ခ်ယ္ဆီး ေငြဘယ္ေလာက္ သံုးသံုး ယူနုိက္တက္ကို မေက်ာ္နိုင္လို႔ ကာေရဂါ သံုးသပ္

လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ေဂ်မီကာေရဂါကေတာ့ ယခုေႏြရာသီမွာ ခ်ယ္ဆီးအသင္း ႀကီးမားတဲ့ေငြေၾကးပမာဏသုံးစြဲၿပီး ကစားသမားသစ္ေတြေခၚယူထားေပမယ့္လည္း ယခုရာသီမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ခ်ယ္ဆီးအသင္းရဲ႕အထက္မွာပဲ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၄ ေနရာမွာ ရာသီၿပီးဆုံးခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဂိုးကြာျခားခ်က္အရ တစ္ဆင့္နိမ့္က်ခဲ့တာျဖစ္ၿပီး ယခုေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္သုံးစြဲၿပီး ကိုင္ဟားဗက္၊ ဘန္ေခ်းဝဲလ္၊ တီမိုဝါနာ၊ ဟာကင္ဇီယက္တို႔ကို ေခၚယူထားတာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ပိုက္ဆံေတြ ေရလိုသုံးေနတာျဖစ္ေပမယ့္ လီဗာပူးဂႏၲဝင္ကာေရဂါက ခ်ယ္ဆီးအသင္း ေငြ ဘယ္ေလာက္သုံးသုံး မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ေအာက္မွာပဲ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ေမွ်ာ္မွန္းေနဆဲျဖစ္ပါတယ္။

အိုေလဂန္နာဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ဟာ ၂၀၁၉-၂၀၂၀ ဒုတိယရာသီဝက္ကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ ကစားသမားေခၚယူမႈအျဖစ္ ဘ႐ူႏိုဖာနန္ဒက္စ္ေရာက္ရွိလာမႈနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ရာသီဝက္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ခ်ယ္ဆီးနဲ႔ လက္စတာစီးတီးတို႔ကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၃ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ပါတယ္။

“ၾကားေနတစ္ေယာက္အေနနဲ႔ ခင္ဗ်ား သူတို႔ဆီကေန ဘာရမလဲဆိုတာ ဘယ္ေတာ့မွ ေသခ်ာမသိႏိုင္တဲ့အတြက္ ၿပီးခဲ့တဲ့ရာသီမွာ ခ်ယ္ဆီးအသင္းက ေစာင့္ၾကည့္ဖို႔ စိတ္ဝင္စားစရာအေကာင္းဆုံးအသင္းဆိုတာ ျငင္းစရာမရွိပါဘူး။ သူတို႔ ႀကီးမားတဲ့ႏိုင္ပြဲေတြ ရခဲ့တယ္။ ထိပ္ဆုံးေလးေနရာကို ဝင္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ ႀကီးမားတဲ့ရႈံးနိမ့္မႈကလည္း ရွိေနခဲ့ပါတယ္။ ခ်ယ္ဆီးက ဂိုးေတြအမ်ားႀကီးေပးခဲ့ရၿပီး ဂိုးေတြလည္း အမ်ားႀကီးသြင္းတယ္။ အဲဒါက ဒီေႏြရာသီ သူတို႔ရဲ႕ ကစားသမားေခၚယူမႈေတြလုပ္ထားတာေတာင္မွ ဒီရာသီမွာ အဲဒီအတိုင္း ဆက္သြားဦးမွာပဲ”

“သူတို႔ ေကာင္းမြန္တဲ့ကစားသမားအခ်ိဳ႕ကို ေခၚယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔အားလုံးကို အသင္းမွာ လ်င္လ်င္ျမန္ျမန္အသားက်ေအာင္လုပ္ဖို႔ကေတာ့ လြယ္ကူမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဟားဗက္၊ ဝါနာနဲ႔ က်န္တဲ့သူေတြအားလုံး အဂၤလိပ္ေဘာလုံးနဲ႔ ဘယ္လိုအသားက်ေအာင္လုပ္မလဲဆိုတာ မသိပါဘူး”

“သူတို႔မွာ အခုထက္ႀကီး ႀကီးမားတဲ့ျပႆနာတစ္ခုရွိေနေသးတာက သူတို႔ရဲ႕ဂိုးသမားပဲ။ အဲဒါကို မျပင္ဆင္ႏိုင္ေသးသမွ်ေတာ့ သူတို႔ေတြ မန္စီးတီး ဒါမွမဟုတ္ လီဗာပူးတို႔နဲ႔ နီးတဲ့ ဘယ္လိုေနရာကိုမွ ေရာက္ႏိုင္မယ္လို႔ မျမင္ပါဘူး”

“အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ ဆုဖလားကို အႏိုင္ရရွိဖို႔ လိုအပ္တဲ့ ရမွတ္ပစ္မွတ္ျဖစ္တဲ့ ၉၀ ကေန ၉၅ မွတ္အထိ ေရာက္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေသးပုံမေပၚေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုပဲ သူတို႔ရဲ႕အထက္မွာ ရာသီၿပီးဆုံးဖို႔ အားေပးသြားမွာပါ။”လို႔ ကာေရဂါက ေျပာၾကားခဲ့ပါတယ္။

Unicode

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျေမီကာရေဂါကတော့ ယခုနွေရာသီမှာ ချယ်ဆီးအသင်း ကြီးမားတဲ့ငွေကြေးပမာဏသုံးစွဲပြီး ကစားသမားသစ်တွေခေါ်ယူထားပေမယ့်လည်း ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ချယ်ဆီးအသင်းရဲ့အထက်မှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရာသီပြီးဆုံးခဲ့တဲ့ ချယ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးကွာခြားချက်အရ တစ်ဆင့်နိမ့်ကျခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ကိုင်ဟားဗက်၊ ဘန်ချေးဝဲလ်၊ တီမိုဝါနာ၊ ဟာကင်ဇီယက်တို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ မျှော်လင့်ချက်နဲ့ ပိုက်ဆံတွေ ရေလိုသုံးနေတာဖြစ်ပေမယ့် လီဗာပူးဂန္တဝင်ကာရေဂါက ချယ်ဆီးအသင်း ငွေ ဘယ်လောက်သုံးသုံး မန်ချက်စတာ ယူနိုက်တက်ရဲ့ အောက်မှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ မျှော်မှန်းနေဆဲဖြစ်ပါတယ်။

အိုလေဂန်နာဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ၂၀၁၉-၂၀၂၀ ဒုတိယရာသီဝက်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလ ကစားသမားခေါ်ယူမှုအဖြစ် ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာမှုနဲ့အတူ အလွန်ကောင်းမွန်တဲ့ရာသီဝက်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ချယ်ဆီးနဲ့ လက်စတာစီးတီးတို့ကို ကျော်ဖြတ်ပြီး အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကြားနေတစ်ယောက်အနေနဲ့ ခင်ဗျား သူတို့ဆီကနေ ဘာရမလဲဆိုတာ ဘယ်တော့မှ သေချာမသိနိုင်တဲ့အတွက် ပြီးခဲ့တဲ့ရာသီမှာ ချယ်ဆီးအသင်းက စောင့်ကြည့်ဖို့ စိတ်ဝင်စားစရာအကောင်းဆုံးအသင်းဆိုတာ ငြင်းစရာမရှိပါဘူး။ သူတို့ ကြီးမားတဲ့နိုင်ပွဲတွေ ရခဲ့တယ်။ ထိပ်ဆုံးလေးနေရာကို ဝင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကြီးမားတဲ့ရှုံးနိမ့်မှုကလည်း ရှိနေခဲ့ပါတယ်။ ချယ်ဆီးက ဂိုးတွေအများကြီးပေးခဲ့ရပြီး ဂိုးတွေလည်း အများကြီးသွင်းတယ်။ အဲဒါက ဒီနွေရာသီ သူတို့ရဲ့ ကစားသမားခေါ်ယူမှုတွေလုပ်ထားတာတောင်မှ ဒီရာသီမှာ အဲဒီအတိုင်း ဆက်သွားဦးမှာပဲ”

“သူတို့ ကောင်းမွန်တဲ့ကစားသမားအချို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့အားလုံးကို အသင်းမှာ လျင်လျင်မြန်မြန်အသားကျအောင်လုပ်ဖို့ကတော့ လွယ်ကူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဟားဗက်၊ ဝါနာနဲ့ ကျန်တဲ့သူတွေအားလုံး အင်္ဂလိပ်ဘောလုံးနဲ့ ဘယ်လိုအသားကျအောင်လုပ်မလဲဆိုတာ မသိပါဘူး”

“သူတို့မှာ အခုထက်ကြီး ကြီးမားတဲ့ပြဿနာတစ်ခုရှိနေသေးတာက သူတို့ရဲ့ဂိုးသမားပဲ။ အဲဒါကို မပြင်ဆင်နိုင်သေးသမျှတော့ သူတို့တွေ မန်စီးတီး ဒါမှမဟုတ် လီဗာပူးတို့နဲ့ နီးတဲ့ ဘယ်လိုနေရာကိုမှ ရောက်နိုင်မယ်လို့ မမြင်ပါဘူး”

“အဲဒါကြောင့်ပဲ ကျွန်တော် ဆုဖလားကို အနိုင်ရရှိဖို့ လိုအပ်တဲ့ ရမှတ်ပစ်မှတ်ဖြစ်တဲ့ ၉၀ ကနေ ၉၅ မှတ်အထိ ရောက်နိုင်ဖို့ အဆင်သင့်ဖြစ်သေးပုံမပေါ်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ သူတို့ရဲ့အထက်မှာ ရာသီပြီးဆုံးဖို့ အားပေးသွားမှာပါ။”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။