အျဖဴ အမည္း ေသခ်ာ သဲကြဲေတာ့မယ့္ ဆန္ခ်ိဳနဲ႕ ယူနိုက္တက္ အေျပာင္းအေရႊ႕

ယူနိုက္တက္ကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ျပန္လည္ လုပ္ေဆာင္ေနၿပီး ႏွစ္ရက္အတြင္းမွာ ဆန္ခ်ိဳအေနနဲ႔ ယူႏိုက္တက္ကို ေရာက္၊ မေရာက္ဆိုတာကို သိရေတာ့မွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

ဆန္ခ်ိဳဟာ ယူႏိုက္တက္နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈေတြ ရရွိထားေပမယ့္ ကလပ္အသင္းႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကး ညွိႏႈိင္းမႈ အဆင္မေျပတာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေသးတာ ျဖစ္ပါတယ္။

ေဒါ့မြန္က ဆန္ခ်ိဳရဲ႕ ေျပာင္းေရႊ႕ေၾကးအတြက္ ယူ႐ိုသန္း ၁၂၀ (ေပါင္ ၁၀၈သန္း) ကို တစ္ခါတည္းအၿပီးလိုခ်င္ေနေပမယ့္ ယူႏိုက္တက္ဘက္က ေပးေခ်လိုျခင္းမရွိတာေၾကာင့္ အေျပာင္းအေရႊ႕ ၾကန္႔ၾကာေနခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ယူႏိုက္တက္ အေနနဲ႔ ေျပာင္းေရႊ႕ေၾကးကို ေပးေခ်ေတာ့မယ္လို႔လည္း သိရပါတယ္။

အျခားသတင္းေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ ယူႏိုက္တက္ဟာ ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႕အတြက္ ကစားသမားရဲ႕ေအးဂ်င့္ နဲ႔ လစာေငြညွိႏႈိင္းေနၿပီလို႔လည္း သိရပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕မွာ အျခား ကလပ္အသင္းႀကီးေတြအေနနဲ႔ ကစား သမားေခၚယူမႈေတြ ျပဳလုပ္ထားတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔လည္း အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္မွာ ကစားသ မားသစ္ေခၚယူဖို႔ လုပ္ေဆာင္လာတာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ဇ္က ဗန္ဒီဘိတ္ခ္တစ္ေယာက္တည္းကို ေခၚယူထားတာျဖစ္ေပ မယ့္ ဆန္ခ်ိဳအျပင္ ဂ်ဴဗင္တပ္ေတာင္ပံကစားသမား ေဒါက္ကလပ္ေကာ္စတာနဲ႔ ဘာစီလိုနာက ဒမ္ဘီလီတို႔ကိုလည္း ေခၚ ယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဟာ ဘယ္ေနာက္ခံလူေနရာအတြက္ ရီးရဲလ္က ရီဂူလြန္ ကိုလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

Unicode – ယူနိုက်တက်ကတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပြန်လည် လုပ်ဆောင်နေပြီး နှစ်ရက်အတွင်းမှာ ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ရောက်၊ မရောက်ဆိုတာကို သိရတော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေ ရရှိထားပေမယ့် ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ မဖြစ်သေးတာ ဖြစ်ပါတယ်။

ဒေါ့မွန်က ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးအတွက် ယူရိုသန်း ၁၂၀ (ပေါင် ၁၀၈သန်း) ကို တစ်ခါတည်းအပြီးလိုချင်နေပေမယ့် ယူနိုက်တက်ဘက်က ပေးချေလိုခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေခဲ့ပေမယ့် အခုချိန်မှာတော့ ယူနိုက်တက် အနေနဲ့ ပြောင်းရွှေ့ကြေးကို ပေးချေတော့မယ်လို့လည်း သိရပါတယ်။

အခြားသတင်းတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ကစားသမားရဲ့အေးဂျင့် နဲ့ လစာငွေညှိနှိုင်းနေပြီလို့လည်း သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ အခြား ကလပ်အသင်းကြီးတွေအနေနဲ့ ကစား သမားခေါ်ယူမှုတွေ ပြုလုပ်ထားတာကြောင့် ယူနိုက်တက်အနေနဲ့လည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ကစားသ မားသစ်ခေါ်ယူဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ဇ်က ဗန်ဒီဘိတ်ခ်တစ်ယောက်တည်းကို ခေါ်ယူထားတာဖြစ်ပေ မယ့် ဆန်ချိုအပြင် ဂျူဗင်တပ်တောင်ပံကစားသမား ဒေါက်ကလပ်ကော်စတာနဲ့ ဘာစီလိုနာက ဒမ်ဘီလီတို့ကိုလည်း ခေါ် ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဘယ်နောက်ခံလူနေရာအတွက် ရီးရဲလ်က ရီဂူလွန် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။