ဒီဘရိုင္းလို စြမ္းေဆာင္ရည္မ်ိဳး ေမွ်ာ္လင့္လို႔ ရႏုိင္မယ့္ ယူႏုိက္တက္ ကစားသမား

ဗန္ဒါဘိခ္ဟာ ေနရာစံုမွာ ကစားႏုိင္ေပမယ့္ ယူႏုိက္တက္ မန္ေနဂ်ာဆိုးရွားက ကြင္းလယ္လူကို ဧရိယာထဲ တိုးဝင္ကစားေစတဲ့ တိုက္စစ္အားသန္အျဖစ္ အသံုးျပဳမယ္လို႔ ယူဆမႈေတြ မ်ားျပားလာခဲ့ျပီျဖစ္ပါတယ္။

ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔ ရွိေနတဲ့ ယူႏိုက္တက္ကြင္းလယ္ဟာ ဗန္ဒါဘိခ္ ေရာက္လာတာေၾကာင့္ တိုက္စစ္ ပံပိုးမႈေတြကို ပိုမို ျပဳလုပ္ႏိုင္မယ္လို႔လည္း သံုးသပ္ခံလာရတယ္။ ေနာက္ခံလူေဟာင္း ဖာဒီနန္က ယူႏိုက္တက္ကို ေရာက္လာတဲ့ ဗန္ဒါဘိခ္ အေနနဲ႔ ၿပိဳင္ဘက္ မန္စီးတီးရဲ႕ ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ဒီဘ႐ူနီလိုမ်ိဳး ေျခစြမ္းျပႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။

ဖာဒီနန္က “ ယူႏိုက္တက္ရဲ႕ ကြင္းလယ္မွာ ကစားသမားေကာင္းေတြ ရွိတယ္ဆိုေပမယ့္ ဗန္ဒါဘိခ္ကို ဘာေၾကာင့္ ထပ္ေခၚခဲ့သလဲဆိုရင္ သူရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ပါ။ သူက ဂိုးလည္းသြင္းႏိုင္သလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ေအဂ်က္မွာ သူကစားခဲ့တာကိုၾကည့္ရင္ သူရဲ႕ေဘာလံုးပါရမီကို ေတြ႕ျမင္ရမွာပါ။ ယူႏိုက္တက္အတြက္ ဒီဘရိုင္းလို ကစားသမားမ်ိဳးကို ရလိုက္သလိုက္ပါပဲ” လို႔ ေျပာခဲ့ပါတယ္။

ေအဂ်က္ကေန ယူႏုိက္တက္ကို ေပါင္ ၃၉ သန္းျဖင့္ ေျပာင္းေရႊ႔ခဲ့တဲ့ ဗန္ဒါဘိခ္ဟာ ေပါင္ ၃၉ သန္းျဖင့္ ေျပာင္းေရႊ႔ ေရာက္ရွိခဲ့ျခင္း ျဖစ္ပါတယ္။ သူဟာ ေဆးစစ္မႈလည္း ေအာင္ျမင္ထားျပီး လက္ေရြးစင္တာဝန္ေတြ ျပီးဆံုးရင္ ယူႏုိက္တက္နဲ႔ ပူးေပါင္းသြားမွာပါ။

အသက္ ၂၃ ႏွစ္ပဲ ရွိေသးတဲ့ ဗန္ဒါဘိခ္ဟာ ေအဂ်က္အတြက္ ငါးရာသီအတြင္း ၿပိဳင္ပြဲစံု ၁၇၅ ပြဲမွာ ၄၁ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၃၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

ဗန်ဒါဘိခ်ဟာ နေရာစုံမှာ ကစားနိုင်ပေမယ့် ယူနိုက်တက် မန်နေဂျာဆိုးရှားက ကွင်းလယ်လူကို ဧရိယာထဲ တိုးဝင်ကစားစေတဲ့ တိုက်စစ်အားသန်အဖြစ် အသုံးပြုမယ်လို့ ယူဆမှုတွေ များပြားလာခဲ့ပြီဖြစ်ပါတယ်။

ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့ ရှိနေတဲ့ ယူနိုက်တက်ကွင်းလယ်ဟာ ဗန်ဒါဘိခ် ရောက်လာတာကြောင့် တိုက်စစ် ပံပိုးမှုတွေကို ပိုမို ပြုလုပ်နိုင်မယ်လို့လည်း သုံးသပ်ခံလာရတယ်။ နောက်ခံလူဟောင်း ဖာဒီနန်က ယူနိုက်တက်ကို ရောက်လာတဲ့ ဗန်ဒါဘိခ် အနေနဲ့ ပြိုင်ဘက် မန်စီးတီးရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ဒီဘရူနီလိုမျိုး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဖာဒီနန်က “ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ ရှိတယ်ဆိုပေမယ့် ဗန်ဒါဘိခ်ကို ဘာကြောင့် ထပ်ခေါ်ခဲ့သလဲဆိုရင် သူရဲ့ စွမ်းဆောင်ရည်ကြောင့်ပါ။ သူက ဂိုးလည်းသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အေဂျက်မှာ သူကစားခဲ့တာကိုကြည့်ရင် သူရဲ့ဘောလုံးပါရမီကို တွေ့မြင်ရမှာပါ။ ယူနိုက်တက်အတွက် ဒီဘရိုင်းလို ကစားသမားမျိုးကို ရလိုက်သလိုက်ပါပဲ” လို့ ပြောခဲ့ပါတယ်။

အေဂျက်ကနေ ယူနိုက်တက်ကို ပေါင် ၃၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒါဘိခ်ဟာ ပေါင် ၃၉ သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ဆေးစစ်မှုလည်း အောင်မြင်ထားပြီး လက်ရွေးစင်တာဝန်တွေ ပြီးဆုံးရင် ယူနိုက်တက်နဲ့ ပူးပေါင်းသွားမှာပါ။

အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ ဗန်ဒါဘိခ်ဟာ အေဂျက်အတွက် ငါးရာသီအတွင်း ပြိုင်ပွဲစုံ ၁၇၅ ပွဲမှာ ၄၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။