မန္စီးတီး ပစ္မွတ္ကစားသမားကို ယူနိုက္တက္ လက္ဦးမႈယူ ေခၚဖို႔ တိုက္တြန္းလိုက္တဲ့ ရိုက္
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာ ဆုလားစိန္ေခၚမႈျပဳလုပ္ဖို႔ အခြင့္အေရးရခ်င္တယ္ဆိုရင္ ၎တို႔ရဲ႕ ခံစစ္ကို တိုးတက္ေအာင္ ျပဳလုပ္ဖို႔ လိုအပ္ေနတယ္လို႔ အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး အီယန္႐ိုက္က ယုံၾကည္ေနၿပီး ဆိုးလ္ရွားအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးရဲ႕ ပစ္မွတ္ကို အၿပိဳင္အဆိုင္ေခၚယူသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေအဂ်က္ကြင္းလယ္ကစားသမား ဒြန္နီဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူထားၿပီး ယခုေႏြရာသီမွာ ကစားသမားေခၚယူမႈ ၁ ခုသာ ျပဳလုပ္ရေသးတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆိုးလ္ရွားက အေထာင္တိုက္စစ္မႉး၊ ဘယ္ေနာက္ခံလူနဲ႔ ညာေတာင္ပံကစားသမားေတြကို ေခၚယူခ်င္ေနၿပီး ယခုေႏြရာသီမွာ ေနာက္ထပ္ ကစားသမား ၃ ဦးအထိ ေခၚယူခ်င္ေနေသးတာျဖစ္ပါတယ္။
အီယန္႐ိုက္က ယူႏိုက္တက္ဟာ မလိုတဲ့ေနရာေတြအတြက္ ကစားသမားရွာေဖြေနတာျဖစ္ၿပီး အဲဒီအစား ကူလီဘလီကို ပစ္မွတ္ထားသင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ အားလုံး ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူခဲ့တဲ့ ေခၚယူမႈတစ္ခုက မန္ခ်က္စတာယူႏိုက္တက္အတြက္ အားလုံးေျပာင္းလဲေပးႏိုင္ခဲ့တယ္ ဆိုတာ ကို ျမင္ေတြ႕ခဲ့ရပါတယ္”
“ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ ခံစစ္ပိုင္းရႈေထာင့္ကေနၾကည့္မယ္ဆိုရင္ သူတို႔ေတြ အရမ္းအားနည္းေနပါေသးတယ္။ ကြၽန္ေတာ္တို႔ စီးတီးက ကူလီဘလီကို ရေတာ့မယ္လို႔ ၾကားခဲ့ၿပီး ယူႏိုက္တက္က အဲဒီအေျပာင္းအေ႐ႊ႕ျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးပမ္းရမွာပါ။ သူတို႔ အဲဒီကစားသမားကို ရဖို႔ ႀကိဳးပမ္းရမွာပါ”
“အာ႐ြန္ဝမ္ဘစ္စ္ကာက ထူးျခားတဲ့ေနာက္ခံကစားသမားပါ။ ဒါေပမယ့္ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယား၊ ဘယ္ေနာက္ခံေနရာေတြက လူေခၚဖို႔ လိုေနတဲ့ေနရာေတြပါ။ ခင္ဗ်ား လီဗာပူးနဲ႔ မန္စီးတီးတို႔လိုအသင္းေတြကို စိန္ေခၚခ်င္တယ္ဆိုရင္ အမ်ားႀကီး ပိုေတာင့္တင္းရပါမယ္။ ကြၽန္ေတာ့္ အတြက္ အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္က သူတို႔ကို စိန္ေခၚဖို႔ေလာက္အထိ မေတာင့္တင္းေသးပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ကလည္း ၃ ပတ္ပဲ လိုေတာ့တဲ့အတြက္ ယူႏိုက္တက္မွာ ၎တို႔ရဲ႕လူစာရင္းကို အင္အားျဖည့္တင္းဖို႔အတြက္ လုပ္စရာအလုပ္ေတြ အမ်ားႀကီးရွိေနတာျဖစ္ပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ ဆုလားစိန်ခေါ်မှုပြုလုပ်ဖို့ အခွင့်အရေးရချင်တယ်ဆိုရင် ၎င်းတို့ရဲ့ ခံစစ်ကို တိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန်ရိုက်က ယုံကြည်နေပြီး ဆိုးလ်ရှားအနေနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ ပစ်မှတ်ကို အပြိုင်အဆိုင်ခေါ်ယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားပြီး ယခုနွေရာသီမှာ ကစားသမားခေါ်ယူမှု ၁ ခုသာ ပြုလုပ်ရသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားက အထောင်တိုက်စစ်မှူး၊ ဘယ်နောက်ခံလူနဲ့ ညာတောင်ပံကစားသမားတွေကို ခေါ်ယူချင်နေပြီး ယခုနွေရာသီမှာ နောက်ထပ် ကစားသမား ၃ ဦးအထိ ခေါ်ယူချင်နေသေးတာဖြစ်ပါတယ်။
အီယန်ရိုက်က ယူနိုက်တက်ဟာ မလိုတဲ့နေရာတွေအတွက် ကစားသမားရှာဖွေနေတာဖြစ်ပြီး အဲဒီအစား ကူလီဘလီကို ပစ်မှတ်ထားသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ အားလုံး ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူခဲ့တဲ့ ခေါ်ယူမှုတစ်ခုက မန်ချက်စတာယူနိုက်တက်အတွက် အားလုံးပြောင်းလဲပေးနိုင်ခဲ့တယ် ဆိုတာ ကို မြင်တွေ့ခဲ့ရပါတယ်”
“ဒါပေမယ့် ကျွန်တော့်အတွက် ခံစစ်ပိုင်းရှုထောင့်ကနေကြည့်မယ်ဆိုရင် သူတို့တွေ အရမ်းအားနည်းနေပါသေးတယ်။ ကျွန်တော်တို့ စီးတီးက ကူလီဘလီကို ရတော့မယ်လို့ ကြားခဲ့ပြီး ယူနိုက်တက်က အဲဒီအပြောင်းအရွှေ့ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းရမှာပါ။ သူတို့ အဲဒီကစားသမားကို ရဖို့ ကြိုးပမ်းရမှာပါ”
“အာရွန်ဝမ်ဘစ်စ်ကာက ထူးခြားတဲ့နောက်ခံကစားသမားပါ။ ဒါပေမယ့် လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယား၊ ဘယ်နောက်ခံနေရာတွေက လူခေါ်ဖို့ လိုနေတဲ့နေရာတွေပါ။ ခင်ဗျား လီဗာပူးနဲ့ မန်စီးတီးတို့လိုအသင်းတွေကို စိန်ခေါ်ချင်တယ်ဆိုရင် အများကြီး ပိုတောင့်တင်းရပါမယ်။ ကျွန်တော့် အတွက် အခုအချိန်မှာတော့ ယူနိုက်တက်က သူတို့ကို စိန်ခေါ်ဖို့လောက်အထိ မတောင့်တင်းသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ကလည်း ၃ ပတ်ပဲ လိုတော့တဲ့အတွက် ယူနိုက်တက်မှာ ၎င်းတို့ရဲ့လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် လုပ်စရာအလုပ်တွေ အများကြီးရှိနေတာဖြစ်ပါတယ်။