ဆန္ခ်ိဳနဲ႕ ပတ္သတ္ျပီး ေ၀့ေနတဲ့ ၀ုဒ္၀က္ကို တည့္ေတာင္းဆိုမႈ လုပ္ထားတဲ့ ဆိုးလ္ရွား

ယူနိုက္တက္ နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားဟာ လက္ရွိ ေႏြရာသီမွာ အသင္းရဲ႕ အဓိက ပစ္မွတ္ ကစားသမား ျဖစ္တဲ့ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို ေခၚယူေပးဖို႔ အသင္းရဲ႕ ဒုတိယ ဥကၠဌ အက္ဝုဒ္ဝက္အား တည့္တိုး ေသခ်ာ ေတာင္းဆိုထားတယ္ လို႔ သိထားရပါတယ္။

မန္ယူနိုက္တက္ အသင္းဟာ အသက္ ၂၀ အ႐ြယ္သာ ရွိေသးတဲ့ ဆန္ခ်ိဳကို ေခၚယူဖို႔ အတြက္ ကာလရွည္ စိတ္ဝင္စားေနတဲ့ အသင္း ျဖစ္ၿပီး လက္ရွိ ေႏြေစ်းကြက္အတြင္းမွာ ေခၚယူသြားႏိုင္ဖို႔ ေရပန္းစားေနသလို မၾကာေသးမီက သိရွိထားတဲ့ သတင္းေတြအရ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ အတြက္ ေဒါ့မြန္အသင္းနဲ႔ တရားဝင္ ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ေတာ့မွာပဲ ျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္သာ ရွိေသးတဲ့ အဂၤလန္ ေတာင္ပံ တိုက္စစ္သမား ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၄ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၀ ဂိုး သြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ အထိ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ပဲ ယူနိုက္တက္က သူတို႔အသင္းရဲ႕ အားနည္းခ်က္ တစ္ခုလို ျဖစ္ေနတဲ့ ညာေတာင္ပံ တိုက္စစ္အတြက္ ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားေနတာ ျဖစ္ၿပီး ေဒါ့မြန္အသင္းဘက္ ကေတာ့ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂၀ သန္းအထိ အလိုရွိေနပါတယ္။

မန္ခ်က္ကစတာ ယူနိုက္တက္ အသင္းဘက္ ကေတာ့ ေဒါ့မြန္အသင္း ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂၀ သန္းကို ေပးေခ်လိုျခင္း မရွိပဲ အသင္းႏွစ္သင္းၾကားမွာ ညႇိႏႈိင္းကာ သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကး တစ္ရပ္နဲ႔သာ ေခၚယူခ်င္ေနတာပါ။ ယူနိုက္တက္ အၾကီးအကဲ အက္ဝုဒ္ဝက္ ရဲ႕ လႈပ္ရွားမႈေတြက တုန္႔ေနွးေနတာေၾကာင့္ ဆိုးလ္ရွားကေတာ့ တည့္တိုး ေတာင္းဆိုမႈပါ ျပဳလုပ္ ဖိအားေပးထားပါတယ္။

ယေန႔မနက္မွာ ထြက္ေပၚလာတဲ့ သတင္းေတြ အရေတာ့ ဆိုးလ္ရွားဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အတြက္ ဆန္ခ်ိဳနဲ႔ အႀကိမ္ႀကိမ္ ေဆြးေႏြးၿပီးၿပီ ျဖစ္ကာ ဆန္ခ်ိဳကလည္း မန္ယူအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္အား ထက္သန္ေနၿပီး အေျပာင္းအေ႐ႊ႕ကို ခပ္ျမန္ျမန္ ျဖစ္ေပၚလာေစခ်င္ေနေၾကာင္း သိရပါတယ္။

အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သတ္ၿပီး ယုံၾကည္လို႔ ရတဲ့ Frederik A. N. Filtvedt ရဲ႕ ေဖာ္ျပခ်က္ အရေတာ့ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ဆိုးလ္ရွားဟာ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေတြကို စီမံ လုပ္ေဆာင္ေနတဲ့ ဒုတိယ ဥကၠဌ အက္ဝုဒ္ဝက္နဲ႔ တိုက္႐ိုက္ စကားေျပာဆို ထားၿပီး ဆန္ခ်ိဳကို မရရေအာင္ ေခၚယူေပးဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။ ဝုဒ္ဝက္ အေနနဲ႕ ဆိုးလ္ရွား ေတာင္းဆိုမႈကို ဘယ္ေလာက္ထိ ျဖည့္ဆည္းနုိင္မလဲကေတာ့ ဆက္လက္ ေစာင့္ၾကည့္ရဦးမွာပါ။

Unicode

ယူနိုက်တက် နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ လက်ရှိ နွေရာသီမှာ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်အား တည့်တိုး သေချာ တောင်းဆိုထားတယ် လို့ သိထားရပါတယ်။

မန်ယူနိုက်တက် အသင်းဟာ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကာလရှည် စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိ နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားနိုင်ဖို့ ရေပန်းစားနေသလို မကြာသေးမီက သိရှိထားတဲ့ သတင်းတွေအရ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ့မွန်အသင်းနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် တောင်ပံ တိုက်စစ်သမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ်အတွက် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒေါ့မွန်အသင်းဘက် ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းအထိ အလိုရှိနေပါတယ်။

မန်ချက်ကစတာ ယူနိုက်တက် အသင်းဘက် ကတော့ ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေလိုခြင်း မရှိပဲ အသင်းနှစ်သင်းကြားမှာ ညှိနှိုင်းကာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့သာ ခေါ်ယူချင်နေတာပါ။ ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝက် ရဲ့ လှုပ်ရှားမှုတွေက တုန့်နှေးနေတာကြောင့် ဆိုးလ်ရှားကတော့ တည့်တိုး တောင်းဆိုမှုပါ ပြုလုပ် ဖိအားပေးထားပါတယ်။

ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆိုးလ်ရှားဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ဆန်ချိုနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ ဖြစ်ကာ ဆန်ချိုကလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပြီး အပြောင်းအရွှေ့ကို ခပ်မြန်မြန် ဖြစ်ပေါ်လာစေချင်နေကြောင်း သိရပါတယ်။

အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ယုံကြည်လို့ ရတဲ့ Frederik A. N. Filtvedt ရဲ့ ဖော်ပြချက် အရတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် ဆိုးလ်ရှားဟာ အသင်းရဲ့ အပြောင်းအရွှေ့တွေကို စီမံ လုပ်ဆောင်နေတဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်နဲ့ တိုက်ရိုက် စကားပြောဆို ထားပြီး ဆန်ချိုကို မရရအောင် ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ဝုဒ်ဝက် အနေနဲ့ ဆိုးလ်ရှား တောင်းဆိုမှုကို ဘယ်လောက်ထိ ဖြည့်ဆည်းနိုင်မလဲကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။