မန္ခ်က္စတာ ယူနိုက္တက္မွာ ေျပာင္းကစားခ်င္ေၾကာင္း သူငယ္ခ်င္းေတြကို ရင္ဖြင့္ခဲ့တဲ့ အမ္ဘာေပ

ပီအက္စ္ဂ်ီအသင္း ၾကယ္ပြင့္ လူငယ္ တိုက္စစ္မႉး အမ္ဘာေပ ကေတာ့ သူ႔ရဲ႕ လက္ေ႐ြးစင္ အသင္းေဖာ္ေတြ ရွိတဲ့ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဆီ ေျပာင္းေ႐ႊ႕ ကစားလိုေနေၾကာင္း သူနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြေတြကို ရင္ဖြင့္ ေျပာၾကားခဲ့ေၾကာင္း ခိုင္လုံတဲ့ သတင္းရင္းျမစ္ေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အသက္ ၂၁ ႏွစ္ အ႐ြယ္သာ ရွိေသးေပမယ့္ အမ္ဘာေပဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔ ထိပ္တန္း တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရသလို မက္ဆီ ၊ ႐ိုနယ္ဒို ေခတ္လြန္မွာ ကမာၻ႔ ေဘာလုံးေလာကရဲ႕ နံပါတ္တစ္ ျဖစ္လာမယ့္သူလို႔ ထင္ေၾကးေပးခံထားရသူပါ။

အသက္အ႐ြယ္အရ ငယ္႐ြယ္ေသးသလို ေျခစြမ္းပိုင္းမွာလည္း ထိပ္တန္းအဆင့္ ရွိတဲ့ အမ္ဘာေပကို ပီအက္စ္ဂ်ီအသင္းက လက္လႊတ္ဖို႔ ဆႏၵမရွိေပမယ့္ ျပင္သစ္အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္ အရေတာ့ အမ္ဘာေပဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာခြင့္ ေတာင္းခံထားတယ္ လို႔ သိရပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ျပင္သစ္ႏိုင္ငံမွာ ေအာင္ျမင္မႈေပါင္း မ်ားစြာ ရယူထားႏိုင္ခဲ့ေပမယ့္ စိန္ေခၚမႈ အသစ္ေတြကို ရင္ဆိုင္လိုတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကေန ရာသီအကုန္မွာ ထြက္ခြာလိုေနတာ ျဖစ္ၿပီး လက္ရွိမွာေတာ့ အမ္ဘာေပကို ေခၚယူဖို႔ အတြက္ လာလီဂါထိပ္သီး အသင္းေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘာစီလိုနာအသင္းတို႔က ေရပန္းစားေနပါတယ္။

ဒါေပမယ့္ ျပင္သစ္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပ ေျပာင္းေ႐ႊ႕ခ်င္တဲ့ အသင္းေတြထဲမွာ ဘာစီလိုနာအသင္း မပါဝင္ပဲ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာပါက ပရီးမီးယားလိဂ္ဆီ ေျပာင္းေ႐ႊ႕ ကစားဖို႔ စိတ္အားထက္သန္ေနေၾကာင္း သိရပါတယ္။ နာမည္ႀကီး သတင္းေထာက္ တစ္ဦး ျဖစ္တဲ့ McGarry ရဲ႕ ေဖာ္ျပခ်က္ အရေတာ့ အမ္ဘာေပဟာ ပရီးမီးယားလိဂ္ကလပ္ မန္ယူအသင္းမွာ ကစားခ်င္ေၾကာင္း ရင္းႏွီးတဲ့ မိတ္ေဆြေတြထံ အသိေပးထားတယ္ လို႔ သိရၿပီး အမ္ဘာေပဟာ လီဗာပူးနည္းျပ ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ ကစားဖို႔ ဆႏၵရွိေနတယ္လို႔ McGarry က ဆိုထားပါတယ္။

လီဗာပူးအသင္းဟာ လက္ရွိမွာ မာေနး ၊ ဆာလက္ ၊ ဖာမီႏို စတဲ့ နာမည္ေက်ာ္ သုံးဦးတြဲ တိုက္စစ္ကို ပိုင္ဆိုင္ထားတာေၾကာင့္ သူတို႔သုံးဦးထဲက တစ္ဦးဦးသာ မထြက္သြားပါက အမ္ဘာေပကို ေခၚယူဖို႔ မရွိသလို မန္ယူအသင္းကလည္း အမ္ဘာေပရဲ႕ တန္ေၾကးကို ေပးေခ်ပါ့မလား ဆိုတာက သံသယဝင္စရာ ျဖစ္ပါတယ္။ အမ္ဘာေပဟာ မန္ယူနိုက္တက္ အသင္းနဲ႔ လီဗာပူးအသင္းတို႔ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးရွိေနေပမယ့္ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းကသာ သူ႔ကို ေခၚယူဖို႔ ေရပန္းအစားဆုံး ျဖစ္ေနပါတယ္။

Unicode

ပီအက်စ်ဂျီအသင်း ကြယ်ပွင့် လူငယ် တိုက်စစ်မှူး အမ်ဘာပေ ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်တွေ ရှိတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ ကစားလိုနေကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ရင်ဖွင့် ပြောကြားခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပေမယ့် အမ်ဘာပေဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို မက်ဆီ ၊ ရိုနယ်ဒို ခေတ်လွန်မှာ ကမ္ဘာ့ ဘောလုံးလောကရဲ့ နံပါတ်တစ် ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံထားရသူပါ။

အသက်အရွယ်အရ ငယ်ရွယ်သေးသလို ခြေစွမ်းပိုင်းမှာလည်း ထိပ်တန်းအဆင့် ရှိတဲ့ အမ်ဘာပေကို ပီအက်စ်ဂျီအသင်းက လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတယ် လို့ သိရပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ်နိုင်ငံမှာ အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်ခဲ့ပေမယ့် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုတာကြောင့် ပီအက်စ်ဂျီအသင်းကနေ ရာသီအကုန်မှာ ထွက်ခွာလိုနေတာ ဖြစ်ပြီး လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် လာလီဂါထိပ်သီး အသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ရေပန်းစားနေပါတယ်။

ဒါပေမယ့် ပြင်သစ် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမ်ဘာပေ ပြောင်းရွှေ့ချင်တဲ့ အသင်းတွေထဲမှာ ဘာစီလိုနာအသင်း မပါဝင်ပဲ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပါက ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ McGarry ရဲ့ ဖော်ပြချက် အရတော့ အမ်ဘာပေဟာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှာ ကစားချင်ကြောင်း ရင်းနှီးတဲ့ မိတ်ဆွေတွေထံ အသိပေးထားတယ် လို့ သိရပြီး အမ်ဘာပေဟာ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒရှိနေတယ်လို့ McGarry က ဆိုထားပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိမှာ မာနေး ၊ ဆာလက် ၊ ဖာမီနို စတဲ့ နာမည်ကျော် သုံးဦးတွဲ တိုက်စစ်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့သုံးဦးထဲက တစ်ဦးဦးသာ မထွက်သွားပါက အမ်ဘာပေကို ခေါ်ယူဖို့ မရှိသလို မန်ယူအသင်းကလည်း အမ်ဘာပေရဲ့ တန်ကြေးကို ပေးချေပါ့မလား ဆိုတာက သံသယဝင်စရာ ဖြစ်ပါတယ်။ အမ်ဘာပေဟာ မန်ယူနိုက်တက် အသင်းနဲ့ လီဗာပူးအသင်းတို့ကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပေမယ့် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းကသာ သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။