ေနာက္ထပ္ ပြဲကစားခ်ိန္ မိနစ္ နွစ္ဆယ္၊ ေပါင္ တစ္သန္း၊ ဂ်ိမ္းစ္နဲ႕ ယူနုိက္တက္ တို႔ အေျခအေန

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕က ဆြမ္ဆီးကေန ယူႏိုက္တက္ကို ေပါင္ ၁၅ သန္းအျပင္ အပိုဆုေၾကးေပးေဆာင္ရမယ့္ သေဘာတူညီခ်က္ေတြနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းအေနနဲ႔ အသင္းအတြက္ ေနာက္ထပ္မိနစ္ ၂၀ ထက္ပိုၿပီး ကစားမယ္ဆိုရင္ စာခ်ဳပ္ပါအခ်က္အလက္ေတြအရ ယူႏိုက္တက္အေနနဲ႔ ဆြမ္ဆီးအသင္းကို ဒန္နီရယ္ဂ်ိမ္းအတြက္ ေနာက္ ထပ္ ေပါင္ ၁သန္းေပးရေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒန္နီရယ္ဂ်ိမ္းကို ေခၚယူခဲ့တုန္းက ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္မွာ ယူႏိုက္တက္အသင္းအတြက္ ပြဲ ၄၀ ကစားခြင့္ရမယ္ဆိုရင္ အပိုဆု ေၾကးအျဖစ္ ေနာက္ထပ္ေပါင္ ၁ သန္းေပးဖို႔ သေဘာတူခဲ့တယ္ဆိုတဲ့ အခ်က္ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒန္နီရယ္ဂ်ိမ္းဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစံုမွာ ၄၆ ပြဲကစားခဲ့ေပမယ့္ ၇ ပြဲက အရန္ကစားသမားအျဖစ္ ကစား ခဲ့ရတာ ျဖစ္ပါတယ္။ ပြဲ ကစားခ်ိန္ေတြကို မိနစ္ ၂၀ နဲ႔အထက္ကို တစ္ပြဲ အျဖစ္ သတ္မွတ္ခဲ့ၿပီး အရန္ အျဖစ္ ကစားခဲ့တဲ့ ၇ပြဲက မိနစ္ ၂၀ ထက္ ေလ်ာ့နည္းေနခဲ့တာေၾကာင့္ လာမယ့္ရာသီမွာ ဒန္နီရယ္ဂ်ိမ္းအေနနဲ႔ အသင္းအတြက္ မိနစ္ ၂၀ နဲ႔ အထက္မွာ ကစား ခဲ့မယ္ဆိုရင္ ယူႏိုက္တက္အေနနဲ႔ ဆြမ္ဆီးကို ေပါင္ ၁ သန္းေပးေခ်ရေတာ့မွာပဲ ျဖစ္ပါတယ္။

ဒန္နီရယ္ဂ်ိမ္းဟာ ၿပီးခဲ့တဲ့ ရာသ ေနာက္ပိုင္း ပြဲစဥ္ေတြမွာေတာ့ နည္းျပ ဆိုးလ္ရွားရဲ႕ ဦးစားေပးျခင္းကိုေတာ့ မခံရေတာ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ကစားသမားေဟာင္းျဖစ္ၿပီး ေဝးလ္နည္းျပအျဖစ္ လုပ္ကိုင္ေနတဲ့ ရြိဳင္ယန္ဂစ္က ဒန္နီရယ္ဂ်ိမ္းအေနနဲ႔ အသင္း ရဲ႕ အေရးပါတဲ့ကစားသမားတစ္ေယာက္ ျဖစ္လာႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းဟာ ပြဲထြက္ခြင့္ေနရာအတြက္ ေတာ့ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမား ဂရင္းဝုဒ္နဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိေနၿပီး ယူႏိုက္တက္နည္းျပအေနနဲ႔ တိုက္စစ္မွာ မာရွယ္၊ ရက္ရွိဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ သံုးေယာက္အတြဲကို အသံုးျပဳေလ့ရွိတာ ျဖစ္ပါတယ္။

Unicode

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဆွမ်ဆီးကနေ ယူနိုက်တက်ကို ပေါင် ၁၅ သန်းအပြင် အပိုဆုကြေးပေးဆောင်ရမယ့် သဘောတူညီချက်တွေနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းအနေနဲ့ အသင်းအတွက် နောက်ထပ်မိနစ် ၂၀ ထက်ပိုပြီး ကစားမယ်ဆိုရင် စာချုပ်ပါအချက်အလက်တွေအရ ယူနိုက်တက်အနေနဲ့ ဆွမ်ဆီးအသင်းကို ဒန်နီရယ်ဂျိမ်းအတွက် နောက် ထပ် ပေါင် ၁သန်းပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒန်နီရယ်ဂျိမ်းကို ခေါ်ယူခဲ့တုန်းက ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲ ၄၀ ကစားခွင့်ရမယ်ဆိုရင် အပိုဆု ကြေးအဖြစ် နောက်ထပ်ပေါင် ၁ သန်းပေးဖို့ သဘောတူခဲ့တယ်ဆိုတဲ့ အချက်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၄၆ ပွဲကစားခဲ့ပေမယ့် ၇ ပွဲက အရန်ကစားသမားအဖြစ် ကစား ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲ ကစားချိန်တွေကို မိနစ် ၂၀ နဲ့အထက်ကို တစ်ပွဲ အဖြစ် သတ်မှတ်ခဲ့ပြီး အရန် အဖြစ် ကစားခဲ့တဲ့ ၇ပွဲက မိနစ် ၂၀ ထက် လျော့နည်းနေခဲ့တာကြောင့် လာမယ့်ရာသီမှာ ဒန်နီရယ်ဂျိမ်းအနေနဲ့ အသင်းအတွက် မိနစ် ၂၀ နဲ့ အထက်မှာ ကစား ခဲ့မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ဆွမ်ဆီးကို ပေါင် ၁ သန်းပေးချေရတော့မှာပဲ ဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းဟာ ပြီးခဲ့တဲ့ ရာသ နောက်ပိုင်း ပွဲစဉ်တွေမှာတော့ နည်းပြ ဆိုးလ်ရှားရဲ့ ဦးစားပေးခြင်းကိုတော့ မခံရတော့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး ဝေးလ်နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ရွိုင်ယန်ဂစ်က ဒန်နီရယ်ဂျိမ်းအနေနဲ့ အသင်း ရဲ့ အရေးပါတဲ့ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းဟာ ပွဲထွက်ခွင့်နေရာအတွက် တော့ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဂရင်းဝုဒ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ယူနိုက်တက်နည်းပြအနေနဲ့ တိုက်စစ်မှာ မာရှယ်၊ ရက်ရှိဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ သုံးယောက်အတွဲကို အသုံးပြုလေ့ရှိတာဖြစ်ပါတယ်။