ဗန္ဒယ္ဘိခ္ကို ေခၚယူလိုက္ျခင္းက အျခားေသာ ကြင္းလယ္လူ တစ္ဦးရဲ႕ အနာဂတ္ကို ထိခိုက္ေစမလား

ဗန္ဒယ္ဘိခ္ကို ေခၚယူလိုက္ျခင္းက အျခားေသာ ကြင္းလယ္လူ တစ္ဦးရဲ႕ အနာဂတ္ကို ထိခိုက္ေစမလား? ဒါက ေမးခြန္းတစ္ခုပါ။

ယူႏုိက္တက္က ဗန္ဒယ္ဘိခ္ကို ေခၚယူလိုက္ျခင္းက ျပင္သစ္သား ကြင္းလယ္လူ ေပါ့ဘာကို ေရာင္းထုတ္ဖို႔နဲ႔ သက္ဆိုင္ျခင္း မရွိပါဘူးလို႔ မန္ခ်က္စတာ ယူႏုိက္တက္ လက္ေထာက္နည္းျပေဟာင္း မူလန္စတင္းက ေျပာဆိုပါတယ္။

ယူႏုိက္တက္ဟာ နယ္သာလန္ လက္ေရြးစင္ကို ေပါင္ ၄၀ သန္း ျဖင့္ ေခၚယူခဲ့တာျဖစ္တယ္။ သူ႔ကို ေခၚယူခဲ့ျခင္းေၾကာင့္ အျခားေသာ ကြင္းလယ္လူျဖစ္တဲ့ ဖရတ္ကေတာ့ အျခားေသာ အသင္းတစ္သင္းကို ေျပာင္းေရႊ႔မယ္လို႔ သတင္းၾကီးလာပါတယ္။

မူလန္စတင္းက “ ကြၽန္ေတာ္ အေနနဲ႔ ကစားသမားေတြ ဘယ္ေနရာမွာ ေကာင္းေကာင္းကစားႏိုင္လဲဆိုတာကို သိျမင္ႏိုင္တာပဲေလ။ ကစားပုံရဲ႕ အေျခခံအရ ကြင္းလယ္တိုက္စစ္ကစားသမားေတြက ကြင္းလယ္မွာ စုစာည္း ကစားရတတ္ပါတယ္။ တခ်ိဳ႕ပြဲေတြမွာေတာ့ ကစားသမားေကာင္းေတြ အေနနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ အတြဲအဖက္ မိေစဖို႔အတြက္ ပုံစံေျပာင္းကစားရတာလည္း ရွိတယ္။

ျပိဳင္ဘက္အသင္းက အရမ္းကို အင္အားေတာင့္တင္းေနမယ္ဆိုရင္ေတာ့ ဒီကြင္းလယ္လူေတြက ခံစစ္ပိုင္းအသားေပးတဲ့ ကြင္းလယ္လူေတြမဟုတ္လို႔ ခံစစ္ကို ကူေပးဖို႔ကေတာ့ အနည္းငယ္ အားနည္းႏိုင္ပါတယ္။ အခု အသင္းကို ဗန္ဒယ္ဘိခ္ ေရာက္ရွိလာတာဟာ ေပါ့ဘာကို အသင္းကေန ထြက္ခြာသြားေစႏိုင္သလားဆိုရင္ ကြၽန္ေတာ္ေတာ့ အဲ့ဒီလို မထင္မိဘူး။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ေႏွာင္းပိုင္းေလာက္ကတည္းက ေပါ့ဘာကို အိုေလအေနနဲ႔ အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းထားခ်င္ေနတယ္ဆိုတာကလည္း အရမ္းသိသာေနတာဆိုေတာ့ ေပါ့ဘာအသင္းမွာပဲ ဆက္ရွိေနမွာပါ” လို႔ သူရဲ႕အျမင္ကို ေျပာဆိုလာခဲ့ပါတယ္။

