ပရီးမီးယားလိဂ္မွာ သူ႔ထက္ ေကာငး္တဲ့ ကြင္းလယ္ စီးတီးမွာသာ ရွိတယ္လို႔ ဒီဘရိုင္း ၾကံဳး၀ါး

မန္ယူႏိုက္တက္ ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ သူ႔ကို ပယ္နယ္တီသာ သြင္းတတ္သူျဖစ္ေၾကာင္း ေဝဖန္ခဲ့တဲ့ စပါးေမာ္ရင္ညိဳကို တုံ႔ျပန္လာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ သူ႔ထက္ပိုေကာင္းတဲ့ ကြင္းလယ္လူဆိုလို႔ မန္စီးတီးၾကယ္ပြင့္ ဒီဘ႐ိုင္းနား တစ္ဦးသာ ရွိတယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။

ေပၚတူဂီသားဟာ ေဆာင္းရာသီေဈးကြက္မွာ စပို႔တင္းလစၥဘြန္းအသင္းကေန မန္ယူႏိုက္တက္အသင္းဆီ ေရာက္ရွိလာခဲ့ၿပီးကတည္း ကေျခစြမ္းျပကစားေနသူျဖစ္ၿပီး သြင္းဂိုး ၁၂ဂိုးအထိ ရယူႏိုင္ခဲ့ကာ ပရီးမီးယားလိဂ္ ရာသီကုန္ရပ္တည္မႈမွာ အဆင့္ ၃ေနရာအထိ တက္လွမ္းေစႏိုင္ခဲ့ပါတယ္။ ဖန္တီးမႈအားျဖင့္လည္း ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ဟာ ေကာင္းမြန္တဲ့အေနအထားတစ္ခုမွာရွိေနၿပီး ၈ႀကိမ္အထိ ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

စပါးနည္းျပေမာ္ရင္ညိဳကေတာ့ ဖာနန္ဒက္စ္ဟာ ပယ္နယ္တီကန္သြင္းရာမွာ ထိပ္တန္းက်လြန္းၿပီး တစ္ရာသီကို ပယ္နယ္တီသြင္းဂိုး ၂၀ဂိုးအထိ သြင္းယူႏိုင္သူျဖစ္တယ္လို႔ ခပ္ေထ့ေထ့ ေဝဖန္ခဲ့တာနဲ႔ပတ္သက္လို႔ ဖာနန္ဒက္စ္က တုံ႔ျပန္လာခဲ့တာလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ေတာ့ ေထြေထြထူးထူးကို ဘာမွမခံစားရပါဘူး။ ႐ိုး႐ိုးသားသား ေျပာတာပါ။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္လည္း ပယ္နယ္တီ အကန္ေကာင္းသူလို႔ ခံစားလို႔ရတယ္ေလ။ ဒီထက္ဘာမွ မပိုပါဘူး။ ကြၽန္ေတာ္ နားလည္ပါတယ္။

လူေတြေျပာေနၾကတာေတြလည္း ကြၽန္ေတာ္ ၾကားပါတယ္။ ကြၽန္ေတာ္ဟာ ပယ္နယ္တီကပဲ ဂိုးသြင္းတတ္သူဘာညာေပါ့။ ဒါေပမဲ့လည္း အခ်က္အလက္မွတ္တမ္းေတြပဲ ျပန္ၾကည့္ၾကည့္ပါ။ ပယ္နယ္တီမပါတဲ့ အခ်က္အလက္ေတြေပါ့။

အသင္းတစ္သင္းအတြက္ ဂိုး ပါဝင္ပတ္သက္မႈႏႈန္းမွာ မ်ားျပားတဲ့ ကစားသမားဆိုလို႔ ကြၽန္ေတာ့္ထက္သာတာ ကယ္ဗင္ ဒီဘ႐ိုင္းနားတစ္ေယာက္ပဲ ရွိပါတယ္။ အဂၤလန္ႏိုင္ငံမွာ ကစားေနၾကတဲ့ ကြင္းလယ္ ကစားသမား အားလုံးထဲမွာေပါ့။” လို႔ ေျပာၾကားခဲ့ပါတယ္။

Unicode

မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ သူ့ကို ပယ်နယ်တီသာ သွင်းတတ်သူဖြစ်ကြောင်း ဝေဖန်ခဲ့တဲ့ စပါးမော်ရင်ညိုကို တုံ့ပြန်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူ့ထက်ပိုကောင်းတဲ့ ကွင်းလယ်လူဆိုလို့ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းနား တစ်ဦးသာ ရှိတယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီသားဟာ ဆောင်းရာသီဈေးကွက်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီးကတည်း ကခြေစွမ်းပြကစားနေသူဖြစ်ပြီး သွင်းဂိုး ၁၂ဂိုးအထိ ရယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ရာသီကုန်ရပ်တည်မှုမှာ အဆင့် ၃နေရာအထိ တက်လှမ်းစေနိုင်ခဲ့ပါတယ်။ ဖန်တီးမှုအားဖြင့်လည်း ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်တဲ့အနေအထားတစ်ခုမှာရှိနေပြီး ၈ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

စပါးနည်းပြမော်ရင်ညိုကတော့ ဖာနန်ဒက်စ်ဟာ ပယ်နယ်တီကန်သွင်းရာမှာ ထိပ်တန်းကျလွန်းပြီး တစ်ရာသီကို ပယ်နယ်တီသွင်းဂိုး ၂၀ဂိုးအထိ သွင်းယူနိုင်သူဖြစ်တယ်လို့ ခပ်ထေ့ထေ့ ဝေဖန်ခဲ့တာနဲ့ပတ်သက်လို့ ဖာနန်ဒက်စ်က တုံ့ပြန်လာခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့တော့ ထွေထွေထူးထူးကို ဘာမှမခံစားရပါဘူး။ ရိုးရိုးသားသား ပြောတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ပယ်နယ်တီ အကန်ကောင်းသူလို့ ခံစားလို့ရတယ်လေ။ ဒီထက်ဘာမှ မပိုပါဘူး။ ကျွန်တော် နားလည်ပါတယ်။

လူတွေပြောနေကြတာတွေလည်း ကျွန်တော် ကြားပါတယ်။ ကျွန်တော်ဟာ ပယ်နယ်တီကပဲ ဂိုးသွင်းတတ်သူဘာညာပေါ့။ ဒါပေမဲ့လည်း အချက်အလက်မှတ်တမ်းတွေပဲ ပြန်ကြည့်ကြည့်ပါ။ ပယ်နယ်တီမပါတဲ့ အချက်အလက်တွေပေါ့။

အသင်းတစ်သင်းအတွက် ဂိုး ပါဝင်ပတ်သက်မှုနှုန်းမှာ များပြားတဲ့ ကစားသမားဆိုလို့ ကျွန်တော့်ထက်သာတာ ကယ်ဗင် ဒီဘရိုင်းနားတစ်ယောက်ပဲ ရှိပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကစားနေကြတဲ့ ကွင်းလယ် ကစားသမား အားလုံးထဲမှာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။