လာမယ့္ရာသီမွာ မာရွယ္ ဘယ္နွဂိုးသြင္းနုိင္မလဲ ခန္႔မွန္းလိုက္တဲ့ ယူနိုက္တက္ အသင္းေဖာ္
လာမယ့္ရာသီမွာ တိုက္စစ္မႉး အန္တိုနီ မာရွယ္တစ္ေယာက္ ယူႏိုက္တက္အတြက္ ဘယ္နွဂိုးေလာက္ သြင္းမလဲ ဆိုတာ အသင္းေဖာ္ အန္ဒရက္စ္ ပါရဲရားက ခန္႔မွန္းသြားခဲ့ပါတယ္။ ပါရဲရားက မာရွယ္ ၄၅ ဂိုး သြင္းမယ္လို႔ ေဟာကိန္း ထုတ္ခဲ့တာပါ။
ျပင္သစ္သားဟာ ယမန္ႏွစ္ရာသီက ၂၃ဂိုး သြင္းခဲ့ၿပီး ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ မာရွယ္ သြင္းယူခဲ့တဲ့ ဂိုးေတြဟာ ဒုတိယရာသီဝက္မွာ သြင္းယူမႈမ်ားၿပီး လာမယ့္ရာသီမွာ အရွိန္အဟုန္ျမင့္ျမင့္နဲ႔ ႀကိဳးစားလာဖို႔ ရွိေနပါတယ္။
အသင္းေဖာ္ ပါရဲရားကေတာ့ အင္စတာဂရန္မွာ မာရွယ္ဘယ္ႏွဂိုး သြင္းႏိုင္မလဲလို႔ ေမးထားတဲ့ပို႔စ္မွာ ၄၅ဂိုး သြင္းႏိုင္လိမ့္မယ္ လို႔ ဝင္ေျဖသြားခဲ့ပါတယ္။
ပါရဲရားရဲ႕ အေျဖကိုေတာ့ ပရိသတ္ေတြ သေဘာက်ခဲ့ၾကၿပီး Likes ေပးသူ ၁၅၀၀ နီးပါး ရွိေနခဲ့ပါတယ္။ ယူႏိုက္တက္ အသင္းမွာ ၄၅ဂိုးနဲ႔ ၄၅ဂိုအထက္ သြင္းႏိုင္ခဲ့တဲ့ ကစားသမားဆိုလို႔ ဒင္းနစ္ေလာ တစ္ဦးသာ ရွိပါတယ္။
ပါရဲရားရဲ႕ ခန႔္မွန္းခ်က္ဟာ မာရွယ္တစ္ေယာက္ လြန္ခဲ့တဲ့ ၁၂လအတြင္း ခ်ဥ္းကပ္ပုံ ေျပာင္းလဲလာတာကို အသင္းေဖာ္ေတြ သတိထားမိလာတာ ျပသျခင္းပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့အပတ္ ေနးရွင္းလိဂ္ပြဲစဥ္ေတြ အၿပီးမွာလည္း ေတာ့တင္ဟမ္ ဂိုးသမား လိုရစ္က မာရွယ္ ယုံၾကည္မႈ ပိုရွိလာတဲ့ အေၾကာင္း ေျပာသြားခဲ့ေသးျပီး ျပင္သစ္ လက္ေရြးစင္ အသင္း နည္းျပ ဒက္စ္ခ်မ့္ကလည္း မာရွယ္တစ္ေယာက္ ပြဲအေျဖေတြ ေျပာင္းလဲႏိုင္ေလာက္ေအာင္ တိုးတက္လာၿပီလို႔ ခ်ီးက်ဳးခဲ့ပါေသးတယ္။
Unicode
လာမယ့်ရာသီမှာ တိုက်စစ်မှူး အန်တိုနီ မာရှယ်တစ်ယောက် ယူနိုက်တက်အတွက် ဘယ်နှဂိုးလောက် သွင်းမလဲ ဆိုတာ အသင်းဖော် အန်ဒရက်စ် ပါရဲရားက ခန့်မှန်းသွားခဲ့ပါတယ်။ ပါရဲရားက မာရှယ် ၄၅ ဂိုး သွင်းမယ်လို့ ဟောကိန်း ထုတ်ခဲ့တာပါ။
ပြင်သစ်သားဟာ ယမန်နှစ်ရာသီက ၂၃ဂိုး သွင်းခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မာရှယ် သွင်းယူခဲ့တဲ့ ဂိုးတွေဟာ ဒုတိယရာသီဝက်မှာ သွင်းယူမှုများပြီး လာမယ့်ရာသီမှာ အရှိန်အဟုန်မြင့်မြင့်နဲ့ ကြိုးစားလာဖို့ ရှိနေပါတယ်။
အသင်းဖော် ပါရဲရားကတော့ အင်စတာဂရန်မှာ မာရှယ်ဘယ်နှဂိုး သွင်းနိုင်မလဲလို့ မေးထားတဲ့ပို့စ်မှာ ၄၅ဂိုး သွင်းနိုင်လိမ့်မယ် လို့ ဝင်ဖြေသွားခဲ့ပါတယ်။
ပါရဲရားရဲ့ အဖြေကိုတော့ ပရိသတ်တွေ သဘောကျခဲ့ကြပြီး Likes ပေးသူ ၁၅၀၀ နီးပါး ရှိနေခဲ့ပါတယ်။ ယူနိုက်တက် အသင်းမှာ ၄၅ဂိုးနဲ့ ၄၅ဂိုအထက် သွင်းနိုင်ခဲ့တဲ့ ကစားသမားဆိုလို့ ဒင်းနစ်လော တစ်ဦးသာ ရှိပါတယ်။
ပါရဲရားရဲ့ ခန့်မှန်းချက်ဟာ မာရှယ်တစ်ယောက် လွန်ခဲ့တဲ့ ၁၂လအတွင်း ချဉ်းကပ်ပုံ ပြောင်းလဲလာတာကို အသင်းဖော်တွေ သတိထားမိလာတာ ပြသခြင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် နေးရှင်းလိဂ်ပွဲစဉ်တွေ အပြီးမှာလည်း တော့တင်ဟမ် ဂိုးသမား လိုရစ်က မာရှယ် ယုံကြည်မှု ပိုရှိလာတဲ့ အကြောင်း ပြောသွားခဲ့သေးပြီး ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒက်စ်ချမ့်ကလည်း မာရှယ်တစ်ယောက် ပွဲအဖြေတွေ ပြောင်းလဲနိုင်လောက်အောင် တိုးတက်လာပြီလို့ ချီးကျုးခဲ့ပါသေးတယ်။