ဗန္ဒီဘိခ္ ေၾကာင့္ ေျပာင္းလဲသြားနုိင္တဲ့ ယူနိုက္တက္ အခင္းအက်င္းနဲ႕ ေမွးမွိန္သြားနုိင္တဲ့ ေပါ့ဘာ

မန္ခ်က္စတာယူႏိုက္တက္အသင္းထံ ေရာက္ရွိလာတဲ့ ကြင္းလယ္သစ္ ဗန္ဒီဘိခ္ဟာ လက္ရွိ ကြင္းလယ္လူ ေပါလ္ေပါ့ဂ္ဘာရဲ႕ေနရာကို စိန္ေခၚမယ့္သူျဖစ္လာႏိုင္ၿပီး ုပင္သစ္သားအေနနဲ႔ ေျခစြမ္း တသမတ္တည္းမရွိရင္ ေနရာေပ်ာက္သြားႏိုင္ေၾကာင္း စတိဗ္မကၠလာရင္က ေျပာလိုက္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေဟာ္လန္သား ကြင္းလယ္သမား ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဥေရာပရဲ႕အေတာက္ပဆုံး လူငယ္ကစားသမားေလးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ဂ်ိဳဟန္ခ႐ိုက္ဖ္ေနာက္ပိုင္း ေဟာ္လန္ လက္ေ႐ြးစင္အသင္းရဲ႕ အလားအလာအေကာင္းဆုံး မ်ိဳးဆက္သစ္တဦးအျဖစ္ ထင္ေၾကးေပးခံထားရပါတယ္။ ယူႏိုက္တက္ကြင္းလယ္လူေတြျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာတို႔ဟာ ၿပီးခဲ့တဲ့ရာသီက အိုလီဂန္နာဆိုးလ္ရွားရဲ႕အသင္းမွာကြင္းလယ္ဖန္တီးရွင္ေတြအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး၊ ဖရက္ဒ္၊ မာတစ္နဲ႔ မက္ေတာ္မီေနး တို႔ကေတာ့ ကြင္းလယ္ခံစစ္ကစားသမားေတြအျဖစ္ ကစားခဲ့ၾကပါတယ္။

ဒါေပမယ့္ ဗန္ဒီဘိခ္ေရာက္လာခ်ိန္မွာ ေနာ္ေဝးသားနည္းျပႀကီးဟာ ကြင္းလယ္ပိုင္းကို အေျပာင္းအလဲလုပ္သြားဖြယ္ရွိေနၿပီး၊ ဒီအေျခအေနမွာ ေပါ့ဂ္ဘာအေနနဲ႔ ပုံမွန္ေျခစြမ္းမျပႏိုင္ခဲ့ရင္ ဗန္ဒီဘိခ္ အတြက္ အခြင့္အေရးဖန္တီးေပးလိုက္သလို ျဖစ္သြားႏိုင္ေၾကာင္း မကၠလာရင္ကေျပာခဲ့ပါတယ္။

“ဗန္ဒီဘိခ္ရဲ႕ကစားပုံက လမ္းပတ္ကစားပုံနဲ႔ တေထရာတည္းလို႔ေတာင္ ေျပာလို႔ရပါတယ္။ သူက ပယ္နယ္တီဧရိယာထဲကေန ဂိုးသြင္းႏိုင္သလို၊ ဂိုးဖန္တီးမႈလည္းျပဳလုပ္ေပးႏိုင္ၿပီး၊ မွတ္တမ္းေတြအရ အခြင့္အေရး ၃ႀကိမ္ရရင္ ၁ဂိုးသြင္းယူႏိုင္တာေၾကာင့္ တကယ္စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ကစားသမားပါ။”

“သူ႔ရဲ႕ကစားပုံက ဖာနန္ဒက္စ္ကစားပုံနဲ႔ အနည္းငယ္ဆင္တူတယ္လို႔ ထင္ရေပမယ့္၊ ဖာနန္ဒက္စ္က ျဖတ္တင္ေဘာေတြမွာ ပိုအားသာပါတယ္။ ဗန္ဒီဘိခ္က ပယ္နယ္တီ ဧရိယာထဲဝင္ကစားမယ္ဆိုရင္ ဖာနန္ဒက္စ္က သူ႔အတြက္ တိုက္စစ္လမ္းေၾကာင္းဖြင့္ေပးပါလိမ့္မယ္။ ယူႏိုက္တက္မွာ အရင္ကဒီလိုကြင္းလယ္အတြဲမ်ိဳး မရွိခဲ့ပါဘူး။”

