ေျခစမ္းပြဲ ရွံုးေပမယ့္ ဗန္ဒီဘိခ္နဲ႔ ဒင္းဟန္ဒါဆန္တုိ႔ စြမ္းေဆာင္ရည္ကို ေက်နပ္အားရေနတဲ့ ဆိုးရွား

ညက ကစားခဲ့တဲ့ အက္စတြန္ဗီလာအသင္းနဲ႔ ေျခစမ္းပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၁-၀နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ အသစ္ ေခၚယူထားတဲ့ ကြင္းလယ္ကစားမား ဒိုနီ ဗန္ဒီဘိခ္နဲ႔ အငွားကေန ျပန္ေခၚထားတဲ့ ဂိုးသမား ဒီယန္ဟန္ဒါဆင္တို႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို နည္းျပ ဆိုးရွားက ေက်နပ္အားရေနကာ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

ထို ေျခစမ္းပြဲမွာေတာ့ အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ေပါ့ဂ္ဘာ၊ မာရွယ္၊ ဒီဂီယာနဲ႔ ဖာနန္ဒက္စ္တို႔ မပါဝင္ခဲ့ၾကပဲ ဂိုးသမား ဟန္ဒါဆင္ နဲ႔ ဗန္ဒီဘိခ္တို႔က ပြဲခ်ိန္ျပည့္ပါဝင္လာၾကတာပါ။

“ဒိုနီ (ဗန္ဒီဘိခ္) ကေတာ့ ကြၽန္ေတာ္တို႔အတြက္ တကယ့္ကို အက်ိဳးရွိတဲ့ ေခၚယူမႈပါပဲ၊သူက အခ်ိန္ကိုက္ လႈပ္ရွားမႈေကာင္းသလို ဖန္တီးေပးႏိုင္မႈနဲ႔ ေနရာယူႏိုင္မႈေတြလည္း အေကာင္းဆုံး လုပ္ႏိုင္ပါတယ္။သူကစားတာနဲ႔ ပတ္သက္ၿပီး စိတ္ေက်နပ္မႈ အျပည့္ရပါတယ္။

ဂိုးသမား ဒင္းကလည္း အသင္းရဲ႕ အေရးပါတဲ့ သူတစ္ဦးကဲ့သို႔ စြမ္းေဆာင္ျပႏိုင္ခဲ့တာ ေတြ႕ ရပါတယ္၊အထူးသျဖင့္ ဒုတိယပိုင္းမွာေပါ့ ၿပိဳင္ဖက္ရဲ႕ ထိုးေဖာက္လာမႈက အင္မတန္မွ စိတ္လႈပ္ရွားစရာဆိုေပမယ့္ သူ အေကာင္းဆုံး လုပ္ေဆာင္ျပႏိုင္ခဲ့ပါတယ္။” လို႔ ဆိုးလ္ရွားက သုံးသပ္ ခ်ီးက်ဴး ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ မႏွစ္က ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္အထိ တက္လွမ္းခဲ့လို႔ ရာသီအစမွာ အျခားအသင္း ေတြထက္ အနည္းငယ္ ေနာက္က်ၿပီးမွ လိဂ္အဖြင့္ပြဲ ကစားခြင့္ရထားပါတယ္။

ဒါေၾကာင့္ လာမယ့္ စေနေန႔မွသာ ပဲေလ့စ္အသင္းနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲကို စ ကစားရမွာ ျဖစ္ၿပီး ပဲေလ့စ္အသင္းကေတာ့ ေဆာက္သမ္တန္ကို ၁-၀နဲ႔ အဖြင့္ပြဲမွာ အႏိုင္ရထားပါတယ္။

Unicode

ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၁-ဝနဲ့ အရေးနိမ့်ခဲ့ပေမယ့် အသစ် ခေါ်ယူထားတဲ့ ကွင်းလယ်ကစားမား ဒိုနီ ဗန်ဒီဘိခ်နဲ့ အငှားကနေ ပြန်ခေါ်ထားတဲ့ ဂိုးသမား ဒီယန်ဟန်ဒါဆင်တို့ရဲ့ စွမ်းဆောင်ရည်တွေကို နည်းပြ ဆိုးရှားက ကျေနပ်အားရနေကာ ချီးကျူးစကားဆိုခဲ့ပါတယ်။

ထို ခြေစမ်းပွဲမှာတော့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ မာရှယ်၊ ဒီဂီယာနဲ့ ဖာနန်ဒက်စ်တို့ မပါဝင်ခဲ့ကြပဲ ဂိုးသမား ဟန်ဒါဆင် နဲ့ ဗန်ဒီဘိခ်တို့က ပွဲချိန်ပြည့်ပါဝင်လာကြတာပါ။

“ဒိုနီ (ဗန်ဒီဘိခ်) ကတော့ ကျွန်တော်တို့အတွက် တကယ့်ကို အကျိုးရှိတဲ့ ခေါ်ယူမှုပါပဲ၊သူက အချိန်ကိုက် လှုပ်ရှားမှုကောင်းသလို ဖန်တီးပေးနိုင်မှုနဲ့ နေရာယူနိုင်မှုတွေလည်း အကောင်းဆုံး လုပ်နိုင်ပါတယ်။သူကစားတာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု အပြည့်ရပါတယ်။

ဂိုးသမား ဒင်းကလည်း အသင်းရဲ့ အရေးပါတဲ့ သူတစ်ဦးကဲ့သို့ စွမ်းဆောင်ပြနိုင်ခဲ့တာ တွေ့ ရပါတယ်၊အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့ ပြိုင်ဖက်ရဲ့ ထိုးဖောက်လာမှုက အင်မတန်မှ စိတ်လှုပ်ရှားစရာဆိုပေမယ့် သူ အကောင်းဆုံး လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။” လို့ ဆိုးလ်ရှားက သုံးသပ် ချီးကျူး ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ မနှစ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့လို့ ရာသီအစမှာ အခြားအသင်း တွေထက် အနည်းငယ် နောက်ကျပြီးမှ လိဂ်အဖွင့်ပွဲ ကစားခွင့်ရထားပါတယ်။

ဒါကြောင့် လာမယ့် စနေနေ့မှသာ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို စ ကစားရမှာ ဖြစ်ပြီး ပဲလေ့စ်အသင်းကတော့ ဆောက်သမ်တန်ကို ၁-ဝနဲ့ အဖွင့်ပွဲမှာ အနိုင်ရထားပါတယ်။