ရာသီသစ္ ယူနုိက္တက္ လူစာရင္းမွာ ပါ၀င္ခြင့္ရေအာင္ နွစ္ဆတိုး ၾကိဳးစားေနတဲ့ အသင္းသား

ယူႏိုက္တက္ aနာက္ခံလူ မားကို႔စ္႐ိုဂ်ိဳကေတာ့ လာမယ့္ ရာသီသစ္ ယူႏိုက္လူစာရင္းမွာ ပါဝင္ႏိုင္ဖို႔ နွစ္ဆတိုးကာ ၾကိဳးစားေနျပီး ထရိန္နင္မွာ ေန႔တိုင္း ေလ့က်င့္ခန္း ၂ ႀကိမ္ဆက္တိုက္ဆင္းေနတယ္လို႔ သိရပါတယ္။

႐ိုဂ်ိဳဟာ ၿပီးခဲ့တဲ့ရာသီေတြတုန္းက စြမ္းေဆာင္ရည္ေကာင္း တစ္ခ်ိဳ႕ ျပသႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေျခစြမ္း ေပ်ာက္ဆုံးခဲ့တာေၾကာင့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕တုန္းက အာဂ်င္တီးနား ကလပ္ အက္စ္တူဒီရန္တီ အသင္းမွာ အငွားထြက္ ကစားခဲ့ရပါတယ္။

႐ိုဂ်ိဳဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရာသီ ဖ်က္သိမ္းလိုက္ရၿပီး တစ္ပြဲသာ ပါဝင္ကစားခြင့္ ရရွိခဲ့ပါတယ္။ ESPN သတင္းဌာနရဲ႕အဆိုအရ အသက္ ၃၀ ႏွစ္သားဟာ ယူႏိုက္တက္အသင္းရဲ႕ အေရာင္း စာရင္းမွာ ပါဝင္ ေနေပမယ့္ ဝယ္ယူမယ့္ အသင္းေတြကေတာ့ ကစားသမားရဲ႕လုပ္ခလစာေၾကာင့္ လက္တြန္႔ ေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ေႏြရာသီမွာေနာက္တန္းေနရာကို အားျဖည့္ဖို႔ စီစဥ္ေနပါတယ္။ သတင္းေတြအရ ယူႏိုက္တက္အသင္းဟာ ႐ိုဂ်ိဳ နဲ႔ စေမာလင္းတို႔ကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ႐ိုဂ်ိဳ ကေတာ့ လာမယ့္ရာသီသစ္ဆိုးလ္ရွားရဲ႕လူစာရင္းမွာ ပါဝင္ႏိုင္ဖို႔ ႀကိဳးစားေလ့က်င့္ေနပါတယ္။ ယူႏိုက္တက္ဟာ စေမာလင္း ၊ ဖီးလ္ဂ်ဳံးစ္ ၊ ပါရဲယား နဲ႔ ႐ိုမီယိုတို႔ကို ေရာင္းခ်ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေႏြရာသီမွာ အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ထားတဲ့ ဆန္ခ်ိဳကိုေခၚယူဖို႔ ပိုလွ်ံတဲ့ကစားသမားအခ်ိဳ႕ကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့ ေဒါ့မြန္အသင္းကေတာ့ ေပါင္ ၁၀၈ သန္းအထိ တန္ေၾကး သတ္မွတ္ထားတာေၾကာင့္ ယူႏိုက္တက္ဘက္က ေပးေခ်ႏိုင္ဖို႔ ခက္ခဲႏိုင္တာျဖစ္ပါတယ္။

Unicode

ယူနိုက်တက်နောက်ခံလူ မားကို့စ်ရိုဂျိုကတော့ လာမယ့် ရာသီသစ် ယူနိုက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ နှစ်ဆတိုးကာ ကြိုးစားနေပြီး ထရိန်နင်မှာ နေ့တိုင်း လေ့ကျင့်ခန်း ၂ ကြိမ်ဆက်တိုက်ဆင်းနေတယ်လို့ သိရပါတယ်။

ရိုဂျိုဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းက စွမ်းဆောင်ရည်ကောင်း တစ်ချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်း ပျောက်ဆုံးခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အာဂျင်တီးနား ကလပ် အက်စ်တူဒီရန်တီ အသင်းမှာ အငှားထွက် ကစားခဲ့ရပါတယ်။

ရိုဂျိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီ ဖျက်သိမ်းလိုက်ရပြီး တစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ အသက် ၃၀ နှစ်သားဟာ ယူနိုက်တက်အသင်းရဲ့ အရောင်း စာရင်းမှာ ပါဝင် နေပေမယ့် ဝယ်ယူမယ့် အသင်းတွေကတော့ ကစားသမားရဲ့လုပ်ခလစာကြောင့် လက်တွန့် နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နွေရာသီမှာနောက်တန်းနေရာကို အားဖြည့်ဖို့ စီစဉ်နေပါတယ်။ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ရိုဂျို နဲ့ စမောလင်းတို့ကို ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ရိုဂျို ကတော့ လာမယ့်ရာသီသစ်ဆိုးလ်ရှားရဲ့လူစာရင်းမှာ ပါဝင်နိုင်ဖို့ ကြိုးစားလေ့ကျင့်နေပါတယ်။ ယူနိုက်တက်ဟာ စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ပါရဲယား နဲ့ ရိုမီယိုတို့ကို ရောင်းချဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီမှာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ဆန်ချိုကိုခေါ်ယူဖို့ ပိုလျှံတဲ့ကစားသမားအချို့ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်းကတော့ ပေါင် ၁၀၈ သန်းအထိ တန်ကြေး သတ်မှတ်ထားတာကြောင့် ယူနိုက်တက်ဘက်က ပေးချေနိုင်ဖို့ ခက်ခဲနိုင်တာဖြစ်ပါတယ်။