“ယူႏိုက္တက္ကြင္းလယ္ပိုင္းအတြက္ စိုးရိမ္စရာတခုက ဗန္ဒီဘိခ္ ေရာက္လာခရင္ ကြင္းလယ္မွာေနရာတေနရာရဖို႔ ေပါ့ဂ္ဘာနဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗန္ဒီဘိခ္က ကြင္းလယ္ေနရာစုံမွာ ကစားတဲ့သူျဖစ္တာေၾကာင့္ ေနရာတခုတည္းသတ္မွတ္ကစားခိုင္းလို႔ မရပါဘူး။ သူ,ယူႏိုက္တက္ကိုေရာက္လာခဲ့ရင္ NO.8 ဒါမွမဟုတ္ NO.10 role မွာ ကစားရႏိုင္ၿပီး၊ လက္ရွိမွာေတာ့ ေပါ့ဂ္ဘာက NO. 8 role နဲ႔ ဖာနန္ဒက္စ္က NO. 10 role မွာ ကစားေနၾကပါတယ္။”

“ယူႏိုက္တက္အသင္းဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအပါအဝင္ ပြဲေပါင္းမ်ားစြာကစားရမွာျဖစ္လို႔ ဆိုးလ္ရွားအေနနဲ႔ ေတာင့္တင္းတဲ့လူစာရင္းမ်ိဳးလိုအပ္တာ သိထားရပါမယ္။ ဒါ့ေၾကာင့္ ျဖစ္ႏိုင္တာက သူ႔အသင္းမွာရွိတဲ့ ဒီကစားသမား ၃ ေယာက္ထဲက ၂ေယာက္ကိုေတာ့ ပြဲတိုင္းအသုံးျပဳလို႔ ရႏိုင္ပါလိမ့္မယ္။”

“ကြၽန္ေတာ့္အထင္ေတာ့ ေျခစြမ္းမတည္ၿငိမ္တဲ့ ေပါ့ဂ္ဘာ ေနရာေပ်ာက္သြားႏိုင္ၿပီး၊ အိုလီက ေျခစြမ္းတည္ၿငိမ္တာမ်ိဳးကိုပဲလိုခ်င္တာေၾကာင့္၊ လာမယ့္ရာသီမွာ ေပါ့ဂ္ဘာအေနနဲ႔ ပြဲထြက္ခြင့္တေနရာအတြက္ တိုက္ပြဲဝင္ရပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာ ကြင္းလယ္တေနရာအတြက္ ေပါ့ဂ္ဘာကၿပိဳင္ဘက္မရွိျဖစ္ေနၿပီး၊ ဗန္ဒီဘိခ္ေရာက္လာရင္ ေပါ့ဂ္ဘာအျပင္ ဖာနန္ဒက္စ္ရဲ႕ပြဲထြက္ခြင့္ကိုပါ ၿခိမ္းေျခာက္လာႏိုင္ပါတယ္။”

“ေပါ့ဂ္ဘာက ဂရိတ္ပေလယာတေယာက္ဆိုေပမယ့္ ခင္ဗ်ားအေနနဲ႔ သူ႔ကို ပြဲတိုင္းမွာ မိနစ္ ၉၀ လုံး ကစားခိုင္းဖို႔မျဖစ္ႏိုင္တာေၾကာင့္ သူ မပါႏိုင္တဲ့အခါ ေနာက္တနည္းစဥ္းစားထားဖို႔ လိုပါလိမ့္မယ္။ ေပါ့ဂ္ဘာဟာ ဒဏ္ရာေပ်ာက္ကတည္းကေန အခုခ်ိန္ထိ ႀကံ့ခိုင္မႈမျပည့္ဝေသးဘူးလို႔ ကြၽန္ေတာ္ထင္တယ္ဗ်။ ဒါေပမယ့္ သူနဲ႔အတြဲညီညီကစားႏိုင္တဲ့ ဖာနန္ဒက္စ္ေၾကာင့္ သူ႔ရဲ႕စိတ္အားထက္သန္မႈကို ေတြ႕ခဲ့ရၿပီး၊ အခုဆိုရင္ ဗန္ဒီဘိခ္လည္းေရာက္လာေတာ့မွာျဖစ္လို႔ အရင္ကထက္ၿပိဳင္ဆိုင္မႉျပင္းထန္လာပါလိမ့္မယ္။”

