ဆန္ခ်ိဳနဲ႕ ပတ္သတ္ျပီး စိတ္ဒံုးဒံုးခ်လိုက္ျပီ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဘယ္လိုမွ ညွိနိႈင္းလို႔ မရတဲ့ အဆံုးမွာေတာ့ ေဒါ့မြန္လူငယ္ၾကယ္ပြင့္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကိုေခၚယူဖို႔ လက္ေလွ်ာ့လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ေဒါ့မြန္အသင္းမွာ အထူးေျခစြမ္းျပကစားေနတဲ့ လူငယ္ကစားသမားေလးဆန္ခ်ိဳကို ယူနုိက္တက္ အသင္းက ကာလၾကာရွည္ စိတ္ဝင္စားေနခဲ့ၿပီး ေခၚယူဖို႔လည္း အနီးစပ္ဆုံးအေနအထားထိ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ကစားသမားနဲ႔လည္း သေဘာတူညီမႈ ရယူထားခဲ့ၿပီးျဖစ္သလို ေဒါ့မြန္ ဖက္ကလည္း ေရာင္းခ်ဖို႔ အသင့္ရွိေနေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းရာမွာေတာ့ အဆင္မေျပမႈေတြရွိေနခဲ့တာပါ။

ေဒါ့မြန္ဖက္က ယူ႐ိုသန္း ၁၂၀ အထိ အလိုရွိေနခဲ့တာျဖစ္ၿပီး ယူနုိက္တက္ ကေတာ့ အလြန္ဆုံး ယူ႐ို သန္း ၉၀ ေလာက္ အထိပဲ ေပးေခ်ဖို႔ ဆႏၵရွိတာေၾကာင့္ အေျပာင္းအေ႐ႊ႕က ၾကန႔္ၾကာေနခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ဖက္က ေဈးေလွ်ာ့မယ့္ အရိပ္အေယာင္မရွိသလို ယူနုိက္တက္ ကလည္း ေဈးထပ္တိုးေပးဖို႔ ဆႏၵမရွိတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ဟာ ပ်က္ျပယ္သြားေတာ့မွာျဖစ္တယ္လို႔ သတင္းေတြကဆိုပါတယ္။

လက္ရွိအေျပာင္းအေ႐ႊ႕ကာလမွာေတာ့ ယူနုိက္တက္ ဟာ ေလာက္ေလာက္လားလားကစားသမားေခၚယူမႈအျဖစ္ ေအဂ်က္ဇ္ရဲ႕ နယ္သာလန္လက္ေ႐ြးစင္ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ဦးထဲကိုသာ ေခၚယူထားခဲ့တာျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ မန္ယူနုိက္တက္ အသင္းဟာ ရီးယဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူရ က္ဂြီလြန္ကိုလည္း ခ်ိတ္ဆက္ ကမ္းလွမ္း ထားေၾကာင္း သိရပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံးမှာတော့ ဒေါ့မွန်လူငယ်ကြယ်ပွင့် တောင်ပံ ကစားသမား ဆန်ချိုကိုခေါ်ယူဖို့ လက်လျှော့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းမှာ အထူးခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမားလေးဆန်ချိုကို ယူနိုက်တက် အသင်းက ကာလကြာရှည် စိတ်ဝင်စားနေခဲ့ပြီး ခေါ်ယူဖို့လည်း အနီးစပ်ဆုံးအနေအထားထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကစားသမားနဲ့လည်း သဘောတူညီမှု ရယူထားခဲ့ပြီးဖြစ်သလို ဒေါ့မွန် ဖက်ကလည်း ရောင်းချဖို့ အသင့်ရှိနေပေမယ့် ပြောင်းရွှေ့ကြေးညှိနှိုင်းရာမှာတော့ အဆင်မပြေမှုတွေရှိနေခဲ့တာပါ။

ဒေါ့မွန်ဖက်က ယူရိုသန်း ၁၂၀ အထိ အလိုရှိနေခဲ့တာဖြစ်ပြီး ယူနိုက်တက် ကတော့ အလွန်ဆုံး ယူရို သန်း ၉၀ လောက် အထိပဲ ပေးချေဖို့ ဆန္ဒရှိတာကြောင့် အပြောင်းအရွှေ့က ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ဖက်က ဈေးလျှော့မယ့် အရိပ်အယောင်မရှိသလို ယူနိုက်တက် ကလည်း ဈေးထပ်တိုးပေးဖို့ ဆန္ဒမရှိတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားတော့မှာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။

လက်ရှိအပြောင်းအရွှေ့ကာလမှာတော့ ယူနိုက်တက် ဟာ လောက်လောက်လားလားကစားသမားခေါ်ယူမှုအဖြစ် အေဂျက်ဇ်ရဲ့ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ဦးထဲကိုသာ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ မန်ယူနိုက်တက် အသင်းဟာ ရီးယဲလ်မက်ဒရစ် ဘယ်နောက်ခံလူရ က်ဂွီလွန်ကိုလည်း ချိတ်ဆက် ကမ်းလှမ်းထားကြောင်း သိရပါတယ်။