ပစ္မွတ္တစ္ခုပဲျဖစ္ပါတယ္။
၂၁ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီက ဆဲလ္ဘတ္အတြက္ အထူးေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ လိဂ္ပြဲ ၃၁ ပြဲကစားထဲ့ရာမ်ာ သြင္းဂိုး ၂၄ ဂိုးသြင္းယူခဲ့ၿပီး ဆဲလ္ဘတ္ရဲ႕ ၇ ႏွစ္ဆက္တိုက္ ၾသစတီးယားခ်န္ပီယံဆုကို ရယူေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးကလည္း နည္းမွာေတာ့ မဟုတ္ပါဘူး။
ၿပီးခဲ့တဲ့ႏွစ္ကမွ အသင္းနဲ႔ ၂၀၂၄ အထိ စာခ်ဳပ္သက္တမ္းတိုးထားခဲ့တာေၾကာင့္ သူ႔ကိုေခၚခ်င္ရင္ အနည္းဆုံးေပါင္သန္း ၂၀ အထက္ ေပးသြားရဖိုရွိေနပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးနဲ႔ အျခားထိပ္သီးအသင္း အေတာ္မ်ားမ်ားကလည္း ဒါကာကို စိတ္ဝင္စားေနတာေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ ၿပိဳင္ဘက္ေတြ မ်ားစြာနဲ႔ အၿပိဳင္ေခၚယူရမွာ ျဖစ္ပါတယ္။
ဇမ္ဘီယာတိုက္စစ္မႉးေလးဟာ ၿပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ခ်န္ပီယံလီဗာပူးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ ေျခစမ္းပြဲမွာ ဆဲလ္ဘတ္အတြက္ ၂ ဂိုးစလုံးကို သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ လီဗာပူးကလည္း ဆဲလ္ဘတ္နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိေနတာေၾကာင့္ ကစားသမားကို ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းေနပါတယ္။
လီဗာပူးမွာ တိုက္စစ္ကစားသမားေတြ မ်ားေနေပမယ့္ ဒီေဗာ့အိုရီဂီက အသင္းကေန ထြက္ခြာႏိုင္တာေၾကာင့္ ဂ်ာဂန္ကေလာ့ပ္က လူငယ္ၾကယ္ပြင့္ေလးျဖစ္လာမယ့္ ဒါကာကို စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ လီဗာပူးမွာ ဘယ္သူက အရင္ကမ္းလွမ္းသြားမလဲဆိုတာ လာမယ့္ရက္ပိုင္းအတြင္းမွာ အေျဖေပၚလာႏိုင္ပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆဲလ်ဘတ် တိုက်စစ်မှူး ပက်ဆန်ဒါကာကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ဒီနွေရာသီမှာ တိုက်စစ်အင်အားကိုလည်း တိုးချဲ့ဖို့ ကြိုးစားလျက်ရှိပြီး ဒါကာကလည်း ယူနိုက်တက်ရဲ့ အလားအလာရှိတဲ့ ပစ်မှတ်တစ်ခုပဲဖြစ်ပါတယ်။
၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဆဲလ်ဘတ်အတွက် အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ လိဂ်ပွဲ ၃၁ ပွဲကစားထဲ့ရာမျာ သွင်းဂိုး ၂၄ ဂိုးသွင်းယူခဲ့ပြီး ဆဲလ်ဘတ်ရဲ့ ၇ နှစ်ဆက်တိုက် သြစတီးယားချန်ပီယံဆုကို ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေးကလည်း နည်းမှာတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်ကမှ အသင်းနဲ့ ၂၀၂၄ အထိ စာချုပ်သက်တမ်းတိုးထားခဲ့တာကြောင့် သူ့ကိုခေါ်ချင်ရင် အနည်းဆုံးပေါင်သန်း ၂၀ အထက် ပေးသွားရဖိုရှိနေပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ အခြားထိပ်သီးအသင်း အတော်များများကလည်း ဒါကာကို စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက် အနေနဲ့ ပြိုင်ဘက်တွေ များစွာနဲ့ အပြိုင်ခေါ်ယူရမှာ ဖြစ်ပါတယ်။
ဇမ်ဘီယာတိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးနဲ့ ၂-၂ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ဆဲလ်ဘတ်အတွက် ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ လီဗာပူးကလည်း ဆဲလ်ဘတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာကြောင့် ကစားသမားကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
လီဗာပူးမှာ တိုက်စစ်ကစားသမားတွေ များနေပေမယ့် ဒီဗော့အိုရီဂီက အသင်းကနေ ထွက်ခွာနိုင်တာကြောင့် ဂျာဂန်ကလော့ပ်က လူငယ်ကြယ်ပွင့်လေးဖြစ်လာမယ့် ဒါကာကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးမှာ ဘယ်သူက အရင်ကမ်းလှမ်းသွားမလဲဆိုတာ လာမယ့်ရက်ပိုင်းအတွင်းမှာ အဖြေပေါ်လာနိုင်ပါတယ်။