ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ရက္ဂီြလြန္ ကို ေခၚနုိင္ဖို႔ ယူနိုက္တက္ ေရပန္းအစားဆံုး ျဖစ္လာ
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ရက္ဂြီလြန္ကို ေခၚယူရန္ ေရပန္းအစားဆံုး အသင္းျဖစ္လာပါတယ္။ ယူႏုိက္တက္ဟာ ရက္ဂြီလြန္ကို အသင္းမွာ ပံုမွန္ပြဲကစားခြင့္ေပးမယ္ဆိုတဲ့ အာမခံခ်က္ေပးျပီး ကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ AS သတင္းဌာနက အဆိုအရ သိရပါတယ္။
ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ အသင္းရဲ႕ ဘယ္ေနာက္ခံလူေတြေနရာမွာ ဖာလန္းမန္ဒီ နဲ႔ မာဆယ္လိုတို႔ကို ဘာေနဗ်ဴးမွာ ဦးစားေပးကစားေစမွာျဖစ္တဲ့အတြက္ ရက္ဂြီလြန္ဟာ အသင္းကေန ထြက္ခြာရဖြယ္ရွိေနပါတယ္။
ရက္ဂြီလြန္ဟာ ဆီဗီလာအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ျပီး အသင္းကို စပိန္လာလီဂါအမွတ္ေပးဇယားမွာ အဆင့္ (၄) ေနရာမွာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးျခင္းနဲ႔ ယူရိုပါလိဂ္ဖလားကို ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီက ယူႏိုက္တက္မွာ လုခ္ေရွာဟာ ဒဏ္ရာရရွိခဲ့လို႔ အကယ္ဒမီထြက္ ကစားသမား ၀ီလီယံစ္ ကို ကစားေစခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ ဒီေႏြရာသီမွာ ကိုရိုနာေၾကာင့္ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈေတြ ရွိထားလို႔ အသင္းက ကစားသမားေတြကို ေရာင္းခ်ျပီး ေပါင္သန္း ၁၈၀ ေလာက္ ရရွိရန္ ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။
စပိန္ယူ ၂၁ လက္ေရြးစင္ကစားသမားအတြက္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ေပါင္ ၂၅ သန္းေလာက္ရရင္ လက္ခံသြားဖြယ္ရွိေနပါတယ္။ ဆီဗီလာအသင္းဘက္ကေတာ့ ရက္ဂြီလြန္ကို ေနာက္ထပ္ တစ္ႏွစ္ေလာက္ အသင္းမွာ ဆက္ရွိေစခ်င္ေနတာ ျဖစ္ပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် ၂၃ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရက်ဂွီလွန်ကို ခေါ်ယူရန် ရေပန်းအစားဆုံး အသင်းဖြစ်လာပါတယ်။ ယူနိုက်တက်ဟာ ရက်ဂွီလွန်ကို အသင်းမှာ ပုံမှန်ပွဲကစားခွင့်ပေးမယ်ဆိုတဲ့ အာမခံချက်ပေးပြီး ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ AS သတင်းဌာနက အဆိုအရ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူတွေနေရာမှာ ဖာလန်းမန်ဒီ နဲ့ မာဆယ်လိုတို့ကို ဘာနေဗျူးမှာ ဦးစားပေးကစားစေမှာဖြစ်တဲ့အတွက် ရက်ဂွီလွန်ဟာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။
ရက်ဂွီလွန်ဟာ ဆီဗီလာအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး အသင်းကို စပိန်လာလီဂါအမှတ်ပေးဇယားမှာ အဆင့် (၄) နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခြင်းနဲ့ ယူရိုပါလိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်မှာ လုခ်ရှောဟာ ဒဏ်ရာရရှိခဲ့လို့ အကယ်ဒမီထွက် ကစားသမား ဝီလီယံစ် ကို ကစားစေခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ ကိုရိုနာကြောင့် ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိထားလို့ အသင်းက ကစားသမားတွေကို ရောင်းချပြီး ပေါင်သန်း ၁၈၀ လောက် ရရှိရန် မျှော်လင့်ထားတာဖြစ်ပါတယ်။
စပိန်ယူ ၂၁ လက်ရွေးစင်ကစားသမားအတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါင် ၂၅ သန်းလောက်ရရင် လက်ခံသွားဖွယ်ရှိနေပါတယ်။ ဆီဗီလာအသင်းဘက်ကတော့ ရက်ဂွီလွန်ကို နောက်ထပ် တစ်နှစ်လောက် အသင်းမှာ ဆက်ရှိစေချင်နေတာ ဖြစ်ပါတယ်။