ေစ်းကြက္ မပိတ္ခင္ ေနာက္ထပ္ ကစားသမား ၃ဦး ေလာက္ ေခၚယူဖို႔ မန္ယူနုိက္တက္ လႈပ္ရွားေန

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဟာ အေျပာင္းအေရႊ႕ ေစ်းကြက္ မပိတ္သိမ္းခင္ ကစားသမားအသစ္ (၃) ေယာက္ေလာက္ ေခၚယူခ်င္ေနျပီး ဆက္လက္ လႈပ္ရွားေန တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

ယူႏိုက္တက္အသင္းဟာ ကာလရွည္စိတ္၀င္စားေနတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ာဒြန္ ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားေနဆဲ ျဖစ္ပါတယ္။ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာန ေဖာ္ျပခ်က္အရ အသင္းဟာ ေအာက္တိုဘာလ (၅) ရက္ေန႔ မတိုင္ခင္အထိ ဘယ္ေနာက္ခံလူ၊ ဗဟိုေနာက္ခံလူ နဲ႔ အေထာင္တိုက္စစ္မွဴး တစ္ေယာက္စီကို ထပ္ျပီးေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

နည္းျပဆိုးလ္ရွားက ေဒါ့မြန္အသင္းက ေပါင္ ၁၀၈ သန္းသတ္မွတ္ထားတဲ့ အဂၤလန္ေတာင္ပံကစားသမားကို မေခၚယူႏိုင္ေသးေသာ္လည္း ေခၚယူခ်င္ေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဘုန္းေမာက္က ေဒးဗစ္ဘရြတ္ခ္ကို လည္း စဥ္းစားေနတယ္လို႔ သိရပါတယ္။ ခ်န္ပီယံရွစ္ကို ေရာက္သြားတဲ့အသင္းဟာ ေဒးဗစ္ဘရြတ္ခ္အတြက္ ေပါင္သန္း ၅၀ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဘယ္ေနာက္ခံလူေနရာက အဓိက ဦးစားေပးမဟုတ္ေသာ္လည္း ယူႏိုက္တက္က စိတ္၀င္စားေနသူကေတာ့ ဒိုင္နမိုကိဗ္အသင္းက မိုင္ကိုလန္ကို ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ယူကရိန္း ကလပ္အသင္းမွာ ပံုမွန္ကစားခြင့္ရျပီးေနာက္ လက္ေရြးစင္ အသင္းၾကီးမွာပါ ပါ၀င္ခြင့္ရေနပါတယ္။

ဇန္န၀ါရီမွာ အေထာင္တိုက္စစ္မွဴး အစ္ဂ္ဟာလိုဟာ တရုတ္ကို ျပန္သြားမွာျဖစ္လို႔ ယူႏိုက္တက္ဟာ တိုက္စစ္မွဴး တစ္ေယာက္ရွာေဖြရမွာျဖစ္ပါတယ္။ ဒ့ါအျပင္ယူႏိုက္တက္ဟာ ဗဟိုေနာက္ခံလူေတြျဖစ္တဲ့ ဖီးလ္ဂ်ံဳစ္း ၊ စေမာလင္း နဲ႔ ရိုဂ်ိဳတို႔ကို အသင္းကေရာင္းခ်ျပီး အစားထိုးရန္ ၾကိဳးစားမယ္လို႔လည္း သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ျပင္သစ္လက္ေရြးစင္ကစားသမား အသက္ ၂၁ ႏွစ္အရြယ္အူပါမီကာႏိုကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားေသာ္လည္း ကစားသမားက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားျပီ ျဖစ္ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင် ကစားသမားအသစ် (၃) ယောက်လောက် ခေါ်ယူချင်နေပြီး ဆက်လက် လှုပ်ရှားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ယူနိုက်တက်အသင်းဟာ ကာလရှည်စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျာဒွန်ဆန်ချိုကို အဓိက ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ မန်ချက်စတာ အခြေစိုက် သတင်းဌာန ဖော်ပြချက်အရ အသင်းဟာ အောက်တိုဘာလ (၅) ရက်နေ့ မတိုင်ခင်အထိ ဘယ်နောက်ခံလူ၊ ဗဟိုနောက်ခံလူ နဲ့ အထောင်တိုက်စစ်မှူး တစ်ယောက်စီကို ထပ်ပြီးခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

နည်းပြဆိုးလ်ရှားက ဒေါ့မွန်အသင်းက ပေါင် ၁၀၈ သန်းသတ်မှတ်ထားတဲ့ အင်္ဂလန်တောင်ပံကစားသမားကို မခေါ်ယူနိုင်သေးသော်လည်း ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဘုန်းမောက်က ဒေးဗစ်ဘရွတ်ခ်ကို လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ချန်ပီယံရှစ်ကို ရောက်သွားတဲ့အသင်းဟာ ဒေးဗစ်ဘရွတ်ခ်အတွက် ပေါင်သန်း ၅၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဘယ်နောက်ခံလူနေရာက အဓိကဦးစားပေးမဟုတ်သော်လည်း ယူနိုက်တက်က စိတ်ဝင်စားနေသူကတော့ ဒိုင်နမိုကိဗ်အသင်းက မိုင်ကိုလန်ကို ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ယူကရိန်း ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရပြီးနောက် လက်ရွေးစင်အသင်းကြီးမှာပါ ပါဝင်ခွင့်ရနေပါတယ်။

ဇန်နဝါရီမှာ အထောင်တိုက်စစ်မှူး အစ်ဂ်ဟာလိုဟာ တရုတ်ကို ပြန်သွားမှာဖြစ်လို့ ယူနိုက်တက်ဟာ တိုက်စစ်မှူး တစ်ယောက်ရှာဖွေရမှာဖြစ်ပါတယ်။ ဒ့ါအပြင်ယူနိုက်တက်ဟာ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဖီးလ်ဂျုံစ်း ၊ စမောလင်း နဲ့ ရိုဂျိုတို့ကို အသင်းကရောင်းချပြီး အစားထိုးရန် ကြိုးစားမယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမား အသက် ၂၁ နှစ်အရွယ်အူပါမီကာနိုကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားသော်လည်း ကစားသမားက စာချုပ်သစ် ချုပ်ဆိုထားပြီ ဖြစ်ပါတယ်။