“ခင္ဗ်ားအေနနဲ႔ ပြဲထြက္ခြင့္ရဖို႔ ထိပ္ဆုံးအဆင့္မွာ ယွဥ္ၿပိဳင္ႏိုင္ဖို႔လိုအပ္ၿပီး၊ ဒီလိုၿပိဳင္ဆိုင္မႈျပင္းထန္တာက ယူႏိုက္တက္အတြက္ ဗန္ဒီဘိခ္ယူေဆာင္လာတဲ့ အရာလို႔ ကြၽန္ေတာ္ထင္ပါတယ္။”ဆိုၿပီး လာမယ့္ ရာသီအတြက္ ယူႏိုက္တက္ ကြင္းလယ္ပိုင္းကို မကၠလာရင္က သုံးသပ္ျပသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းထံ ရောက်ရှိလာတဲ့ ကွင်းလယ်သစ် ဗန်ဒီဘိခ်ဟာ လက်ရှိ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာရဲ့နေရာကို စိန်ခေါ်မယ့်သူဖြစ်လာနိုင်ပြီး ုပင်သစ်သားအနေနဲ့ ခြေစွမ်း တသမတ်တည်းမရှိရင် နေရာပျောက်သွားနိုင်ကြောင်း စတိဗ်မက္ကလာရင်က ပြောလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဟော်လန်သား ကွင်းလယ်သမား ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဥရောပရဲ့အတောက်ပဆုံး လူငယ်ကစားသမားလေးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဂျိုဟန်ခရိုက်ဖ်နောက်ပိုင်း ဟော်လန် လက်ရွေးစင်အသင်းရဲ့ အလားအလာအကောင်းဆုံး မျိုးဆက်သစ်တဦးအဖြစ် ထင်ကြေးပေးခံထားရပါတယ်။ ယူနိုက်တက်ကွင်းလယ်လူတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ဟာ ပြီးခဲ့တဲ့ရာသီက အိုလီဂန်နာဆိုးလ်ရှားရဲ့အသင်းမှာကွင်းလယ်ဖန်တီးရှင်တွေအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး၊ ဖရက်ဒ်၊ မာတစ်နဲ့ မက်တော်မီနေး တို့ကတော့ ကွင်းလယ်ခံစစ်ကစားသမားတွေအဖြစ် ကစားခဲ့ကြပါတယ်။

ဒါပေမယ့် ဗန်ဒီဘိခ်ရောက်လာချိန်မှာ နော်ဝေးသားနည်းပြကြီးဟာ ကွင်းလယ်ပိုင်းကို အပြောင်းအလဲလုပ်သွားဖွယ်ရှိနေပြီး၊ ဒီအခြေအနေမှာ ပေါ့ဂ်ဘာအနေနဲ့ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့ရင် ဗန်ဒီဘိခ် အတွက် အခွင့်အရေးဖန်တီးပေးလိုက်သလို ဖြစ်သွားနိုင်ကြောင်း မက္ကလာရင်ကပြောခဲ့ပါတယ်။

“ဗန်ဒီဘိခ်ရဲ့ကစားပုံက လမ်းပတ်ကစားပုံနဲ့ တထေရာတည်းလို့တောင် ပြောလို့ရပါတယ်။ သူက ပယ်နယ်တီဧရိယာထဲကနေ ဂိုးသွင်းနိုင်သလို၊ ဂိုးဖန်တီးမှုလည်းပြုလုပ်ပေးနိုင်ပြီး၊ မှတ်တမ်းတွေအရ အခွင့်အရေး ၃ကြိမ်ရရင် ၁ဂိုးသွင်းယူနိုင်တာကြောင့် တကယ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ကစားသမားပါ။”

“သူ့ရဲ့ကစားပုံက ဖာနန်ဒက်စ်ကစားပုံနဲ့ အနည်းငယ်ဆင်တူတယ်လို့ ထင်ရပေမယ့်၊ ဖာနန်ဒက်စ်က ဖြတ်တင်ဘောတွေမှာ ပိုအားသာပါတယ်။ ဗန်ဒီဘိခ်က ပယ်နယ်တီ ဧရိယာထဲဝင်ကစားမယ်ဆိုရင် ဖာနန်ဒက်စ်က သူ့အတွက် တိုက်စစ်လမ်းကြောင်းဖွင့်ပေးပါလိမ့်မယ်။ ယူနိုက်တက်မှာ အရင်ကဒီလိုကွင်းလယ်အတွဲမျိုး မရှိခဲ့ပါဘူး။”