ေပါ့ဘာရဲ႕ေအးဂ်င့္ျဖစ္သူ ႐ြိဳင္အိုလာအေနနဲ႔ကလည္း သူရဲ႕ကစားသမားက ယူႏိုက္တက္အသင္းမွာ ဆက္လက္ရွိေနမွာျဖစ္ၿပီး စာခ်ဳပ္သစ္ကိစၥအတြက္လည္း လုပ္ေဆာင္လ်က္ရွိေနတယ္လို႔ ေျပာဆိုထားခဲ့ပါေသးတယ္။

ဗန်ဒယ်ဘိခ်ကို ခေါ်ယူလိုက်ခြင်းက အခြားသော ကွင်းလယ်လူ တစ်ဦးရဲ့ အနာဂတ်ကို ထိခိုက်စေမလား? ဒါက မေးခွန်းတစ်ခုပါ။

ယူနိုက်တက်က ဗန်ဒယ်ဘိခ်ကို ခေါ်ယူလိုက်ခြင်းက ပြင်သစ်သား ကွင်းလယ်လူ ပေါ့ဘာကို ရောင်းထုတ်ဖို့နဲ့ သက်ဆိုင်ခြင်း မရှိပါဘူးလို့ မန်ချက်စတာ ယူနိုက်တက် လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ပြောဆိုပါတယ်။

ယူနိုက်တက်ဟာ နယ်သာလန် လက်ရွေးစင်ကို ပေါင် ၄၀ သန်း ဖြင့် ခေါ်ယူခဲ့တာဖြစ်တယ်။ သူ့ကို ခေါ်ယူခဲ့ခြင်းကြောင့် အခြားသော ကွင်းလယ်လူဖြစ်တဲ့ ဖရတ်ကတော့ အခြားသော အသင်းတစ်သင်းကို ပြောင်းရွှေ့မယ်လို့ သတင်းကြီးလာပါတယ်။

မူလန်စတင်းက “ ကျွန်တော် အနေနဲ့ ကစားသမားတွေ ဘယ်နေရာမှာ ကောင်းကောင်းကစားနိုင်လဲဆိုတာကို သိမြင်နိုင်တာပဲလေ။ ကစားပုံရဲ့ အခြေခံအရ ကွင်းလယ်တိုက်စစ်ကစားသမားတွေက ကွင်းလယ်မှာ စုစာည်း ကစားရတတ်ပါတယ်။ တချို့ပွဲတွေမှာတော့ ကစားသမားကောင်းတွေ အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အတွဲအဖက် မိစေဖို့အတွက် ပုံစံပြောင်းကစားရတာလည်း ရှိတယ်။

ပြိုင်ဘက်အသင်းက အရမ်းကို အင်အားတောင့်တင်းနေမယ်ဆိုရင်တော့ ဒီကွင်းလယ်လူတွေက ခံစစ်ပိုင်းအသားပေးတဲ့ ကွင်းလယ်လူတွေမဟုတ်လို့ ခံစစ်ကို ကူပေးဖို့ကတော့ အနည်းငယ် အားနည်းနိုင်ပါတယ်။ အခု အသင်းကို ဗန်ဒယ်ဘိခ် ရောက်ရှိလာတာဟာ ပေါ့ဘာကို အသင်းကနေ ထွက်ခွာသွားစေနိုင်သလားဆိုရင် ကျွန်တော်တော့ အဲ့ဒီလို မထင်မိဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီ နှောင်းပိုင်းလောက်ကတည်းက ပေါ့ဘာကို အိုလေအနေနဲ့ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေတယ်ဆိုတာကလည်း အရမ်းသိသာနေတာဆိုတော့ ပေါ့ဘာအသင်းမှာပဲ ဆက်ရှိနေမှာပါ” လို့ သူရဲ့အမြင်ကို ပြောဆိုလာခဲ့ပါတယ်။

ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာအနေနဲ့ကလည်း သူရဲ့ကစားသမားက ယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး စာချုပ်သစ်ကိစ္စအတွက်လည်း လုပ်ဆောင်လျက်ရှိနေတယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။