ဂရင္းဝုဒ္ရဲ႕ အဆံုးသတ္ေကာင္းမႈကို ခ်ီးက်ဴးလိုက္တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း
အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက လက္ေရြးစင္ အသင္းေဖာ္ ဂရင္းဝုဒ္ရဲ႕ အဆံုးသတ္ပိုင္း စြမ္းရည္ေတြကို ခ်ီးက်ဴးေျပာဆိုမႈ လုပ္သြားပါတယ္။
မႏွစ္ကရာသီမွာ ယူႏုိက္တက္အတြက္ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသႏုိင္ခဲ့တဲ့ လူငယ္ေလးဟာ စီနီယာအဆင့္အတြက္ ေခၚယူျခင္း ခံခဲ့ရတယ္။ သူဟာ ပြဲထြက္ ကစားသမား တစ္ေနရာအတြက္ ကိန္း၊ ဆန္ခ်ိဳ၊ စတာလင္၊ အင့္လို ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္ရမယ့္သူ ျဖစ္ပါတယ္။
ဟယ္ရီကိန္းက ” ပထမဆံုး ေလ့က်င့္ေရးမွာတင္ ဂရင္းဝုဒ္က အေတာ္ ေကာင္းပါတယ္။ ကိုယ္ဘာသာ ယံုၾကည္မႈလည္း ရွိတယ္။ သူက ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ဖို႔ ေၾကာက္ရြံ႔ေနသူ မဟုတ္သလို၊ ျပိဳင္ဘက္ကို ေက်ာ္ျဖတ္လိုစိတ္လည္း ရွိတယ္။ ဒါက က်ေန္ာတို႔ လိုအပ္တာမ်ိဳးပါ။ သူက ေဘာလံုးပြဲေတြ ျပန္စတင္ကတည္းက ပံုစံေကာင္းေတြ ျပထားျပီး လက္ေရြးစင္မွာ သူ႔လို ကစားသမား ရွိတာက သိပ္ေကာင္းပါတယ္။
အဆံုးသတ္သူ တစ္ဦးကို ပင္ကိုယ္သဘာဝ အဆံုးသတ္ႏုိင္စြမ္း ရွိသူလို႔ သံုးစြဲတတ္ၾကတယ္။ ဒါဟာ တိုက္စစ္မွဴးတိုင္း အေလးထားတဲ့ ကိစၥျဖစ္ျပီး မွန္ကန္တဲ့အခ်ိန္ မွန္ကန္တဲ့ ေနရာမွာ ရွိေနဖို႔ ၾကိဳးစားၾကတယ္။ အေျခအေနေတြမွာ ဧရိယာထဲ ေဘာလံုးေရာက္လာတဲ့အခါ အေကာင္းဆံုး လုပ္ေဆာင္ဖို႔ ၾကိဳးစားရတာေတြလည္း ရွိပါတယ္။
ဂရင္းဝုဒ္က ျခားနားတဲ့ အဆံုးသတ္မႈေတြကို လုပ္ႏုိင္ျပီး ဘယ္ေျခေကာ ညာေျခပါ အားေကာင္းတဲ့ ကန္ခ်က္ေတြ လုပ္ႏုိင္ပါတယ္။ အေနအထား မ်ိဳးစံုမွာ ဂိုးသြင္းႏုိင္တာက ကိုယ္က စစ္မွန္တဲ့ အဆံုးသတ္သူ ဆိုတာပါပဲ။ က်ေန္ာတို႔ အခ်ိန္တိုပဲ ေလ့က်င့္ထားေပမယ့္ သူ႔ရဲ႕ အဆံုးသတ္မႈက ထိပ္တန္းမွာ ရွိပါတယ္။ သူက အရမ္းလည္း ငယ္ရြယ္ပါေသးတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့ တာျဖစ္ပါတယ္။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက လက်ရွေးစင် အသင်းဖော် ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ပိုင်း စွမ်းရည်တွေကို ချီးကျူးပြောဆိုမှု လုပ်သွားပါတယ်။
မနှစ်ကရာသီမှာ ယူနိုက်တက်အတွက် တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်လေးဟာ စီနီယာအဆင့်အတွက် ခေါ်ယူခြင်း ခံခဲ့ရတယ်။ သူဟာ ပွဲထွက် ကစားသမား တစ်နေရာအတွက် ကိန်း၊ ဆန်ချို၊ စတာလင်၊ အင့်လို ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမယ့်သူ ဖြစ်ပါတယ်။
ဟယ်ရီကိန်းက ” ပထမဆုံး လေ့ကျင့်ရေးမှာတင် ဂရင်းဝုဒ်က အတော် ကောင်းပါတယ်။ ကိုယ်ဘာသာ ယုံကြည်မှုလည်း ရှိတယ်။ သူက ဂိုးကန်သွင်းမှုတွေ ပြုလုပ်ဖို့ ကြောက်ရွံ့နေသူ မဟုတ်သလို၊ ပြိုင်ဘက်ကို ကျော်ဖြတ်လိုစိတ်လည်း ရှိတယ်။ ဒါက ကျနေ်ာတို့ လိုအပ်တာမျိုးပါ။ သူက ဘောလုံးပွဲတွေ ပြန်စတင်ကတည်းက ပုံစံကောင်းတွေ ပြထားပြီး လက်ရွေးစင်မှာ သူ့လို ကစားသမား ရှိတာက သိပ်ကောင်းပါတယ်။
အဆုံးသတ်သူ တစ်ဦးကို ပင်ကိုယ်သဘာဝ အဆုံးသတ်နိုင်စွမ်း ရှိသူလို့ သုံးစွဲတတ်ကြတယ်။ ဒါဟာ တိုက်စစ်မှူးတိုင်း အလေးထားတဲ့ ကိစ္စဖြစ်ပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ နေရာမှာ ရှိနေဖို့ ကြိုးစားကြတယ်။ အခြေအနေတွေမှာ ဧရိယာထဲ ဘောလုံးရောက်လာတဲ့အခါ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားရတာတွေလည်း ရှိပါတယ်။
ဂရင်းဝုဒ်က ခြားနားတဲ့ အဆုံးသတ်မှုတွေကို လုပ်နိုင်ပြီး ဘယ်ခြေကော ညာခြေပါ အားကောင်းတဲ့ ကန်ချက်တွေ လုပ်နိုင်ပါတယ်။ အနေအထား မျိုးစုံမှာ ဂိုးသွင်းနိုင်တာက ကိုယ်က စစ်မှန်တဲ့ အဆုံးသတ်သူ ဆိုတာပါပဲ။ ကျနေ်ာတို့ အချိန်တိုပဲ လေ့ကျင့်ထားပေမယ့် သူ့ရဲ့ အဆုံးသတ်မှုက ထိပ်တန်းမှာ ရှိပါတယ်။ သူက အရမ်းလည်း ငယ်ရွယ်ပါသေးတယ် ” လို့ မှတ်ချက်ပေးခဲ့ တာဖြစ်ပါတယ်။
လ