“ယူနိုက်တက်ကွင်းလယ်ပိုင်းအတွက် စိုးရိမ်စရာတခုက ဗန်ဒီဘိခ် ရောက်လာခရင် ကွင်းလယ်မှာနေရာတနေရာရဖို့ ပေါ့ဂ်ဘာနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗန်ဒီဘိခ်က ကွင်းလယ်နေရာစုံမှာ ကစားတဲ့သူဖြစ်တာကြောင့် နေရာတခုတည်းသတ်မှတ်ကစားခိုင်းလို့ မရပါဘူး။ သူ,ယူနိုက်တက်ကိုရောက်လာခဲ့ရင် NO.8 ဒါမှမဟုတ် NO.10 role မှာ ကစားရနိုင်ပြီး၊ လက်ရှိမှာတော့ ပေါ့ဂ်ဘာက NO. 8 role နဲ့ ဖာနန်ဒက်စ်က NO. 10 role မှာ ကစားနေကြပါတယ်။”

“ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပွဲစဉ်တွေအပါအဝင် ပွဲပေါင်းများစွာကစားရမှာဖြစ်လို့ ဆိုးလ်ရှားအနေနဲ့ တောင့်တင်းတဲ့လူစာရင်းမျိုးလိုအပ်တာ သိထားရပါမယ်။ ဒါ့ကြောင့် ဖြစ်နိုင်တာက သူ့အသင်းမှာရှိတဲ့ ဒီကစားသမား ၃ ယောက်ထဲက ၂ယောက်ကိုတော့ ပွဲတိုင်းအသုံးပြုလို့ ရနိုင်ပါလိမ့်မယ်။”

“ကျွန်တော့်အထင်တော့ ခြေစွမ်းမတည်ငြိမ်တဲ့ ပေါ့ဂ်ဘာ နေရာပျောက်သွားနိုင်ပြီး၊ အိုလီက ခြေစွမ်းတည်ငြိမ်တာမျိုးကိုပဲလိုချင်တာကြောင့်၊ လာမယ့်ရာသီမှာ ပေါ့ဂ်ဘာအနေနဲ့ ပွဲထွက်ခွင့်တနေရာအတွက် တိုက်ပွဲဝင်ရပါလိမ့်မယ်။ လက်ရှိအချိန်မှာ ကွင်းလယ်တနေရာအတွက် ပေါ့ဂ်ဘာကပြိုင်ဘက်မရှိဖြစ်နေပြီး၊ ဗန်ဒီဘိခ်ရောက်လာရင် ပေါ့ဂ်ဘာအပြင် ဖာနန်ဒက်စ်ရဲ့ပွဲထွက်ခွင့်ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။”

“ပေါ့ဂ်ဘာက ဂရိတ်ပလေယာတယောက်ဆိုပေမယ့် ခင်ဗျားအနေနဲ့ သူ့ကို ပွဲတိုင်းမှာ မိနစ် ၉၀ လုံး ကစားခိုင်းဖို့မဖြစ်နိုင်တာကြောင့် သူ မပါနိုင်တဲ့အခါ နောက်တနည်းစဉ်းစားထားဖို့ လိုပါလိမ့်မယ်။ ပေါ့ဂ်ဘာဟာ ဒဏ်ရာပျောက်ကတည်းကနေ အခုချိန်ထိ ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ ကျွန်တော်ထင်တယ်ဗျ။ ဒါပေမယ့် သူနဲ့အတွဲညီညီကစားနိုင်တဲ့ ဖာနန်ဒက်စ်ကြောင့် သူ့ရဲ့စိတ်အားထက်သန်မှုကို တွေ့ခဲ့ရပြီး၊ အခုဆိုရင် ဗန်ဒီဘိခ်လည်းရောက်လာတော့မှာဖြစ်လို့ အရင်ကထက်ပြိုင်ဆိုင်မှူပြင်းထန်လာပါလိမ့်မယ်။”

“ခင်ဗျားအနေနဲ့ ပွဲထွက်ခွင့်ရဖို့ ထိပ်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့လိုအပ်ပြီး၊ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တာက ယူနိုက်တက်အတွက် ဗန်ဒီဘိခ်ယူဆောင်လာတဲ့ အရာလို့ ကျွန်တော်ထင်ပါတယ်။”ဆိုပြီး လာမယ့် ရာသီအတွက် ယူနိုက်တက် ကွင်းလယ်ပိုင်းကို မက္ကလာရင်က သုံးသပ်ပြသွားခဲ့ပါတယ်။