ယူနိုက်တက် ကို ရောက်ပြီး နောက်ရက်မှာပဲ အာဆင်နယ်ကို ပြန်လို့ရမလား မေးခဲ့တဲ့ ဆန်းချက်ဇ်
“ဘယ် အချက်အလက်မှမသိဘဲ ကျွန်တော် လက်မှတ်ထိုးပြောင်းရွှေ့ခဲ့တာပါ၊ အသင်းဖော်တွေနဲ့ ပထမဆုံးရှိခဲ့တဲ့ နေ့ရက်၊ တခါတလေမှာ ကိုယ်မသိတဲ့အရာတွေက အများကြီးပါ၊ ပထမဆုံး လေ့ကျင့်ခန်းမှာပဲ ကျွန်တော် အများကြီးသိလိုက်ရပါတယ်၊ အိမ်ပြန်ရောက်တော့ ကျွန်တော့်အေးဂျင့်ကို ငါ စာချုပ်ဖျက်ပြီးတော့ အာဆင်နယ်ကို ပြန်လို့ရမလားလို့ မေးခဲ့ပါတယ်၊ သူတို့က ရယ်မောကြပါတယ်၊ ငါ့အတွက် တစ်ခုခု အဆင်မပြေဘူးလို့ ကျွန်တော်ပြန်ပြောခဲ့ပေမယ့် လက်မှတ်က ရေးထိုးခဲ့ပြီးပါပြီ”
“ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကျွန်တော်မပါခဲ့ဘူး၊ ကစားသမားတစ်ဦးအနေနဲ့ ဘယ်တုန်းကမှ ဒီလိုမဖြစ်ခဲ့ဖူးပါဘူး၊ ကျွန်တော်စိတ်ပျက်ခဲ့ရပြီး ဒါက မဖြစ်နိုင်ဘူးလို့ ညည်းတွားခဲ့ရပါတယ်၊ အိမ်ပြန်ချိန်တိုင်းမှာ ကျွန်တော် အရမ်းဝမ်းနည်းခဲ့ရပြီး နောက်တစ်ရက်မှာ လေ့ကျင့်ခန်းကို ၂ဆလုပ်ခဲ့ပါတယ်၊ ဒီလိုလုပ်ရတာကို ကျွန်တော်သဘောကျတယ်၊ နည်းပြသစ်ရောက်လာတော့ စကားပြောဖို့ဆုံးဖြတ်ခဲ့ပြီး အသက်ရှူချောင်ဖို့ လိုတယ်လို့ပြောခဲ့တယ်၊ အဲဒီနောက်တော့ အင်တာကိုပြောင်းနိုင်ခဲ့ပါတယ်” လို့ ဆန်းချက်ဇ်က ဖွင့်ဟသွားခဲ့ပါတယ်။
Unicode
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း အလက်ဆစ်ဆန်းချက်ဇ်က သူ့အနေနဲ့ ယူနိုက်တက်ကိုရောက်ရှိပြီး တစ်ရက်အကြာမှာပဲ အသင်းကနေပြန်ထွက်ခွာဖို့ အေးဂျင့်ကိုပြောဆိုခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဆန်းချက်ဇ်ကို အသင်းပရိသတ်တွေကလည်း မျှော်လင့်ချက်ကြီးစွာနဲ့ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရကာ စုစုပေါင်း ၄၅ ပွဲသာကစားခဲ့ရပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ပတ်လုပ်ခပေါင်ငါးသိန်းခြောက်သောင်းအထိ ရရှိခဲ့တဲ့ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ အင်တာမီလန်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့ကာ အခုအခါမှာ အပြီးသတ်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားက သူ့ရဲ့အင်စတာဂရမ်က တဆင့် ပြောဆိုခဲ့ရာမှာတော့ “ယူနိုက်တက် ကစားသမားဘဝ အချိန်တွေအကြောင်းကို ပြန်ပြောပြချင်ပါတယ်၊ ကျွန်တော့်ကို မကောင်းတဲ့ ပုံစံ ဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိခဲ့ပါတယ်၊ ကလေးဘဝကတည်းက ကစားချင်ခဲ့တဲ့ အသင်းကိုပြောင်းရွှေ့ဖို့ အခွင့်အရေးရရှိခဲ့လို့ ကျွန်တော့်အတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်”
“ဘယ် အချက်အလက်မှမသိဘဲ ကျွန်တော် လက်မှတ်ထိုးပြောင်းရွှေ့ခဲ့တာပါ၊ အသင်းဖော်တွေနဲ့ ပထမဆုံးရှိခဲ့တဲ့ နေ့ရက်၊ တခါတလေမှာ ကိုယ်မသိတဲ့အရာတွေက အများကြီးပါ၊ ပထမဆုံး လေ့ကျင့်ခန်းမှာပဲ ကျွန်တော် အများကြီးသိလိုက်ရပါတယ်၊ အိမ်ပြန်ရောက်တေ့ာ ကျွန်တော့်အေးဂျင့်ကို ငါ စာချုပ်ဖျက်ပြီးတော့ အာဆင်နယ်ကို ပြန်လို့ရမလားလို့ မေးခဲ့ပါတယ်၊ သူတို့က ရယ်မောကြပါတယ်၊ ငါ့အတွက် တစ်ခုခု အဆင်မပြေဘူးလို့ ကျွန်တော်ပြန်ပြောခဲ့ပေမယ့် လက်မှတ်က ရေးထိုးခဲ့ပြီးပါပြီ”
“ဝက်စ်ဟမ်းနဲ့ ပွဲမှာ ကျွန်တော်မပါခဲ့ဘူး၊ ကစားသမားတစ်ဦးအနေနဲ့ ဘယ်တုန်းကမှ ဒီလိုမဖြစ်ခဲ့ဖူးပါဘူး၊ ကျွန်တော်စိတ်ပျက်ခဲ့ရပြီး ဒါက မဖြစ်နိုင်ဘူးလို့ ညည်းတွားခဲ့ရပါတယ်၊ အိမ်ပြန်ချိန်တိုင်းမှာ ကျွန်တော် အရမ်းဝမ်းနည်းခဲ့ရပြီး နောက်တစ်ရက်မှာ လေ့ကျင့်ခန်းကို ၂ဆလုပ်ခဲ့ပါတယ်၊ ဒီလိုလုပ်ရတာကို ကျွန်တော်သဘောကျတယ်၊ နည်းပြသစ်ရောက်လာတော့ စကားပြောဖို့ဆုံးဖြတ်ခဲ့ပြီး အသက်ရှူချောင်ဖို့ လိုတယ်လို့ေြ ပာခဲ့တယ်၊ အဲဒီနောက်တော့ အင်တာကိုပြောင်းနိုင်ခဲ့ပါတယ်” လို့ ဆန်းချက်ဇ်က ဖွင့်ဟသွားခဲ့ပါတယ်။